- ကချင်ပြည် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာနဲ့ ဒဘတ်ကျေးရွာတစ်လျှောက် သေနတ်သံတွေ ဆက်တိုက်ကြားနေရတာကြောင့် နေရပ်ပြန်ပြီး ပြန်လည်ထူထောင်ကာ နေထိုင်နေတဲ့ဒေသခံတချို့ စိုးရိမ်ပြီး ထပ်မံစစ်ရှောင်နေရတယ်လို့ သိရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ လိုအပ်နေသေးတာကြောင့် KIA ရဲ့ခွင့်ပြုချက်ရမှသာ ပြည်သူတွေနေအိမ်ပြန်လို့ရမယ်လို့ ပြောထားကြောင်း ဒေသခံတွေက ပြောပါတယ်။
မြစ်ဆုံဒေသ ကျေးရွာတချို့မှာ ရွှေတူးဖော်ဖို့ မြေကွက်ဝယ်ယူသူတွေ များလာတာကြောင့် ဒေသခံပြည်သူတွေစိုးရိမ်ပြီး ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ တားမြစ်ချက်ဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူတဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။