ခလားယန်မှာ KIA ရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်း အထိနာနေ

ခလားယန်မှာ KIA ရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်း အထိနာနေ
မြစ်ကြီးနား- ဗန်းမော်လမ်းမတစ်နေရာမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့များ
မြစ်ကြီးနား- ဗန်းမော်လမ်းမတစ်နေရာမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့များ

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ခလားယန် (Hkala Yang)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့ တိုက် ခိုက်မှုကို ခံနေရပြီး အထိနာနေတယ်လို့ ဒေ့ါဖုန်းယန်ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ လဆန်းပိုင်းကနေ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲရောက်ရှိနေတဲ့ စစ်ကောင်စီယာဉ်တန်း ၂၅ စီး ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ဒေါ့ဖုန်းယန်အထက်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့အချိန် ၂ မိုင်လောက် အကွာရှိ ခလားယန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

KIA ဘက်ကနေ စစ်ကောင်စီယာဉ်တန်းတွေကို အထက်ဘက် တက်သွားလို့မရအောင် ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ စစ်ရိက္ခာတင် စစ်ကား ၃ စီး မီးလောင်ပျက်စီးသွားပြီး ထိခိုက် သေဆုံးတာတွေ ရှိနေသလို စစ်ကားတစ်ချို့ကတော့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံအမျိုးသားတစ် ယောက်က KNG ကိုပြောပါတယ်။

“အခုတက်လာတဲ့ စစ်ကားတွေထဲကနေ ၃ စီးက မီးလောင်ပျက်စီးသွားပြီ။ ခလားမှာတိုက်ခိုက်ခံရတော့ ပျက်စီး သွားတဲ့ ကားတွေလည်းများတယ်။ မောင်းလို့ရသေးတဲ့ စစ်ကားတွေက ဒေါ့ဖုန်းယန် တပ်စခန်းမှာ ပြန် မောင်းလာ တာ ရှိတယ်။ ပြီး သူတို့ဘက်ကနေ မောင်းပြန်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ လုပ်နေကြတယ်။ မနေ့ည မောင်း လာတဲ့ အထဲမှာဆိုရင် ဒဏ်ရာရတဲ့ စစ်သားတွေလည်းပါတယ်” လို့ ပြောပါတယ်။

ခလားယန်မှာ KIA တပ်တွေရဲ့ ပိတ်ဆို့ပြီး တိုက်ခိုက်ခံရတဲ့ထဲမှာ ထိခိုက်သေဆုံးသွားတဲ့ တပ်သားတွေကို ဒေါ့ဖုန်း ယန် ခလရ ၁၄၂ တပ်ရင်းထဲကို လာရောက်ပို့ဆောင်ထားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ထိ ခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ခလားယန်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ယာဉ်တန်း ၂၅ စီးကနေ စစ်ကား ၁၀ စီးလောက်က ဒေါ့ဖုန်း ယန်ဘက်ကို မနေ့က ပြန်ခေါက်ဝင်လာတာရှိတသလို ဒေ့ါဖုန်းယန်ဘက်ကနေလည်း ပြန်ထွက်သွားတဲ့ စစ်ကား တွေလည်း ရှိနေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံက ဆက်ပြောပါတယ်။

“စစ်ကြောင်းတွေက ခလားကနေ ဆက်သွားလို့မရဘူးဖြစ်နေတယ်။ မနေ့ပိုင်းက တိုက်ခိုက်ခံရတဲ့ ကား ၁၀ စီး လောက်က ဒေါ့ဖုန်းယန် တပ်စခန်းထဲကို ပြန်ခေါက်ဝင်လာကြတယ်။ ဒီမနက် ၅ နာရီလောက်မှာ ၅ စီးလောက် ပြန်ထွက်သွားပြီ။ ပြီးတော့ ဒီမနက် ၈ နာရီလောက်မှာ ၆ စီးလောက် ပြန်ဝင်လာတယ်။ အဲ့ဒီ ၆ စီးက ကားတံခါး မပါတဲ့ ကားတွေလည်း ပါတယ်။ ဘီးပေါက်တဲ့ကားတွေလည်းပါတယ်။ အဲထဲမှာ ဒဏ်ရာရတဲ့ သူတွေလည်း ပါတယ်။ ဝင်လိုက် ထွက်လိုက်နဲ့ လုပ်နေကြတယ်” လို့ ပြောပါတယ်။

တဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ပိတ်ဆို့ခံထားရတဲ့ စစ်ယာဉ်တန်းထွက်ခွာနိုင်ဖို့ရန်အတွက် ဟန်းဂိုင်ဘွမ့် (Hanggai Bum)နဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) စစ်တပ်ကုန်းနေရာတွေကနေ လက်နက်ကြီးများနဲ့ တစ် ကြိမ်မှာ ၁၀ ကြိမ်ထက်မနည်း KIA တပ်ဖွဲ့တွေရှိတဲ့ နေရာဘက်ကို အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်စခန်းကနေ ထွက်ခွာလာကြတဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ KIA တပ်တွေက လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် အထက်ကို ဆက်သွားလို့မရပဲ တိုက်ခိုက်ခံနေရတာ ၂ ရက်ရှိပြီ ဖြစ်တယ်။

ဒေါ့ဖုန်းယန် တပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းထဲမှာ စစ်အင်အားအပါ စစ်ရိက္ခာအပြည့် တင်လာ ဆောင်လာတဲ့ စစ်ကား ၂၅ စီးရှိပြီး အဲဒီ စစ်ယာဉ်တန်းဟာ ဒေါ့ဖုန်းယန် တပ်စခန်းထဲမှာ ရောက်နေတာ တစ်ပတ် လောက် ရှိပြီဖြစ်သလို နမ်ဆန်ယန် အနီးတဝိုက်မှာရှိတဲ့ စစ်တပ်နေရာတွေမှာ စစ်အင်အား လက်နက် ရိက္ခာတွေ သွားရောက်ပို့ဆောင်ပေးဖို့  တက်လာကြတဲ့ စစ်ယာဉ်တန်းတွေလည်း ဖြစ်ပါတယ်။

လက်ရှိ ဒေါ့ဖုန်းယန်နဲ့ ခလားယန် လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ တိုက်ပွဲပြင်း ထန် နေတာကြောင့် သွားလာရေးလမ်းကြောင်းများ ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် အဲဒီဒေသမှာရှိတဲ့ ဒေသခံရွာသား တွေက သွားလာလို့မရတော့ဘဲ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...