မေး။ ။ ဆရာအနေနဲ့ ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌတာဝန်ကို စတင်ထမ်းဆောင်ဖြစ်ခဲ့ပုံကို ပြောပြ ပေးပါ။
ဖြေ။ ။ လွှတ်တော်တာဝန် မထမ်းဆောင်ခင်မှာ ကျွန်တော်က ချင်းပြည်နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ကနေဝင် ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရရှိခဲ့ပါတယ်။အဲဒီတော့ ၂၀၁၁ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ လွှတ်တော်ဖွဲ့စည်းခဲ့တဲ့ အချိန်မှာတော့ လွှတ်တော်ဒုဥက္ကဌ နေရာရရှိခဲ့ပြီး ကျွန်တော်အနေနဲ့ ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ တာဝန်ကို စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
မေး။ ။ လွှတ်တော် ဒုဥက္ကဌ တာဝန်မထမ်းဆောင်ခင်မှာ ဘယ်ဌာနတွေမှာ တာဝန် ထမ်းဆောင် ခဲ့ပါသလဲ။
ဖြေ။ ။ ကျွန်တော်အရင်ကတော့ မြို့နယ်စာရင်းရုံးမှာ စတင်တာဝန်ထမ်းဆောင်ပါတယ်။ ၁၉၇၈ခုနှစ်က စတင်ပြီး အဆင့်ဆင့်ပေါ့ ။ မတူပီမှာ ဝန်ထမ်းဘဝကို စတင်ပြီး မြို့နယ်စာရင်းရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။
၁၉၉၃ခုနှစ်မှာတော့မင်းတပ်ခရိုင်စာရင်းရုံးမှာ ပြောင်းရွေ့တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ၁၉၉၇ခုနှစ်မှာတော့ ကျွန်တော် မတူပီမြို့နယ်ကို ပြန်လည် ပြောင်းရွေ့တာဝန်ယူခဲ့ ပါတယ်။၂၀၀၃ ခုနှစ်မှာတော့ စာရင်းစစ်မှုး တာဝန်ကိုထမ်းဆောင်ပါတယ်။
မေး။ ။ ဆရာအနေနဲ့ လွှတ်တော် ဒုဥက္ကဌကို ဘယ်အချိန်ကနေစပြီ ထမ်းဆောင်တာလဲ။
ဖြေ။ ။ဟုတ်ကဲ့…….ကျွန်တော်အနေနဲ့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌနေရာကိုတော့ ၂၀၁၁ ဇန်ဇဝါရီလ ၃၁ရက်နေ့စတင် ကျွန်တော်ထမ်းဆောင်ပါတယ်။ မတူပီမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) အနေနဲ့ ကျွန်တော်၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ပါတယ်။ ပြည်နယ်လွှတ်တော် အမှတ် (၁)အနေနဲ့ ကျွန်တော်မဲအနိုင်ရရှိလို့ ကျွန်တော် ၂၀၁၁ ဇန်ဇဝါရီလ ၃၁ ရက်နေ့မှာ လွှတ်တော် ဖွဲ့စည်းတဲ့အခါမှာ လွှတ်တော် ဒုဥက္ကဌနေရာကိုရရှိပါတယ်။
