Published
Saturday, September 23, 2023
ကြိုတင်သတိပေးမှုကြောင့် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းခွင်စစ်ဆေးရေး ထိရောက်မှုမရှိနိုင်
- စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နဲ့ အုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ တို့ ပူတာအိုနဲ့ဗန်းမော်ဘက်မှာ စစ်ကောင်စီကို ထောက်ခံဖို့ စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။
- ချီဖွေမြို့နဲ့ပန်ဝါမြို့က မြေရှားသတ္တုလုပ်ငန်းခွင်တွေကို စစ်ဆေးရေးမဝင်ခင် စစ်ကောင်စီဘက်က ကြိုတင်အသိပေးထားတာကြောင့် စစ်ဆေးရေးပြုလုပ်တာ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
- KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နေရပ်မပြန်နိုင်သေးဘဲ ဒေါ့ဖုန်းယန်မှာ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။