“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။ အဲဒါကတော့ဗမာတစ်ပြည်နယ်ဖြစ်ရ မယ်ဆိုတာတွေ၊ ပြည်ထောင်စု စုစည်းမှုနဲ့သွားရမယ်ဆိုတာတွေ ကတူနေတယ်။ မဟာမိတ်ဖွဲ့တယ်ဆိုတာကလည်း မူဝါဒတူမှပူးပေါင်းလို့ရမှာကိုး။ ဒါကြောင့် UNA မှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ်ဝင်ရောက်ဖို့လျောက်တာပေါ့ ”ဟု ၎င်းဆိုသည်။
ညီညွတ်သော်တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသားပါတီ ၈ ခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာလည်း UNA ၏ မိတ်ဖက် ပါတီဖြစ်သည်။ “မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီအဖွဲ့တွေစုထား တာပေါ့ (၃) အုပ်စုရှိတယ်။ အဲဒီမှာ (NBF)အဖွဲ့ရဲ့မူဝါဒက ဗမာပြည်နယ်၁၅ခုလည်းကိစ္စမရှိဘူးဆိုတဲ့မူကိုလက်ခံတယ်။ (FDA) ကျတော့လည်းမူဝါဒ တိတိကျကျ မရှိဘူး။ ရောထွေးနေတယ်ပြီးတော့ (UNA)ကျတော့ရည်မှန်းချက်တူ၊ မူဝါဒတူ၊ ရည်ရွယ်ချက် တူတဲ့အတွက်ကြောင့်အတူတကွအလုပ်တွေလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်”ဟုရှင်းလင်းပြောဆိုသည်
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၏ ဖွဲ့စည်းပုံ မူဝါဒစည်းမျဉ်းစည်းကမ်းများကို ဒီဇင်ဘာ ၂၉ ရက်၊ ၃၀ရက်များတွင်ကျင်းပပြူလုပ်ခဲ့သော UNA ခေါင်းဆောင်များ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး UNAသို့ ဝင်ရောက်မည့်
တိုင်းရင်းသားပါတီ ခြောက်ပါတီကိုလည်းယင်းမူဝါဒများလက်ခံမခံသိရှိနိုင်ရန်ပေးပို့သွားမည်ဖြစ်ပြီး စည်းမျဉ်းလိုက်နာနိုင်ပါက အဖွဲ့ဝင်အဖြစ်လက်ခံသွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းUNAမဟာမိတ် အဖွဲ့ဝင် မွန်အမျိုးသားပါတီ မှအတွင်းရေးမှူး(၂) ဒေါက်တာ မင်းကြည်ဝင်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။
အသစ်ပါဝင်ရန် ကမ်းလှမ်းထားသည့်ပါတီများ၌ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တရားဝင်စာဖြင့်လျောက်ထားပြီးးဖြစ်ကာ ချင်းတိုးတက်ရေးပါတီကမူနုတ်အားဖြင့်သာကမ်းလှမ်း ထားသည်ဟုသိရသည်။ လက်ရှိတွင်ချင်းပြည်နယ်မှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုုပ်ပါတီသည်UNAအဖွဲ့ ဝင်ဖြစ်ပြီး၂၀၁၅ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင် ၆နေရာအနိုင်ရရှိထားသည်။
ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအများဆုံးရွေးချယ်ခံရပြီး ဒုတိယအဖြစ်ပြည်နယ် အခြေစိုက်တိုင်းရင်းသားပါတီ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီကရပ်တည်လျှက်ရှိပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအများဆုံးရွေးချယ်ခံရသည့် ပါတီတစ်ခုလည်းဖြစ်သည်။
UNA ကို ၂၀၀၂ ခုနှစ်၊ မေလ ၁၈ ရက်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကချင် အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် တို့ပါဝင်သည်။