မြောက်ဦးမြို့နယ် သံသရာကျေးရွာတွင် ရွာလုံးကျွတ် သေဆုံးခြင်းသတင်းနှင့် မြောက်ဦးနောက်ဆုံး အခြေအနေ

မြောက်ဦးမြို့နယ် သံသရာကျေးရွာတွင် ရွာလုံးကျွတ် သေဆုံးခြင်းသတင်းနှင့် မြောက်ဦးနောက်ဆုံး အခြေအနေ
by -
နိရဥ္စရာ
 (အလိုတော်ပြည့်ကျောင်းဆရာတော် ဦးတေဇောဘာသနှင့် အင်တာဗျူး) မေး-အရှင်ဘုရား။ ဒီနေ့ မြောက်ဦးမှာရေ ကြီးနေတဲ့ နောက်ဆုံးအခြေအနေကဘယ် လိုရှိပါလဲ။ဖြေ-နောက်ဆုံးအခြေအနေက အခုထိ ရေက မကျသေးဘူး။ အိမ်တွေက အမိုးတွေ အကုန်မြုပ်နေတယ်။

မေး-အဲဒါ ဘယ်လောက်အတိုင်းအတာထိ မြုပ်နေပါလဲ။
ဖြေ-ဘယ်အတိုင်းအတာထိလဲဆိုတော့ ဒီမှာက မြုပ်နေတာက တော်တော်လေးကို အိမ်တွေက အခုထိ မပေါ်သေးဘူး။ ရေတိုက်စားမှုတွေ တော်တော်များတယ်။ အိမ်တွေ အပျက်အစီးများတယ်။

မေး-လောလောဆယ် ရေက ကျသွားတဲ့ အနေအထားလား။ ပြန်တက်မယ့်အနေ အထားလား။
ဖြေ-ရေကတော့အခုထိ ပြန်တက်လာတဲ့ အနေအထားတော့မရှိဘူး။ နဂို တက်နေတဲ့ရေက အခုထိ မကျသေးဘူး။ နယ်မှာ ရွာတွေ အကုန်မြုပ်ကုန်ပြီ။ ကျွဲ၊ နွားတွေ လည်း အသေအပျောက်များတယ်။ နောက်ပြီး ရွာကလူတွေက အကုန်လုံး ဘုန်းကြီးကျောင်းပေါ်ကိုပဲ တက်ပြေးရတယ်။

မေး-ဟုတ်ကဲ့။ မြောက်ဦးမြို့မှာ အခု ဒုက္ခသည် ဘယ်လောက်ရှိပါလဲ။
ဖြေ-မြောက်ဦးမှာ ဒုက္ခသည်ကတော့ အကုန်လုံး တစ်မြို့လုံး ဒုက္ခသည်လိုဖြစ်နေတာ။ ဘုန်းကြီး ကျောင်းတိုင်း ကျောင်းတိုင်းမှာ အကုန်လုံးဒုက္ခသည်တွေချည်းပဲ။ ကုန်းပေါ်ကို တက်ပြေးရတယ်။ ဘုရားကုန်းပေါ်အထိ တက်ပြေးရတယ်။ တစ် မြို့လုံးရေကလွှမ်းခြံုနေတော့တော်တော်လေး ရေစီးကလည်း သန်တယ်။

မေး-ဒီတော့ သူတို့ရဲ့ စားရေးသောက် ရေးတွေကိုကော ဘယ်လိုတွေ ဖြေရှင်းကြပါလဲဘုရား။
ဖြေ-စားဝတ်နေရေးကတော့ အခု ကိုယ့်အတိုင်းအတာလေးနဲ့ စားနေကြတယ်။ ရှိတဲ့လူတွေကလည်း တချို့က မျှတပြီးတော့ စားကြတာပေါ့။ တချို့ကလည်းမရှိတော့ ဒီအတိုင်းပဲ ချွေတာပြီးတော့စား နေကြတာပေါ့။ အခု နေ့ချင်းညချင်းမှာပဲ ရေက အတက်များလာတော့ ဘယ်လိုမှ ပြင်ဆင်ဖို့မရ ဖြစ်နေတယ်။

မေး-အစိုးရပိုင်းကရော ကယ်ဆယ်ရေး လုပ်တာ၊ ကူညီတာရှိပါလား။
ဖြေ-အစိုးရပိုင်းက ကူညီတာကတော့ သူတို့ကလည်း မြို့ပေါ်အတိုင်းအတာနဲ့ဆိုတော့ ရုံးတွေလည်း အကုန်လုံးမြုပ်တာပေါ့။ သူတို့ကလည်း အကူအညီ မပေးနိုင်ကြသေးဘူး။ ပေးဖို့ အစီအစဉ်ကတော့ ရှိတယ်။ ဒီနေ့ တွေ့မယ်လို့တော့ ပြောသံကြားတယ်။

