ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်

ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်

စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး ထပ်မံပစ်ခတ်ခံရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားတယ်လို့ ကသာမြို့ နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာတော့ ထီးချိုင့်မြို့နယ်ကနေ ကသာမြို့နယ်ကို စစ်သင်္ဘော ၃ စီးဆန်တက်လာတာဖြစ်ပြီး ၂ စီးကို ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“အခုမနက်ဆန်လာခဲ့တာ ၃ စီး ကသာကိုရောက်နေပြီ အဲ့တာဒီနေ့မနက်ပိုင်းကျတော့ ပစ်ခတ်တာ သင်္ဘောကိုကောင်းကောင်းမှန်သွားတယ်။ ၂ စီးမှန်တာ အခုတော့ သဖန်းကိုင်းရေဆိပ်မှာရပ်နေပြီ။ ဒီမနက် ၉ နာရီလောက်မှာပစ်တာမှာတော်တော်လေး ထိချက်ကောင်းသွားတယ်။ တစ်စီးက မီးတောင်လောင်နေသေးတာ”လို့ပြောပါတယ်။

အဲ့ဒီဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက တစ်စီးမီးလောင်သွားတာကြောင့် ရေလယ်ခေါင်မှာ ခဏရပ်ပြီး မီးငြိမ်းကာ ပြန်ဆန်တက်လာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နယ်ထဲကို စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းကရောက်လာတဲ့ စစ်သင်္ဘော ၅ စီးထဲက ၂ စီးကိုလည်း ထီးချိုင့်မြို့နယ်ထဲကတော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျက်ဆီးသွားခဲ့ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“ အဲ့ဘက်ကတော့အခြေနေတိတိကျကျမှန်မှန်ကန်ကန်မရဘူး။ ကျနော်တို့ကြားရတာကတော့ ထီးချိုင့် ဘက် မြတောင်ဘက်နေတက်လာတဲ့ သင်္ဘော ၅စီးထဲက ၂စီးကို အဲ့ဒီပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ပြီးမှ ဖျက်ဆီးတယ်လို့ကြားရပါတယ်။ နောက်ပြီး ကျန်နေတဲ့သင်္ဘောတွေကတော့ ကချင်ပြည်နယ်ဘက်ကို ဆက်ပြီးတော့ ဆန်တက်လာနေတယ်လို့ကြားရပါတယ်။ “လို့ပြောပါတယ်။

မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထီးချိုင့်မြို့နယ်ထဲမှာ သင်္ဘော ၂ စီးကျန်ရစ်နေခဲ့ပြီး ကျန်တဲ့စစ်သင်္ဘော ၃ စီးကတော့ ကသာမြို့နယ်ဘက်ကိုရောက်ရှိနေပြီဖြစ်ကြောင်းအတည်ပြုပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ တော်လှန် ရေးအင်အားစုတွေအားကောင်းလာတာနဲ့အတူ ဧရာဝတီမြစ်ကြောင်းကိုအဓိကအသုံးပြုပြီး စစ်ကိုင်းနဲ့ ကချင် အစပ်မြို့တွေဆီ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေ အားဖြည့်လေ့ရှိတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လက ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာကို KIA၊ PDF ပူးပေါင်းတပ်တွေ အရှိန်အဟုန်မြင့် စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဧရာဝတီမြစ်ရေတက်ချိန်ဆို ပုံမှန်ရေကြောင်းအသုံးပြု စစ်အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ် ဟာ ရေကြောင်းကိုအသုံးမပြုနိုင်တော့ပေမယ့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒီနှစ်အတွင်း ဒီတစ်ကြိမ်က ရေကြောင်းပထမဆုံးအသုံးပြု စစ်အင်အားဖြည့်တင်းခြင်းဖြစ်တယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။

“ဒါကတော့ စစ်ကောင်စီရဲ့ ပုံမှန်ထောက်ပို့လုပ်ငန်းလုပ်တာလည်းဖြစ်မယ်။ ထီးချိုင့်မြို့ မကျရေးအတွက်လည်း စစ်ကူတက်လာတာလည်းဖြစ်နိုင်ပါတယ်။ သူတို့က ပုံမှန်ဆိုသင်္ဘောတက်ရင် ကချင် ပြည်နယ်ဗန်းမော်လောက်အထိတက်တယ်။ တက်ပြီးပုံမှန်ထောက်ပို့လုပ်ငန်းတွေ လုပ်မလား။ လောလောဆယ် ထီးချိုင့်ကလည်းစခန်းကုန်းတစ်ခုပဲကျန်တော့ ထီးချိုင့်မြို့ကျသွားရင် ရေကြောင်းလမ်းက တော်လှန်ရေးအင်အားစုကထိန်းနိုင်တဲ့အနေအထားဖြစ်သွားမှာဆိုတော့ ဒီအတွက်ပဲကြိုးစားတယ်ထင်ပါတယ်။”လို့ပြောပါတယ်။

တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးနေပြီး မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာမှာ အရပ်သား ၆ ယောက်သေဆုံးခဲ့ရကြောင်း Tigyaing Revolution TR က သတင်းထုတ်ပြန်ထား ပါတယ်။

ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေးပေမဲ့ ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေကသုံးသပ်ကြ ပါတယ်။

“ သူတို့ ကသာကနေပြန်လှည့်မယ်လို့ထင်တယ်။ ဗန်းမော်ကတော့ လေကြောင်းရှိတော့ လေကြောင်းသုံးပြီး ပဲ ပို့မယ်လို့ သုံးသပ်တယ်။ ဒီ ၃ စီးထဲနဲ့တော့ ဗန်းမော်အထိမလွယ်လောက်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဖြတ်သန်းရမယ့်လမ်းကြောင်းက ကသာကနေ ဗန်းမော်နားရောက်တဲ့အထိကကျနော်တို့က ထိန်းချုပ် ထားတာကို”လို့ပြောပါတယ်။

ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဒုတိယမြစ်ကျဥ်း အပါအဝင် ဗန်းမော်မြို့နယ်ထဲက ဧရာဝတီစင်းခန်းတံတားကိုပါ ပြီးခဲ့တဲ့ မတ်လဝန်းကျင်တိုက်ပွဲတွေမှာ ထိန်း ချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်ကစတင်ကာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော ၈ စီးနဲ့ ဆန်တက်လာတာဖြစ်ပေမဲ့ တက်လာတဲ့တစ်လျှောက်တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကသာမြို့နယ်အရောက်မှာ ၃ စီးသာကျန်ရှိတော့တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။

ပင်လည်ဘူး၊ အင်းတော်၊ နဲ့ ထီးချိုင့်မြို့တို့ကို အဓိကသိမ်းပိုက်ဖို့ကြိုးစားနေပြီး နေ့စဥ်တိုက်ပွဲပြင်းထန်နေ သလို ဒီတိုက်ပွဲတွေကြောင့် မန္တလေး–ကချင် ကားလမ်းပိုင်းလည်းပိတ်ထားရတာ ၃ပတ်ဝန်းကျင်ကြာမြှင့်လာပြီဖြစ်ပါတယ်။

September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...