Published
Sunday, July 07, 2024
တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ဂွနဲ့ကျိန္တလီမှာ စစ်တပ်ရဲ့မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေသေဆုံးမှုရှိလာ
- တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ ဂွမြို့နဲ့ ကျိန္တလီမြို့မှာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိလာနေပါတယ်။
- တပ်ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေက ငပလီမြို့က သားအဖနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
- ရခိုင်ပြည်အတွင်း ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားတဲ့အတွက် ဒေသအတွင်း ဆေးနဲ့ ဆေးဝါးပစ္စည်းရှားပါးမှုနဲ့အတူ အရင်ကထက် ဈေးနှုန်းအဆမတန်မြင့်တက်နေသလို ဒေသခံပြည်သူတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေကြရတယ်လို့ ပြောပါတယ်။