ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာမူများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြသည်ဟု သိရသည်။

အင်အား ၂၀၀ ၀န်းကျင်ရှိမည့်ဟု ခန့်မှန်းရသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ဘက်သို့ ဦးတည်ချီတက်လာကြပြီး ယမန်နေ့က စောဘွားရေရှင်ကျေးရွာအရှေ့၊ လက်ဆေးကန်ဘက်တွင် ရောက်ရှိလာကြပြီဟုသိရပြီး နှစ်ဘက် စောင့်ကြည့်အနေအထားဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်လာနိုင်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO- Upper Chindwin Region တပ်မဟာ ၄၊ တပ်မဟာမှူးကပြောသည်။

“ခမ်းပတ်မြို့နဲ့လည်း သိပ်ပြီးနီးတာမဟုတ်ဘူး ခပ်လှမ်းလှမ်းမှာပဲရှိသေးတယ် ရွာလူတွေလည်း သိပ်ပြီးတော့ တောထဲမသွားဖို့လည်း တားထားတယ် အကုန်လုံး၊ မြို့ထဲမဝင်နိုင်အောင်တော့ ကာဖို့တော့ အစီအစဥ်ရှိတယ်၊ သူတို့ မြို့နားကပ်ရင်တော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့အချိန်မှာတော့ရှိတယ်” ဟု CNO UCR က တပ်မဟာမူးက ပြောသည်။

ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ (၇) ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့သည် စစ်ရး စီးပွာရေးအရ အချက်အချာကျသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ ခမ်းပတ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ခမ်းပတ်မြို့ပေါ်ရပ်ကွက်တချို့နှင့် ကလေး-တမူးလမ်းမပေါ်တွင်ရှိသည့် နန်းခေါက်ခေါက်ကျေးရွာမှ ပြည်သူများသည်လည်း စစ်ဘေးတိမ်းရှောင်လာကြသူများလည်းရှိသည်ဟု ခမ်းပတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုကအဲဒီသတင်းကြောင့် ဟိုပြေးဒီပြေးဖြစ်နေကြတာ၊ အမှတ် (၁) ရပ်ကွက်က ၂၊ ၃ ဘက်ကိုပြေးကြတယ်၊ တချို့ကတော့ တောင်နဲ့နီးတဲ့ အမျိုးတွေဆီညမှာသွားအိပ်တယ်၊ မနက်ကြရင်အိမ်ပြန်လာတယ်” ဟု ခမ်းပတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ခမ်းပတ်မြို့တွင် ရပ်ကွက်ကြီး  (၅) ခုရှိပြီး လူဦးရေ (၅၀၀၀) နီးပါးရှိကာ ချင်းလူမျိုးအများစုနေထိုင်သည့် မြို့ဖြစ်သည်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...