ရွှေဇားတံတား AA ထိန်းချုပ်လိုက်ပြီဟုသတင်းများထွက်ပေါ်

ရွှေဇားတံတား AA ထိန်းချုပ်လိုက်ပြီဟုသတင်းများထွက်ပေါ်

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည့်ကြားက သြဂုတ်လ ၃ ရက် နေ့လယ်ပိုင်းတွင် ရွှေဇားတံတားရှိ စစ်ကောင်စီစခန်းအား AA သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်လျှက်ရှိနေသည်။

ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာ၌ အိမ်စောင့်ကျန်နေတဲ့ ဒေသခံမွတ်ဆလင်တစ်ဦးက "ရွှေဇား တံတားထိပ်ကနယ်ခြားစောင့်စခန်းကို ဩဂုတ်လ ၃ ရက် မနက်ကတည်းက အေအေ ဖက်က ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကြဲချတိုက်နေတာ‌။ နယ်ခြား‌စောင့် တွေကလက်နယ်ငယ်တွေနဲ့ ဒရုန်း‌တွေကို ပစ်ကြတယ်။ မွန်းတည်းပိုင်းမှာ‌ ရွှေဇားတံတားစခန်းကိုAAကသိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်နေတယ်။ တံတားကိုဘယ်သူမှဖြတ်သန်းသွားလာလို့မရ‌တော့ အတိအကျမ‌ ပြောနိုင်သေးဘူး။ ဒါပေမယ့် ညနေပိုင်းမှာပစ်ခတ်သံတွေမကြားရတောဘူးငြိမ်သက်နေတယ်"ဟု  ပြောကြားသည်။

ရွှေဇားတံတားရှိစစ်ကောင်စီစခန်းအား အာရက္ခတပ်တော်မှ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒရုန်းများဖြင့်ပါ ဗုံးချတိုက်ခိုက်နေသဖြင့် နယ်ခြားစောင့်များနှင့် မွတ်ဆလင် စစ်သားများမှာ ညအချိန်၌ စခန်းအတွင်း မနေရဲကြတောဘဲ့ မြို့တွင်းဘက် တံတားအနီးရှိ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်များ၌ တပ်ဆုတ် စခန်းချနေထိုင်နေကြကြောင်းမျက်မြင်ဒေသခံများထံမှသိရသည်။

ရွှေဇားတံတားရှိစစ်ကောင်စီစခန်းအား AA သိမ်းပိုက်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်ကောင်စီက လက်နက်နှင့် ရိက္ခာတင်ပို့နေသည့် မောင်တောမြို့ ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကို  အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါ တိုက်ပွဲတွင် နယ်ခြားစောင့်အရာရှိ (၁) ဦးအပါအဝင် စစ်ကောင်စီတပ်သား  (၄) ဦးနှင့် အာဆာတပ်ဖွဲ့ဝင် အများအပြား ကျဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ နေ့၌ မောင်တောဘုတ်ဆိပ်  POEဝင်/ထွက်စခန်းအား အာရက္ခတပ်တော်မှ ပြင်းထန်သည့် ထိုးစစ်ဆင်ပြီး ဒရုန်းများ၊ စနိုက် ဘာများဖြင့်ပါ တိုက်ခိုက်မူကြောင့်  နယ်ခြားစောင့် အရာရှိ(၁) ဦး နှဖူး၌ စနိုက်ဘာထိမှန် ကျဆုံးခဲ့ရပြီး နယ်ခြားစောင့်(၄)ဦးနှင့် မွတ်ဆလင် စစ်သားအများအပြား ကျဆုံးခဲ့ရကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က‌ ပြောဆိုသည်။

"POE က နယ်ခြားစောင့်အရာရှိကနဖူးမှာ စနိုက်  ဘာထိပြီးကျဆုံးတာ။ကျန်နယ်ခြားစောင့် ‌၃ ဦး နဲ့ မွတ်ဆလင်စစ်သားအများအပြားက ဒရုန်းဗုံးထိမှန်ပြီးကျဆုံးသွားခဲ့ကြရတာ။ အရာရှိကိုတော့ ကျကျနန သဂြိုလ်ပေးနိုင်ခဲ့တယ်။ နာမည်နဲ့ရာထူးတော့ မသိဘူး " ဟု ပြောဆိုသည်။

စစ်ကောင်စီမှာရေကြောင်းအားအသုံးပြုပြီးဇူလိုင်လ ၁၇ ရက်နေ့၌လည်းမောင်တောဘုတ် ဆိပ် POE ဝင်/ထွက်စခန်းမှ လက်နက်၊ ခဲယမ်းရိက္ခာများအား တေဘာကား(၈) စီးဖြင့်တင် ဆောင် နေကြစဉ် AA ဖက်မှဒရုန်းများဖြင့်ဗုံးချတိုက်ခိုက်တာကြောင့် နယ်ခြားစောင့်(၂)ဦး ကျဆုံးခဲ့ရပြီးအလုပ်သမား(၇)ဦးဒဏ်ရာရရှိခဲ့ရသည်။

ထိုသို့ AA၏ပြင်းထန်တဲ့ထိုးစစ်‌များကြောင့် မောင်တောဘုတ်ဆိပ်ဘုတ်ဆိပ်POE ဝင်/ထွက်စခန်းမှ နယ်ခြားစောင့်များ နှင့် မွတ်ဆလင်စစ်သားများမှာညအချိန်၌ စခန်းအတွင်း မနေရဲကြတော့ဘဲ နယ်ခြားစောင့်‌များမှာ ရွှေအိုးတည်းခိုခန်း၌ စခန်းချအိပ်ကြပြီး။ မွတ်ဆလင်စစ်သားများမှာ အကောက်အခွန် ရုံးနှင့်မူလွန်စာသင်ကျောင်းများ၌ စခန်းချနေထိုင်နေကြကြောင်း ထိုအနီးရှိ ဒေသခံများထံမှသိရသည်။

Most read this week

September 23, 2024
ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ(ANP) ပါတီ ဗဟိုရုံးချုပ်ကို စစ်ကောင်စီက...
September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...