- မြစ်ကြီးနား - ဗန်းမော်ကားလမ်းမကြီးတစ်ကြော KIO ဌာနချုပ် လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းတချို့ကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။
- ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲက မဂျီဂုန်ဗျူဟာစစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိနိုင်တာဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ စိုးမိုးနယ်မြေပိုကျယ်ပြန့်လာစေပြီး အကျိုးသက်ရောက်မှုကြီး တစ်ခုဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
- စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့တွေအပါအဝင် တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီလို့ထုတ်ပြန်ပေမဲ့ ပြည်သူတွေကတော့ ညဘက်မှာ အပြင်မထွက်ရဲဘဲ စိုးရိမ်ပူပန်ကြောက်ရွံ့နေသေးတယ်လို့ သိရပါတယ်။