လူမျိုးစုံချစ်ကြည်ရေး ဆောင်ရွက်နေသူ ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မွတ်ဆလင်အမျိုးသားတစ်ဦး အသတ်ခံရ

လူမျိုးစုံချစ်ကြည်ရေး ဆောင်ရွက်နေသူ ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မွတ်ဆလင်အမျိုးသားတစ်ဦး အသတ်ခံရ
ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ - ပေးပို့

လူမျိုးစုံချစ်ကြည်ရေးနှင့် ရပ်ရေးရွာရေးကို ဆောင်ရွက်နေသူ ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်  မွတ်ဆလင် အမျိုးသားတစ်ဦး အသတ်ခံရသည်ဟု သတင်းရရှိသည်။

၎င်းသူမှာ ဘူးသီးတောင်မြို့နယ်၊  ကြိမ်ချောင်းကျေးရွာနေ အုပ်ချုပ်ရေး ကော်မတီဝင် ဦးမော်ဟီးဘူလ္လာ (၂၈)နှစ်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၃ ရက် နံနက်  ၉ နာရီခွဲအချိန်ခန့်တွင် မော်ဟီးဘူလ္လာ၏အလောင်းကို ရွာ၏ အရှေ့ဘက် လယ်ကွင်းတွင် ဓါးခုတ်ရာများဖြင့်သေဆုံး၍ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း  ကျေးရွာသားတစ်ဦးက ပြောသည်။

" မတ် ၁၂ ရက်နေ့ ည ၁၀ နာရီခွဲလောက်က သူအိမ်မှာအိပ်နေချိန် (ARSA)လို့ ယူဆရတဲ့ မျက်နှာ ဖုံးအုပ်ထားတဲ့ အမည်မသိ လူ(၆)ယောက်ရောက်လာပြီး ဖမ်းခေါ်သွားတာ။ ရွာရဲ့  အရှေ့ဘက် လယ်ကွင်းပြင်ကို အတင်းအဓမ္မခေါ်သွားပြီး နောက်နေ့မှ အလောင်းရတာ"ဟုပြောသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် အုပ်ချုပ်ရေးကော်မတီဝင် မော်ဟီးဘူလ္လာ၏ မိသားစုဝင်များနှင့် ရွာသူ/သား (၅၀)ခန့်က ၄င်းတို့နောက်ကို လိုက်သွားကြသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားသူ (၆)ဦး အနက် တစ်ဦးက သေနတ်ပစ်ဖောက်လိုက်သောကြောင့်  ရွာသူ/သားများလည်း ရှေ့ဆက် မလိုက်ဝံ့ဘဲ ပြန်လည်ဆုတ်ခွာလာကြရကြောင်း ၄င်းက ပြောသည်။

အုပ်ချုပ်ရေးကော်မတီဝင် မော်ဟီးဘူလ္လာ၏ ရုပ်အလောင်းအား မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ရှာတွေ့ပြီး နေ့လယ်ပိုင်းတွင်သင်္ဂြိုလ် လိုက်ကြောင်း သိရှိရသည်။

၎င်းမော်ဟီးဘူလ္လာသည် ရက္ခိုင့်တပ်တော်နှင့် အတူ လက်တွဲ၍ ဘူးသီးတောင်မြို့နယ် အတွင်း လူမျိုးစုံချစ်ကြည်ရေးကို ဆောင်ရွက်နေသူ တစ်ဦးဖြစ်သလို ရပ်ရေးရွာရေးကို လုပ်ကိုင် ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်ဟု လည်း ဒေသခံများက ပြောကြားသည်။

မတ်လ ၇ ရက်ကလည်း ဇီးပင်ချောင်းကျေးရွာဘက်မှ တောင်ပြို ဘက်(ဝဲ)သို့ သဲချောင်းလမ်း အတိုင်းကားဖြင့် ပြန်လာသည့် ရခိုင်လူမျိုး အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ကိုလည်း  အာဆာ အကြမ်းဖက် အဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အကြမ်းဖက်မှုများကြောင့် စိုးရိမ် ထိတ်လန့်စရာဖြစ်လာ၍ မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်တွင် ရက္ခိုင့်တပ်တော်(AA)အား နယ်မြေ ရှင်းလင်းရေး လုပ်ပေးရန် ဒေသခံပြည်သူများက တောင်းဆိုသည်။

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...