မေး။ ။ လွှတ်တော် ဒုဥက္ကဌတာဝန်ကိုထမ်းဆောင်ခဲ့တာသက်တမ်း (၅)နှစ်ရှိခဲ့ပြီ။ ဒုဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်ယူပြီးတော့၊ ဘယ်လိုဥပဒေတွေကို ပြဌာန်းပြီးပြီလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော် ၂၀၁၁ ဇန်ဇဝါရီလ ၃၁ ရက်နေ့ကနေ စပြီးတော့ ကျွန်တော် လွှတ်တော်စတင် ဖွဲ့စည်းပုံနှင့် လွှတ်တော်ဒုဥက္ကဌတာဝန်ကို ထမ်းဆောင်တဲ့ (၅) နှစ်မပြည့်သေးပါဘူး၊ (၄)နှစ် နဲ့ ၃/၄ လလောက်ပဲ လိုတော့တယ်။ လွှတ်တော်မှာတော့ ကျွန်တော်ပုံမှန် အစည်းအဝေး လုပ်ရတယ်၊ အထူးအစည်းအဝေး လုပ်ရတယ်၊ အရေးပေါ်အစည်း အဝေးလုပ်ရတယ်။
အဲလိုပဲ ကျွန်တော်တို့ ပြည်သူအတွက် အကျိုးပြု၊ ချင်းပြည်နယ်အတွက် အကျိုးပြု လွှတ်တော် အတွင်းမှာလဲ ဥပဒေပြုခဲ့ပါတယ်။ (၅) နှစ်ကာလအတွင်းမှာ ကျွန်တော်တို့ ဒီနှစ်ဒီချိန်ထိ ပုံမှန် အစည်းအဝေးကို (၁၁) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အထူးအစည်းအဝေးကိုတော့ (၃) ကြိမ်၊ အရေးပေါ်အစည်းအဝေး(၄)ကြိမ်၊ အစည်းအဝေးစုစုပေါင်း (၁၈) ကြိမ် ကျွန်တော်တို့က ကျင်းပ နိုင်ခဲ့ပါတယ်။ အဲမှာကျွန်တော် လွှတ်တော်အနေနဲ့ (၅) နှစ်ကာလအတွင်းမှာ အတည်ပြုပြဌာန်ခဲ့တဲ့ ကျွန်တော် ချင်းပြည်နယ် ဥပဒေကိုတော့ (၂၀) ခုကိုတော့ အတည်ပြု ပြဌာန်ပေးနိုင်ခဲ့ပြီးပြီ။ နောက် အစိုးရအဖွဲ့အနေနဲ့နည်းဥပဒေအပေါ်မှာနည်းဥပဒေကို (၁၆) ခု ကျွန်တော်တို့ပြဌာန်းခဲ့ပြီး အစိုးရနဲ့ လုပ်ဆောင် ခဲ့ပါတယ်။
ပြည်သူလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အားလပ်တဲ့ချိန်မှာ ကျွန်တော်တို့ မဲဆန္ဒနယ် အသီးသီးမှာ ကွင်းဆင်းကြပါတယ်။ ကွင်းဆင်းပြီးတော့ ပြည်သူတွေရဲ့လိုလားချက်၊လိုအပ်ချက်တွေ ဒါတွေကို လေ့လာရပါတယ်။ ပြန်လည်မေးမြန်းရပါတယ်။ ဒါပြည်သူတွေရဲ့ လိုအပ်ချက်ကို လွှတ်တော်အတွင်းမှာပဲ မေးခွန်းတွေ၊ နောက်ပြီးတော့ လွှတ်တော် အတွင်းမှာ ကျွန်တော်တို့ (၅) နှစ်အတွင်းမှာပဲ လူထုအကျိုးကို ဆောင်ရွက်ခဲ့ရပါတယ်။
မေး။ ။ ရေကြီး ရေလျှံမှုက ရွေးကောက်ပွဲအတွက် ဘာအနှောက်အယှက်ဖြစ်မလဲ။
ဖြေ။ ။ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာခဲ့တဲ့ကိစ္စနဲ့ရွေးကောက်ပွဲမှာ များများတော့ မဟုတ်ပါဘူး၊ နည်းနည်းလောက်တော့ ရွေးကောက်ပွဲအတွက် အဟန့်အတား လေးတော့ရှိမယ်။ ပြည်သူလူထု အားလုံးအတွက် ၂၀၁၅ ရွေးကောက်ပွဲဆိုတော့ အစက ပြည်သူလူထုက စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သဘာဝ ဘေးအန္တရာယ် ဖြစ်လာတဲ့အခါမှာ မိသားစု စားဝတ်နေရေးကိစ္စတွေရော၊ သူတို့နေထိုင်ခဲ့ရတဲ့ ကိစ္စရော လုံးပန်းတဲ့အခါမှာ မဲထည့်ဖို့ကိစ္စကို အာရုံစိုက်မှုပိုင်းမှာ နည်းနည်းပါးပါးတော့ အားနည်း ကြတယ်။
