မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ

မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ

ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်အကျော် မော်ဟန်ရဲစခန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်တွေကို ဝင်ထွက်ခွင့်မပေးတဲ့အတွက် ဆိုင်ကယ်ရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းလောက်ကစလို့ မန္တလေး–မြစ်ကြီးနား အတက်အဆင်း ယာဥ်တွေနဲ့ စက်သုံးဆီသယ်ဆိုင်ကယ်တွေအားလုံးကို သွားခွင့်မပေးပဲပိတ်လိုက်ထားတာလို့ သိရပါတယ်။

သို့သော် ဒီကနေ့မှာတော့ ကချင်ပြည်နယ်ကိုတက်မယ့် ကုန်တင်ကားတွေကိုတော့ ဖြတ်သန်းခွင့်ပေးနေပြီး စက်သုံးဆီသယ်ဆိုင်ကယ်တွေကို ဆက်ပိတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“မော်လူးမြို့မှာ မန္တလေးကိုသွားတဲ့ အဆင်းကားနဲ့ ဆီသယ်ကယ်ရီဆိုင်ကယ်တွေ ပိတ်မိနေတယ်။ မော်ဟန်ရဲစခန်းက ဆီသယ်ကယ်ရီတွေကိုပိတ်ထားတာ အစီးတစ်ရာလောက်ရှိတယ်။ အခုတော့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ယာဥ်တွေကို ပိတ်ထားဆဲပါ။ အတက်ကုန်ကားတွေကိုတော့ လွတ်ပေးနေတယ် အဆင်းကားတွေ တော့အခုထိပိတ်မိနေဆဲပဲ။ ဆီကားတွေကို မော်ဟန်ကစပိတ်တဲ့သဘောပဲ”လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဒုတိယအပတ် အင်းတော်မြို့နယ် တိုက်ပွဲမတိုင်ခင်ကတည်းက ကချင်ပြည်နယ်ထဲဝင်မယ့် စက်ဆုံးဆီသယ်ဆီဘောက်ဆာကားတွေကို စစ်ကောင်စီတပ်ဟာ အဝင်မခံဘဲ နန့်စီးအောင်ဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်ထားတာ ၄ နီးပါးရှိလာပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကချင်ပြည်နယ်ကို စက်သုံးဆီသယ်ဖို့အတွက် ဒေသခံတွေဟာ ဆိုင်ကယ်၊ ပါဂျဲရိုးကုန်တင်ကားတွေကို အသုံးပြုပြီး စက်သုံးဆီတွေသယ်ယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အင်းတော်ကို လေယာဥ်လာတယ်လို့သတင်းရတယ်။ မနေ့ကပါ။ အခုအချိန်ထိ အဆင်းကားတွေ မဖွင့်သေးဘူး အတက်ကားတွေတော့ စဖွင့်ပေးနေပြီ။ စစ်ကိုင်းနဲ့ကချင်အစပ် နန့်စီးအောင်ဂိတ်မှာက ဆီဘောက်ဆာကားတွေ ပိတ်ထားတာကကြာပြီ ဆိုင်ကယ်ကယ်ရီနဲ့ ပါဂျဲရိုးဆီပုံးသယ်ကားတွေနဲ့ သယ်ယူနေကြတာပါ အင်းတော်တိုက်ပွဲမတိုင်ခင်တည်းက ဆီတွေကို အဲ့လိုသယ်နေတာပေါ့”လို့ နောက်ထပ်ပိတ်မိနေသူတစ်ဦးက အဲ့ဒီဒေသတစ်ဝှိုက်ရဲ့ လက်ရှိအခြေနေကို ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကန်ပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့် အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှ ဖော်ပြကြပါတယ်။

စစ်ကောင်စီတပ်က စက်သုံးဆီခွဲတမ်းနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သတင်းဌာနတွေမျာဖော်ပြနေပေမဲ့ စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ချက်ကိုတော့ KNG က အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်က ခုလိုစက်သုံးဆီယာဉ်တွေကို သွားလာခွင့်ပိတ်ထားတာကြောင့် လက်ရှိတော့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ စက်သုံးဆီဈေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်နေပြီး စက်သုံးဆီ လုံးဝပြတ်လပ်သွားတာမျိုးမဟုတ်ပေမဲ့ ဒေသခံတွေဟာ အကန့်အသတ်တွေနဲ့သာ စက်သုံးဆီတွေဝယ်ယူ အသုံးပြုနေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီနေ့မှာတော့ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀၀၀၀ (တစ်သောင်း) ဝန်းကျင်အထိ စျေးတက်နေဆဲဖြစ်ပါတယ်။

ပုံစာ   မိုးညှင်းမြို့နယ် နန့်စီးအောင်ကျော် မော်ဟန်ကျေးရွာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ လမ်းပိတ်ထားတာကြောင့် ပိတ်မိနေသော ကား၊ ဆိုင်ကယ်များ

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...