ကုုိယ်စားလှယ်လောင်းများအတွက် သတင်းအချက်အလက်များ နှီးနှောဖလှယ်

ကုုိယ်စားလှယ်လောင်းများအတွက် သတင်းအချက်အလက်များ နှီးနှောဖလှယ်
မုုိးကျော် ၊ကလေးမြို့ — ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP) ကမကထပြုမှုဖြင့် ချင်းပြည်နယ်မှ အမျိုးသား၊ ပြည်သူ့ နှင့် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များဆိုင်ရာ နှီးနှောဖလှယ် ခြင်း အစီအစဉ်ကို Carson Hall တွင် ယနေ့ ပြုလုပ်ကြသည်။

နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်အတွင်း ဟားခါး၊ တီးတိန်၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ်မှ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ ကိုယ်ရေး အတွင်းရေးမှူးများ ၁၅ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

DSC 0004ယနေ့ဆွေးနွေးပွဲသို့ ချင်းပြည်နယ်အတွင်း လာမည့် နို၀င်ဘာ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ (၁၀) ပါတီ အနက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၊ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ ( CNDP)၊ ချင်းဒီမိုက ရေစီအဖွဲ့ချုပ် ( CLD) ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ( ENDP ) မှ လွှတ်တော် ကိုယ် စားလှယ်လောင်းများနှင့် တာဝန်ရှိများ တက်ရောက်ကြသည်။

“ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခန့်မှန်းထားသလောက်မလာနိုင်ကြဘူးပေါ့၊ ပါ၀င်မှု အားနည်းတယ်လို့ ဆိုရမှာပေါ့၊ နောက် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးလိုလိုဟာ မဲဆွယ်စည်းရုံးရေး အတွက် နယ်ဆင်း ကုန်ကြတာလည်းပါတယ် " ဟု CLD ပါတီမှ ဟားခါးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ်လောင်း Daw Sui Sung က ပြောသည်။

တရက်တာ နှီးနှောဖလှယ်ဖလှယ်ပွဲတွင် ရွေးကောက်ပွဲပြက္ခဒိန်အကြောင်းအရာများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စီမံခန့်ခွဲမှုများ၊ ကိုယ်စားလှယ်လောင်းများ၏ လုပ်ငန်းတာဝန်များ၊ မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများနှင့် မဲစာရင်းအကြောင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ၊ ရွေးကောက်ပွဲ အငြင်းပွားမှု ဖြေရှင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မေးမြန်း ဆွေးနွေးခြင်း များကို ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် (၃၉) နေရာစလုံးတွင် မဲဆန္ဒရှင် ပြည်သူ ၂၇၃၆၇၃ ဦးက မဲပေးကြမှာဖြစ်ပြီး လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၂၀၂ ဦး၊ တသီးပုဂ္ဂလ (၈) ဦး ပါ၀င်ယှဉ်ပြိုင်ကြမှာဖြစ်သည်ဟု သိရသည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...