မေး။ ဒီကိစ္စက မဲဆွယ်စည်းရုံးတဲ့အခါမှာ နှောင်းနှေးမှုတွေ ဖြစ်လာနိုင်လား။
ဖြေ။ သဘာဝဘေးအန္တရာယ်ကိစ္စနဲ့ မဲဆွယ်စည်းရုံးရေးအနေနဲ့တော့ နှောင်းနှေးမှုနည်းနည်းတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နယ်တွေ ဆင်းတဲ့အခါ ကားနဲ့ သွားနိုင်တဲ့ ကျေးရွာတွေ ရှိတယ်၊ ဆိုင်ကယ်နဲ့သွားနိုင်တဲ့ကျေးရွာအုပ်စုတွေရှိတယ်။ သဘာဝဘေးအန္တရာယ် တွေကြောင့် ကားလမ်းတွေပျက်တယ်။
တံတားတွေ ပျက်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ သွားလာရေးမှာထင်သလောက် ခရီးကို မရောက်နိုင်ဘူး။ အဲဒီမှာ ကျွန်တော်တို့ တစ်ခါတစ်လေ ဆိုင်ကယ်နဲ့သွားရတယ်။ ခြေကျင်းနဲ့ လဲသွားရတယ်။ ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အချိန်ကာလမှာ အချိန်မမှီလိုက်တဲ့အပိုင်းတွေရှိတယ်။ ကျွန်တော်တို့ချင်းပြည်နယ်ကတောင်သူများတယ်။ တောင်ယာ လုပ်တဲ့ အချိန်ဆိုရင် စပါးရိတ်ပါတယ်။ အချိန်မှီ မရောက်ရှိတဲ့အခါမှာ သူတို့တောင်ယာမှာ အိပ်တဲ့အပိုင်း တွေရှိတယ်။ ကျွန်တော်တို့လူထုနဲ့ များများ ထိတွေ့မှပဲ အဆင်ပြေတယ်။ ဒါပေမဲ့ တစ်ဝက်လောက်ပဲ တွေ့ရတဲ့ အခြေအနေမျိုး တွေလဲရှိတယ်။ နည်းနည်းပါးပါးလေးတော့ အဟန့်အတားလေးတော့ရှိတယ်။
မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆရာအနေနဲ့ ဘယ်လိုမျိုးစိန်ခေါ်မှုတွေ တွေ့ရမယ်လို့ထင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ ၂၀၁၀ တုန်းကတော့ ယှဉ်ပြိုင်မယ့် ပါတီလဲ နည်းနည်းလဲနည်းတယ်။ အခု ၂၀၁၅ ဆိုရင် အထူးသဖြင့် ကျွန်တော်တို့ ချင်းပြည်နယ်မှာ ချင်းပြည်နယ်ပါတီက (၁၃)ခု ရှိတယ်လို့ သိရပါတယ်။ (၁၃) ခုနဲ့ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီ ပေါင်းပြီးတော့ ပြိုင်တဲ့အခါမှာ တော့နည်းနည်းပါးပါးတော့အရင်ထက်တော့အားထည့်ရတာပေါ့။
အရင်ကတော့ ပါတီလဲနည်းတဲ့အခါမှာ ကျွန်တော်တို့က နယ်ဆင်းတဲ့ ကိစ္စတွေဆိုရင် ပါတီကြီး တစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ တစ်ခုပေါ်မှာပဲ အာရုံထည့်လိုက်တယ်။ အခုက အမျိုးသား ဒီမိုကရေစီပါတီလဲ ပါလာတယ်။
ချင်းတိုင်းရင်းသားပါတီလဲ များလာတဲ့အခါကျတော့ ဒီတစ်ချက်လေးနဲ့ပဲ ကျွန်တော်တို့ ပြောဆိုရတယ်၊ ယှဉ်ပြိုင်ရတာပေါ့။
မေး။ ။ တစ်ခြားပါတီတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ တစ်ခြားပါတီတွေထက် ကိုယ်က ဘယ်လို့မျိုး ပြောဆိုစည်းရုံးမှုတွေ ရှိလဲ။
