လွိုင်ကော်တွင် ရက်ဆက် တိုက်ပွဲများ ဖြစ်

လွိုင်ကော်တွင် ရက်ဆက် တိုက်ပွဲများ ဖြစ်

ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်တို့အကြား တိုက်ပွဲများ နေ့တိုင်း ဖြစ်ပွားနေသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ၄ ရက်ခန့် ရှိပြီဟု ဒေသတွင်းရှိ သတင်းအရင်းအမြစ်များက ပြော သည်။

လွိုင်ကော်မြို့ပေါ် က ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက “အဓိက ဖြစ်နေတာက တော့ ဒီလွိုင်ကော် ပြော ရင် မှိုင်းလုံး၊ နန့်ဘော်ဝမ်တို့ ဒီချိကယ်တို့ လေးမျက်နှာလုံး စစ်မျက်နှာ လေးမျက်နှာလုံးက ဖြစ်နေတဲ့ အနေအ ထားမျိုးရှိတယ်။ နေ့တိုင်းပဲ ပေါ့နော်။ တစ်ရက်ကို သုံးလေးပွဲ လောက်ရှိတယ်။ တောက်လျှောက် တစ်နေကုန် ဖြစ်နေတဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့နော“ ဟု ပြောသည်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့နှင့် ပြည်ထောင်စု လမ်းမကြီးကို ပြန်လည် ထိန်းချုပ်ခွင့်ရရေး ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် လွိုင်ကော်မြို့ပေါ်က ရပ်ကွက်များထဲတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ သည် ဟု မြေပြင်က ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားနေပြီး ဇူလိုင်လ ၂၄ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေသည်ဟု အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။

မြေပြင်ရှိ သတင်းအရင်းအမြစ်က “သူတို့က မြို့ကို ပြန်ထိန်းဖို့ ကြိုးစားနေတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဒီပြည်ထောင်စု လမ်းမတွေကို သူတို့ အဓိက သူတို့ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ အဲ့ဒီ အခြေအနေလောက်ထိ ဘယ်မှ သူတို့ မရောက်နိုင်ဘူးပေါ့နော်။ အခုဆို မှိုင်းလုံးကိုတောင် မကျော်နိုင်တဲ့ အနေ အထားမျိုးမှာ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများကို လုပ်ဆောင်နေသကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်နေသည်ဟု စစ်မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက အတည် ပြု ပြောသည်။

ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိနေသော်လည်း အသေးစိတ် အချက်အလက်များကို မသိရသေး ကြောင်း အဆိုပါ တော်လှန်ရေး ရဲဘော်က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း လွိုင်ကော်မြို့ရှိ နမ့်ဘော်ဝမ်၊ ကြည်သာယာနှင့် မိုင်းလုံးရပ်ကွက်တို့တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ် စခန်းများကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သေး သည်။

လက်ရှိ လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည့် အခြေအနေမျိုး ရှိနေသည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နေရပ်၌ ပြန်မနေကြသေးရန် အသိပေး ပြောဆိုထားသော်လည်း ၎င်းတို့၏ ရပ်ရွာ၊ အိုးအိမ်များကို စိတ်မချ၍ ပြန်လာသူများ ရှိနေပြီး တိုက်ပွဲများထဲတွင် အရပ်သားပြည်သူများ မထိခိုက် အောင် အထူးသတိထားနေရသည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...