ကရင်နီပြည်မှာ IEC က ယာဥ်မောင်းလိုင်စင် စတင်ထုတ်ပေး

ကရင်နီပြည်မှာ IEC က ယာဥ်မောင်းလိုင်စင် စတင်ထုတ်ပေး

ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က အသိပေးပါတယ်။

လက်ရှိကြားကာလအနေအထားအရ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့နေရာတွေနဲ့ IEC အုပ်ချုပ်ရေးနယ်မြေတွေမှာ အဆိုပါ ယာဉ်မောင်းလိုင်စင်နဲ့ နံပါတ်ပြားတွေကို ပြုလုပ်ဆောင်ရွက်ပေးနေပြီလို့ IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန – ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

“ယာဥ်မောင်းလိုင်စင်တွေက‌တော့ ကျနော်တို့ IEC ဌာနတွေအနေနဲ့ပေ့ါနော ကနဦး စပြီးတော့မှ ကျနော်တို့‌ဆောင်ရွက်ပေးနေတယ်။ ပြည်သူတွေထဲကလည်း တစ်ဦးစ နှစ်ဦးစပေါ့နော ကျနော်တို့ဆောင်ရွက်ပေးနေတဲ့ အနေအထားမျိုးတွေ စပြီးမှ ရှိနေပြီ” လို့ ဦးအယ်လ်ဖောင်းရှိုက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

လက်ရှိကြားကာလအခြေအနေအရ ပြည်နယ်တွင်းမောင်းနှင်နိုင်မယ့် လိုင်စင်တွေကို ဦးစွာထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ အခြားသော ယူနစ်တွေ၊ ပြည်နယ်တို့ကနေတစ်ဆင့် ပြည်ထောင်စုနဲ့ ချိတ်‌ဆက် ဆောင်ရွက်သွားနိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင်းမှာ လာရောက်ခိုလှုံနေထိုင်တဲ့ ပြည်နယ်ပြင်ပက ပြည်သူတွေလည်း များပြားတာကြောင့် သူတို့အတွက်ပါ ယာဥ်မောင်းလိုင်စင် နဲ့ ယာဉ်နံပါတ်ပြားတွေကို ထုတ်ပေးမှာဖြစ်တယ်လို့ ဦးအယ်လ်ဖောင်းရှိုက ဆက်ပြောပါတယ်။

“ပစ္စည်းတစ်စုံတစ်ရာပျောက်သွားရင် ဆိုင်ကယ်၊ ကားတွေ ခိုးခံရတယ်ဆိုပါစို့ တစ်စုံတစ်ခုဖြစ်ခဲ့တယ်ဆိုရင်တော့ ယာဥ်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ထားတဲ့သူဆိုရင် ကျနော်တို့ သက်ဆိုင်ရာ KSP ချိတ်ဆက်ပြီး ပြန်ရှာဖွေနိုင်တာတွေ၊ ပိုပြီးတော့ ပြည်သူတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုနဲ့ အပြန်အလှန် ကျနော်တို့ အစိုးရတစ်ရပ်အနေနဲ့ ပြန်လုပ်ပေးနိုင်တဲ့ အနေအထားမျိုးတွေ ကြားကာလကောင်စီအနေနဲ့ ကျနော်တို့လုပ်ပေးနိုင်တဲ့ အနေထားမျိုးကို ကျနော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကနေ အခွန်ငွေကောက်ခံခြင်း၊ လမ်း-တံတားပြုပြင်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင်စဥ် ပြုလုပ်ပေးခြင်းနဲ့ ‌မော်‌တော်ယာဥ်မှတ်ပုံတင်ခြင်း၊ နံပါတ်ပြား ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။

Most read this week

ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်က ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ်။
January 23, 2025
ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့...
January 21, 2025
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသခံတွေ ပြန်လာနေခြင်းမရှိတဲ့ နေအိမ်တွေကို...
January 18, 2025
ဓါတ်ပုံ – KnHRG တိုက်ပွဲ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့...