ခလားမှာ တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်း ထိခိုက်သေဆုံးမှုများတဲ့အတွက် တစ်ကြောင်းလုံး ဆုတ်ခွာ

ခလားမှာ တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်း ထိခိုက်သေဆုံးမှုများတဲ့အတွက် တစ်ကြောင်းလုံး ဆုတ်ခွာ
စက်တင်ဘာလ ၁၀ ရက်နေ့ ခလားရွာနားမှာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်း
စက်တင်ဘာလ ၁၀ ရက်နေ့ ခလားရွာနားမှာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အထက် ခလားရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရဲ့ လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်မှုကို ခံနေရတဲ့ စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်းတစ်ဖွဲ့လုံးအထိနာ သေဆုံးမှုများလာတဲ့အတွက် ပြန်ပြီးဆုတ်ခွာသွားပြီလို့ ဒေ့ါဖုန်းယန်ဒေသခံတွေက ပြောပါတယ်။

စစ်အင်အား ၂၀၀ ဝန်းကျင်လောက် လုံခြုံရေးတင်းကြပ်ထားပြီး စစ်ကား ၂၅ စီးနဲ့ စစ်ရိက္ခာအပြည့် တင်ဆောင် လာတဲ့ စစ်ယာဉ်တန်းဟာ ၃ ရက်အကြာ ခလားယန်မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့် ရှေ့တက် မတိုးနိုင်တော့ဘဲ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်တယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“အခုအခြေနေက ဒေါ့ဖုန်းယန်တပ်ထဲကို ပြန်ရောက်နေကြပြီ။ ဒီမနက် (စက်တင်ဘာလ ၁၂ ရက်နေ့) ၆ နာရီ လောက်က ပျက်စီးသွားတဲ့ စစ်ကား ၃ စီးဆွဲပြီး တစ်ခေါက်ဝင်လာတယ်။ ၇ နာရီလောက်မှာ ၅ စီးလောက်ဆွဲပြီး ပြန်လာကြတယ်။ ဒီကနေ့ မနက်မှာတင် ၇ စီးဝင်လာတယ်။ သူတို့က ဟိုမှာ အထိနာပြီး ဆက်သွားလို့မရပဲ အား လုံး ပြန်ခေါက်လာကြတာ ဟုတ်တယ်။ ဒီမနက်အထိပေါ့” လို့ ပြောပါတယ်။

KIA ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းလောက်က နေ ထိခိုက်ပျက်စီးသွားတဲ့ စစ်ကားတချို့ကို ဒေါ့ဖုန်းယန်တပ်ထဲ ပြန်မောင်းနင်းသွားကြပြီး ၁၂ ရက်နေ့ မနက် အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာ မီးလောင်ပျက်စီးပါတယ်။ အဲ့ဒီနေရာမှာ မောင်းလို့ မရတော့တဲ့ စစ်ကား တစ်စီးပဲ ကျန်ရှိနေခဲ့တယ်လို့ မြေပြင် သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

“သူတို့ပြန်ခေါက်ရတဲ့ အကြောင်းအရင်းက ၅ စီး အထက်လောက်က ပြန်ဆွဲလာရတဲ့အဆင့် ပျက်စီးသွားတာပါ တယ်။ ပြီးရင် တချို့ကားတွေက ကားမှန်တံခါးတွေ၊ ဘီးတွေပေါက်ကုန်းတယ်။ ပြောရမယ်ဆိုရင် သူတို့ဘက်က ထိခိုက်တာလည်း များသွားလို့ ကားကလည်း တော်တော်လည်း ထိသွားတော့ ပြန်ခေါက်လိုက်ရတဲ့ သဘောမှာ ရှိတယ်။ အဲကြောင့် အခုအခြေနေက စစ်ကြောင်းပြန်ထိုးနိုင်ဖို့ မလွယ်လောက်သေးဘူး ဖြစ်နေတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဟာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကနေ ထွက် ခွာသွားကြတဲ့ နောက်ပိုင်း ဒေါ့ဖုန်းယန်နဲ့ ၂ မိုင်လောက် အကွာမှာရှိတဲ့ ခလားယန်တောင်အဆင်း လမ်းခုလပ် တစ် နေရာမှာ KIA ရဲ့ လမ်းကြောင်းပိတ်ဆို့မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းယာဉ်တန်းဟာ အထက်ကို ပြန်လည်ထွက်ခွာနိုင်ဖို့ရန်အတွက် ဒေါ့ဖုန်း ယန် အနီးတဝိုက်မှာရှိတဲ့ ဖွန်းပရန်ဘွန့် (Hpun Pyen Bum)၊ ဟန်းဂိုင်ဘွမ့် (Hanggai Bum) စတဲ့ တပ်စခန်း နေရာ တွေကနေ KIA ရှိတဲ့ဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူတာတွေရှိခဲ့ပေမယ့် ဆက်သွားလို့မရဘဲ ပြန်ဆုတ်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ရက်အကြာမှာတော့ စစ်ရိက္ခာသယ် ယာဉ်တန်းထဲ ထိခိုက်ပျက်စီးတာတွေရှိခဲ့ ပြီး စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ဒေါ့ဖုန်းယန်တပ် စခန်းထဲကို ကားတွေနဲ့ တင်ဆောင်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သို့သော် ထိခိုက်သေဆုံးမှု စာရင်းနဲ့ ပတ်သက်ပြီး အတည်ပြုပြောဆိုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒီစစ်ကောင်စီ ယာဉ်တန်းဟာ ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး ဗန်းမော်ဘက်ကနေ နမ့်ဆန်ယန်ဘက်ကို လူအင် အားအပါ ရိက္ခာတွေကို သယ်လာတဲ့ ယာဉ်တန်းပဲ ဖြစ်ပါတယ်။

ဗန်းမော်ဘက်ကနေ တက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း မြို့သစ်၊ ကုန်းလော၊ ဒါဆိုင်း စတဲ့ ကျေးရွာအနီး တဝိုက်က လမ်းခုလပ်နေရာတွေမှာ KIA ရဲ့ စောင့်ကြိုတိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ရိက္ခာသယ်ကား ၃ စီးလောက် လည်း အဲဒီလမ်းတစ်လျှောက်မှာပဲ ထိခိုက်ပျက်စီးသွားပါတယ်။

စစ်ကောင်စီတပ်တွေဟာ KIO ဌာနချုပ်အနီးမှာရှိတဲ့ နမ်ဆန်ယန်ဘက်ကို ခြေကုပ်တပ်စွဲနေရာယူဖို့ ကြိုးစားနေ တာ တစ်လကျော်ကြာလာပေမယ့် ထိရောက်တဲ့ စစ်ဆင်ရေးကိုတော့ လုပ်နိုင်တာမရှိသေးဘဲ စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေ များနေဆဲဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...