“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန် ခံမှုဆိုတာတွေကိုလိုုခြင်တာပါ။ အရင်ကထားခဲ့တဲ့ နိုင်ငံခြားရေးပေါ်လစီကိုလည်းပြောင်း လဲကျင့် သုံးသင့်ပြီ၊ မဆလခေတ်တုန်းကတော့ ကြားနေ အဖြစ်ကျင့်သုံးခဲ့တယ်။ အခုတော့ဒါတွေကိုအလေး ထားပြီးပြောင်းလဲကျင့်သုံးဖို့လိုလာပြီ”ဟု ချင်းတိုးတက်ရေးပါတီမှ ဦးရှိန်းထွန်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။
ဆက်လက်ပြီးသဘောထားကြေငြာချက်ထုတ်ပြန်ရခြင်းနှင့်ပတ်သတ်ပြီး ၎င်းကပြောရာတွင် “ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံးနဲ့ပတ် သတ်ပြီးတော့၊ သူတို့ကလည်းအမှု တည်ဆောက်တဲ့အပေါ် မှာပဲအခြေခံပြီး တော့ဆုံးဖြတ်ချက်ပေးရတာကိုး၊ ဆုံးဖြတ်ချက်ပေးတဲ့အခါမှာ ကျွန်တော်တို့မြင် တဲ့အထဲမှာ National Issue တော်တော်လေးပါလာတာတွေ့ရတယ်။ ထိုင်းနိုင်ငံဆိုတာကလည်း ကမ္ဘာ့လည့်ခရီးသွားလုပ်ငန်းနဲ့ဝင်ငွေအဓိကရှာနေရတာကိုး၊ ဒီတော့ သူတို့အနေနဲ့ကမ္ဘာ့အလယ်မှာ မျက်နှာမည်းကြီးမဖြစ်ရအောင် ဒီလူသတ်မှုကြီးက သူတို့ထိုင်းမဟုတ်ပါဘူးဆိုပြီး မြန်မာကိုထိုးထည့် လိုက်တာပေါ့့”ဟုဆိုသည်။
လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သောကိုဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ကိုအတင်းအဓမ္မဖြောင့်ချက်ရယူခြင်း၊ DNAစစ်ဆေးမှုဆိုင်ရာကိုက်ညီမှုမရှိခြင်း၊ မျက်မြင်သက်သေမရှိပဲသေဒဏ် ချမှတ်ခြင်းအပေါ်ချင်းတိုးတက်ရေးပါတီ အနေဖြင့်သက် ဆိုင်ရာတရားရုံးအားအမှုကိုပြန်လည်စဉ်းစား သုံးသပ်ရန်လေးနက်စွာတိုက်တွန်းထားကြောင်းဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်၌ ဒီဇင်ဘာ ၂၄ ရက် တွင် ထိုင်းနိုင်ငံ၊ ကော့စမွီ တရားရုံး၌ သေဒဏ်ချမှတ်ခံခဲ့ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ (၂)ဦးအတွက် ထိုင်း နိုင်ငံ၏ တရားစီရင်ရေး ကိုပြန်လည်သုံးသပ်ရန်၊ အမှုမှန်ပေါ်ပေါက်ရန်စသည့်အချက်များပါဝင်သည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ ထိုင်းသံရုံးရှေ့တွင်လည်းဆန္ဒပြမှုများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ထိုင်း ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ်တို့ထံသို့ “တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုးမဖြစ်စေရန်အရေးကြီးပါကြောင်း” သဝဏ်လွှာပေးပို့ထားကြောင်းအစိုးရသတင်းစာများတွင် ဖော်ပြထားသည်။