အမျိုးသမီးနှင့် လူငယ် အယောက် ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

အမျိုးသမီးနှင့် လူငယ် အယောက် ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ် အယောက် ၂၀ ကျော်၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေရသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပလမြို့ တိုက်ပွဲ အပြီး ဖမ်းဆီးခံရသည့် အရပ်သားများအနက် ပြန်မ လွှတ်လာသေးသော အရပ်သား လူငယ်နှင့် အမျိုးသမီးများအတွက် စိုးရိမ်နေရသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က “ပုံမှန်အားဖြင့် စိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မပြောကောင်း မဆိုကောင်းပေါ့နော အလောင်း ဖျောက်ပစ် လိုက်တာတို့၊ သတင်း အစအန လုံးဝမရတော့တာတို့နော်။ ပြီး ပျောက်ဆုံးနေမှုက တစ်ချို့ဆိုလို့ရှင် သုံး၊ လေး၊ ငါးလလောက် ဆက်တိုက် ပျောက်သွားတယ်။ ပြန်ပြီးတော့ အစအန ပြန်ဖော်လို့ မရတော့ဘူး။ နောက်ဖြစ်တတ်တာက အစအန ဖျောက်ပြီးတော့ ဘယ်နေရာကို ပို့လိုက်တာ ဥပမာ ရှေ့တန်းကို ပို့လိုက်ပြီးတော့ လူသားဒိုင်းအဖြစ် အသုံးခံရတဲ့ အခြေအနေတွေဖြစ်မှာ စိုးရိမ်တယ်” ဟု ပြောသည်။

ပုလောမြို့နယ်၊ ပလမြို့ ၌ စက်တင်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား  နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲအပြီး စစ်ကောင်စီတပ်သည် ပလမြို့ လမ်းရှိ တွေ့သမျှ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံအယောက် ၆၀ ကျော်ကို ဖမ်းဆီးသွားခဲ့သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ဆိုသည်။

ဖမ်းဆီးခံရသူများထဲမှ ဒေသခံအယောက် ၄၀ ကျော်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီက ပြန်လွှတ် ပေးခဲ့သော်လည်း မသင်မနေရ စစ်မှုထမ်းဥပဒေ၌ အကျုံးဝင်နေသည့် သတ်မှတ်ချက်များနှင့် ပြည့်မီသော အသက်အရွယ်ရှိသည့် လူငယ်နှင့် အမျိုးသမီး အယောက် ၂၀ ကျော်အား ဆက်လက်ဖမ်းဆီးထားသည် ဟု  (HURFOM) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန် က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “ဖမ်းသွားတဲ့ အချိန်တုန်းက  ၂၀ ကျော်တယ်။ ၂၀ လောက်ထိက ပြန်မလွှတ်သေးဘူး။ ဆိုတော့ အဲ့လို ပြန်မလွှတ်တဲ့ အကြောင်းအရင်းတွေက လူသားဒိုင်းအနေနဲ့ သုံးသွားတာလို ပြောကြသလို တစ်ချို့ကလည်း စစ်တပ်မှာ အချုပ်ခံထားရတယ် လို့ပြောတယ်။ တစ်ချို့လည်း သတင်းအစအနပျောက်နေတဲ့ အပေါ်မှာ စိုးရိမ် နေကြတယ်” ဟု ပြောသည်။

အလားတူ ဩဂုတ်လ (၃၀) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဘူးသီး ကျေးရွာ အနီးတွင် စစ်ကောင်စီမှ ဒေသခံရွာသား ၄ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများထဲမှ အသက် (၅၂) နှစ်အရွယ် ဦးကျော်သန်းသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် ပစ်သတ်ခံခဲ့ ရပြီး အသက် (၅၃) နှစ် အရွယ် ဦးဖိုးအေးသည် စက်တင်ဘာ ၁ ရက်နေ့ နှင့် စက်တင်ဘာလ ၂ရက်နေ့တို့တွင် အသက် (၅၀)နှစ် အရွယ် ဦးဘရွှေ တို့ ပစ်သတ်ခံခဲ့ရသည်ဟု (HURFOM) က ဖော်ပြထားသည်။

September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...
September 12, 2024
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူက စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးများ ဖြစ်နေကြပြီး ဆေးဝါး...
September 11, 2024
ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်အား ကန့်သတ်ထိန်းချုပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်...