ဖြေ။ ဟုတ်ကဲ့ ……ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့တော့ ၂၀၁၁ တုန်းကလဲ ကျွန်တော် အနိုင်ရခဲ့လို့ အစိုးရနဲ့လဲအခုဒီ(၅)နှစ်သက်တမ်းကာလမှာလဲ ပါတီစုံဒီမိုကရေစီ ကိုဦးဆောင်ပြီးတော့ ကျွန်တော်သွားခဲ့ရတယ်၊ လုပ်ခဲ့ရတယ်။ ပြည်သူအတွက် အကျိုးပြုခဲ့တဲ့ အရာတွေက အတိုင်းအတာ တစ်ခုထိတော့ အောင်မြင်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာလဲ အသိအမှတ်ပြုတဲ့ အပိုင်းနဲ့ အများကြီး ရှိခဲ့ပါတယ်။
အဲဒါတွေကို ကျွန်တော်တို့ အခု၂၀၁၅ရွေးကောက်ပွဲ အတွက် ပြည်သူလူထုနားလည်အောင် ကျွန်တော်တို့ ပြောပေးရပါတယ်။ နယ်စွန်း၊ နယ်ဖျားမှာရှိတဲ့ ကားတွေ မရောက်သေးတဲ့ ဆိုင်ကယ်တွေ မရောက်သေးတဲ့ နေရာတွေကို မဖောက်သေးတဲ့ နေရာတွေကို ကားလမ်းတွေ ဖောက်ပေးတယ်၊ ဆိုင်ကယ်လမ်းဖောက်ပေးတယ်။ နောက်ပြီးတော့ ချင်းပြည်နယ်မှာ ဆိုရင် မော်တော်ကားလမ်းက တော်တော် လမ်းမကြီးတွေ များပါတယ်။
ပြည်ထောင်စု လမ်းမကြီးကော အစိုးရတာဝန်ယူတဲ့အပိုင်းမှာကော အများကြီးရှိပါတယ်။ အဲဒါကိုလဲ ကျွန်တော် ပြည်သူလူထုတွေ မမျှော်မှန်းနိုင်တော့အောင် လမ်းမကြီးတွေကို ပေ ၃၀ လမ်းဖောက် ပေးတယ်။ ကုမ္မဏီက ဖောက်တဲ့အပိုင်းမှာ ပြည်သူလူထုက တော်တော် စိတ်ဝင်စားမှု များလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အစိုးရအပေါ်မှာ ပြည်သူလူထုကအယုံအကြည်ရှိလာခဲ့တယ်။
မေး။ ။ လမ်းဖောက်တဲ့ အခါကျတော့ အစိုးရက ကုမ္ပဏီတွေကို လွဲပြောင်းပေးပြီးတော့ အဲဒီအပေါ်မှာကော လွှတ်တော် ဥက္ကဌအနေနဲ့ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဲဒီအပိုင်းကျတော့ ကုမ္ပဏီတွေက စာချုပ်နဲ့ လုပ်ရတဲ့အပိုင်းဆိုတော့ကြီးကြပ်တယ် မကြီးကြပ်ဘူး ဆိုတာတော့မရှိပါဘူး။ ကုမ္ပဏီတွေအနေနဲ့ ဒီလမ်းက ဘယ်လောက်အတိုင်းအတာနဲ့ လုပ်ရမယ် ဆိုတာရှိတယ် အစိုးရ လက်မခံမချင်း သူတို့ ပြန်လုပ်ရမှာပဲ၊ ဒါအစိုးရအားတဲ့အခါမှာတော့ မြို့နယ်အလိုက် ဖောက်တဲ့ ပေ ၃၀ လမ်းတို့၊ ကပ်တာရာခင်းတဲ့လမ်းတို့က ဝန်ကြီးဌာနအသီးသီးက ပြန်ကြည့်ရပါတယ်။ ချင်းပြည်နယ် လမ်းတွေကတော့ မြေနုဖြစ်တဲ့အတွက် တောင်တွေများတဲ့အခါမှာ ကောင်းမယ်ထင်တယ်နေရာလောက်ပဲ မထင်မှတ်ပဲ မြေပြိုသွားတယ်။ နောက်မိုးရွားတဲ့အခါမှာ ရာသီဥတုလဲ ဖောက်ပြန်မှုများတာပေါ့မြေပြိုတာတွေ ဖြစ်လာတယ်။ တိုက်စားမှုကရှိလာတဲ့အခါမှာ မမျှောင့်လင့်ပဲ ဖြစ်လာတာပေါ့အစိုးရဘက်ကလဲတာဝန်ရှိတဲ့ပြည်နယ်အဆင့်အဖွဲ့အစည်းတွေက လက်လှမ်းမမီတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို ကုမ္ပဏီက ဆက်တိုက်ဆက်တိုက်လုပ်ရမဲ့ သူတို့ကိစ္စတွေပဲ ဒီလမ်းဒီရေ သူတို့တာဝန်ယူတဲ့ မိုင်အတိုင်းအတာတွေစာချုပ်နဲ့ လုပ်တဲ့ကိစ္စတွေမှာ ဘာမှပူစရာမရှိပါဘူး။ ပြည်သူတွေက နစ်နာတယ်ဆိုတာ မရှိပါဘူး။ အကောင်းဆုံးကို လုပ်ဆောင်ပေးနေတယ်၊ အခုလဲ လုပ်နေတာပဲ။
မေး။ ။ ပြည်သူလူထုကို ဘာတွေ မှာကြားလိုပါသလဲ၊ အခု ရွေးကောက်ပွဲမှာ ကိုယ်ကို မဲထည့်နိုင်အောင် ဘယ်လို့ ပြောကြားချင်ပါသလဲ။
ဖြေ။ ။ ကျွန်တော် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်သူလူထုကို အေးအေးဆေးဆေး နဲ့ပဲ အားလုံးကို မဲပေးပိုင်ခွင့်ရှိတဲ့မဲစာရင်းမှာပါတဲ့ ပုဂ္ဂိုလ်တိုင်း မဲပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ပြည်သူအစိုးရကဖြစ်ပါတယ်။
ဒါကို သူတို့ကတိုးတက်မှု ဘယ်အစိုးရဖြစ်ဖြစ် လုပ်ပေးမယ် ပြည်သူအတွက်တော့ လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူများအနေနဲ့ ကျွန်တော်တို့ ဥပဒေဘောင်အတွင်း အေးအေး ဆေးဆေးနဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် ဒီရွေးကောက်ပွဲဖြစ်ပြီးဘယ်အစိုးရပဲတက်တက်၊ ပြည်ခိုင်ဖြိုးပဲ တက်တက် ကျွန်တော်တို့ ဒီမိုကရေစီ လမ်းစဉ်တွေကို လမ်းကြောင်း မပျောက်အောင် ဒါတွေကို ပြည်သူလူထုက နားလည်ပေး၊ သဘောပေါက်ပြီးတော့ ဒီဘောင်အတွင်းပဲ မဲပေးကြဖို့ မဲစည်းရုံးတဲ့အခါမှာလဲ ဘယ်ပါတီကပဲ စည်းရုံး၊ စည်းရုံး ဒါတွေကို လက်ခံသင့် မခံသင့်၊ ပြည်သူတွေရဲ့အဆုံးအဖြတ်ပါ၊ ဒါကျွန်တော်တို့ပြည်သူတွေရရှိတဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ ဒီမိုကရေစီပါ။ ဒီမိုကရေဒီကို ဆက်လက်ပြီး ရှေ့မှာ တိုးတက်မှုရအောင် စက်မှုနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့မှာ လျှော့အောင် တိုးတက်ဖွ့ံဖြိုးပြီးမှ ပညာရေးကော၊ လှုမှုရေးကော၊ မြင့်လာမယ် စင်ကာပူနိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံတို့လို့ တိုးတက်လာမယ်။ နိုင်ငံက အနှစ် ၃၀၊ အနှစ် ၄၀ နဲ့ စက်မှုနိုင်ငံလျှော့မယ်ဆိုရင် ၂၅ နှစ်နဲ့ ၃၀ နှစ်ကြား သူများနိုင်ငံတွေလို ကြိုးပမ်းပြီးတော့ ဖော်ဆောင်နိုင်အောင် ပြည်သူများလဲကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်ဒီနေရာက မေတ္တာရပ်ခံလိုပါတယ်။