Published
Friday, October 13, 2023
စစ်သားနဲ့ရဲတွေ မြို့သိမ်းတိုက်ပွဲမဖြစ်လာခင် CDM ပြုလုပ်ကြဖို့ PDF – Zoland က ထပ်မံဖိတ်ခေါ်
- ချင်းပြည်နယ်မြောက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားနဲ့ရဲတွေ မြို့သိမ်းတိုက်ပွဲမဖြစ်လာခင် CDM ပြုလုပ်ကြဖို့ PDF – Zoland က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
- ကလေးမြို့အနောက်တောင်ဘက်ရှိ စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၃ ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် ရာနဲ့ချီတဲ့နေအိမ်တွေပြာကျခဲ့ရသလို မြေးအဖွား ၂ ဦးလည်း နေအိမ်မီးရှို့တဲ့အထဲ ပါသွားတဲ့အပြင် ပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
- ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ချင်းရိုးရာဓလေ့အတိုင်း သတို့သမီးတင်တောင်းရာကနေ အပြန်လမ်းမှာ ကားတိမ်းမှောက်တာကြောင့် ကားနဲ့လိုက်ပါလာသူအားလုံး သေဆုံးသွားပါတယ်။