မေး-ဟုတ်ကဲ့။ အသေအပျောက်၊ အပျက်အစီးတွေကော ရှိပါလား။
ဖြေ-မြို့ပေါ်အတိုင်းအတာနဲ့တော့ အသေအပျောက်မရှိသေးဘူး တကာကြီး။ ဒါပေမဲ့ နယ်တွေ ဘယ်ကကျတော့ လူတွေ အသေအပျောက်များတယ်လို့ ပြောသံကြားတယ်။ အသေအပျောက် ရှိကြတယ်။

မေး-ဟုတ်ကဲ့ ဘယ်ဒေသ၊ ဘယ်ရွာတွေ မှာဖြစ်တာပါလဲ အရှင်ဘုရား။
ဖြေ-ရွာကတော့ ဒီပုဇွန်ဖေ ဆိုတဲ့ရွာမှာ လူ လေးယောက်သေသွားတယ်။ လှေမြုပ်လို့သေသွားတယ်။ နောက်တစ်ရွာက တော့ နာမည်မသိဘူး။ အဲဒီရွာကတော့  တော်တော်လေးကို တစ်ရွာလုံး ရေနစ် သွားတယ်လို့ ကြားတယ်။ ရေနစ်နေတဲ့ အခါ လှေနဲ့လာကယ်တော့ လှေပေါ်မှာ လူတွေများသွားတော့ လှေနစ်လို့သေ သွားကြတယ်။ သံသရာ ဆိုတဲ့ရွာလို့ ပြောသံကြားတယ်။

မေး-ခန့်မှန်းခြေအားဖြင့် ဘယ်လောက် သေဆုံးတယ်လို့ ကြားရပါလဲဘုရား။
ဖြေ-ရွာကတော့ သိပ်မကြီးပါဘူး။ အိမ်ခြေ သုံးဆယ်ကျော် လေးဆယ်လောက် ရှိတယ်။ အဲဒီရွာမှာ လူကတော့ တစ်ရွာလုံးပါပဲ။ လူလေးယောက်လောက်ပဲ အသက်ရှင်တယ်လို့ ကြားတယ်။

မေး-သံသရာရွာက မြောက်ဦးရဲ့ဘယ် ဖက်မှာရှိပါလဲ။
ဖြေ-မြောက်ဦးရဲ့ အရှေ့တောင်ထောင့် လောက်ကျမယ် ထင်တယ် တကာကြီး။

မေး-ဟုတ်ကဲ့။ လက်ရှိ အရှင်ဘုရားတို့ အနေနဲ့ အစိုးရအာဏာပိုင်တွေကိုဘာ တွေပြောချင်ပါလဲ။
ဖြေ-သူတို့အနေနဲ့ကတော့ သူတို့လည်း ဒီမှာ သူ့ဟာနဲ့သူ ရုန်းနေကြရတော့ ရှေးကို ဆက်လက်ပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတာတော့ အခု ဘာမှပြောလို့မရ သေးဘူး။ အခုက ရေနစ်နေတုန်းပဲရှိ သေးတယ်ဆိုတော့။ ပြောချင်တာက တော့ သူတို့ အဲဒီရွာတွေကို ဝိုင်းဝန်းပြီးတော့ အကူအညီ ပေးစေချင်တာပေါ့။

မေး-ဟုတ်ကဲ့ ဆိုလိုတာက တစ်မြို့နယ်လုံး ရေမြုပ်နေတာပါလား။
ဖြေ-တစ်မြို့နယ်လုံး မြုပ်နေတာ။  တစ်မြို့နယ်လုံး ပင်လယ်ကြီးလိုဖြစ်နေတာ။ အခြေအနေက တော်တော်ဆိုးသွားပြီး။ ဘယ်လိုမှ မပြောပြတတ်တော့ဘူး။ မြောက်ဦးမြို့ တစ်ခုလုံးလည်း ရေနစ်မြုပ်နေပြီး ရေစီးပြင်းတဲ့အတွက် ခေါင်းမိုးတစ်ခုပဲ ကျန်တယ်။ နံရံတွေ အကုန်လုံးရေထဲ ပါကုန်တယ်။

မေး-အလိုတော်ပြည့် ကျောင်းမှာက ဒုက္ခသည်ဘယ်လောက်လောက်ရှိပါလဲ။
ဖြေ-လောလောဆယ်တော့ ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ရှိပါတယ်။

(မှတ်ချက်- သံသရာကျေးရွာ သေဆုံးမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များ၏ သီးခြားအတည်ပြုချက် မရသေးပါ။)

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...