စန်းကားကျေးရွာမှာ ၃ ရက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာ

စန်းကားကျေးရွာမှာ ၃ ရက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာ
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ခိုင်မြဲငှက်ပျောလုပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အသက်၂၄ နှစ်အရွယ် မပန်းအိဖြူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ကိုခိုင်မြဲ နောက်ကျောဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာ အသက် ၃၅ နှစ်အရွယ် ဒေါ်ဝင်းဝင်းသန်း ပေါင်ထိဒဏ်ရာ ရရှိခဲ့တာပဲဖြစ်ပါတယ်။

အလားတူ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာလည်း စန်းကားကျေးရွာ ခိုင်မြဲငှက်ပျောခြံအနီး ထိန်မင်းငှက်ပျောခြံလုပ်ကွက်အတွင်း လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက် ၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။

“တဲမှာမဟုတ်ဘူး။ ခြံထဲမှာကျတာ။ ငှက်ပျောထမ်းနေရင်းနဲ့ နောက်ကျောမှာထိတာ။ အခြေအနေကတော့  အဆုပ်ထိတယ်။ အောက်ဆီဂျင်ပေးထားရတယ်” လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မအေးနွယ် အခြေအနေစိုးရိမ်ရတဲ့အတွက် ဝိုင်းမော်ဆေးရုံကြီးကတစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးကို ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စန်းကားကျေးရွာမှာရှိတဲ့ ငှက်ပျောလုပ်ကွက်တွေမှာ ခုလို လက်နက်ကြီး မကြာမခနကျလေ့ရှိပေမယ့်လည်း ဝမ်းရေးအတွက် စွန့်စားကာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီအခြေနေနဲ့ပက်သက်ပြီး ငှက်ပျောလုပ်သားတွေနဲ့နီးစပ်တဲ့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုသုံးသပ် ပြောဆိုပါတယ်။

“ဝမ်းရေးအတွက်တော့ လုပ်နေကြရတာလေ။ မလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေ ပိုက်ဆံကြိုယူထားတာတွေ ပိုက်ဆံမရသေးတာတွေ ရလိုရငြား မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်နေကြရတာ” လို့ ဆိုပါတယ်။

လက်ရှိ စန်းကားကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးတွေဟာ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာ တိတိကျကျ မသိရပေမယ့် မြစ်ကြီးနားမြို့ ဒေသခံပြည်သူတွေပြောတာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကနေ ပစ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

စန်းကားကျေးရွာဟာ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး စစ်တပ်ဘက်က ဒီဇင်ဘာလဆန်းပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်တာတွေရှိသလို စစ်ကောင်စီတပ်ဟာ ရွာထဲမှာလည်း အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က ရွာထဲနေရာယူလာတာကြောင့် အိမ်စောင့်အနည်းအကျဉ်းကလွဲပြီး ဒေသခံအများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

April 29, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်မြစ်ကူးတံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်က...
April 25, 2025
ငလျင်နောက်ဆက်တွဲ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ...
မန္တလေးမှာ ငလျင်ဒဏ်ကြုံတွေ့ရတဲ့ ပြည်သူများ လမ်းမကြီးပေါ်တွေမှာ နေထိုင်ကြတဲ့မြင်ကွင်း။
April 24, 2025
ကချင်ပြည်နယ်ကနေ မန္တလေးမြို့မှာ ကျောင်းသွားတက်တဲ့ လူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်း...
April 23, 2025
ကချင်နယ်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်...