တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုသည် “ဖိနှိပ်မှုများကို ပိုဆိုးရွားစေသည်” ဟု NUG ပြော

တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုသည် “ဖိနှိပ်မှုများကို ပိုဆိုးရွားစေသည်” ဟု NUG ပြော

မြန်မာ့အရေးအပေါ် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက် ၍ အာဆီယံက ကြိုးပမ်းနေပြီး ထိုတွေ့ဆုံဆွေးနွေးရေး တခုတည်းကို ဇောင်းပေးပြီး တိုက်တွန်းနေခြင်းက စစ်ကောင်စီကို အချိန်ပေးခြင်းဖြစ်ပြီး စစ်ကောင်စီ၏ “ဖိနှိပ်မှုများကို ပိုမိုဆိုးရွားစေသည်” ဟု NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

အာဆီယံ၏ ကြိုးစားမှု နှစ်နှစ်တာ ကာလတွင် စစ်ကောင်စီ၏ တုံ့ပြန်မှုကို ကြည့်ပါက စစ်ကောင်စီအနေဖြင့် စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှု မရှိကြောင်း ပြသနေသည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည့် NUG အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောာင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့နည်းသူတို့ ဟန်နဲ့ပဲ ရွေးကောက်ပွဲအကြောင်းပြပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ့်အရေးကို အာရုံစိုက်နေတာ ကို တွေ့ရတယ်၊ ဒါတွေကို ကြည့်ခြင်း အားဖြင့် နိုင်ငံတကာက အခုမေးမြန်းနေတဲ့ စိတ်ဝင်စားနေတဲ့ စေ့စပ် ဆွေးနွေးရေးကို စိတ်ဝင်စားမှုမရှိဘူး၊ လိုက်လျောဖို့မရှိဘူးဆိုတာ ပြနေတာဖြစ်တယ်၊ ဒါကြောင့်မလို့ ကျွန်မတို့ ကို ဒီတွေ့ဆုံဆွေးနွေးရေးတခုတည်းကိုပဲ ဇောင်းပေးပြီးတော့ ပြောနေတာက တိုက်တွန်းနေတာက စစ်ကောင်စီ ကို အချိန်ပေးပြီးတော့ သူ့ရဲ့ဖိနှိပ်မှုတွေကို ပိုမိုဆိုးရွားစေတယ်ဆိုတာကိုပဲ ဖြစ်စေတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်ခုတည်းသော နိုင်ငံရေးလမ်းပြ မြေပုံမှာ ဖက်ဒရယ် ဒီမိုက ရေစီ ပဋိညဉ်သာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောသည်။

“စစ်ကောင်စီက သူ့ရဲ့ ထွက်ပေါက်ဆီကို သွားဖို့လို့ အချိန်ဆွဲတဲ့ Mechanism (ယန္တရား) ကို သုံးနေတာဖြစ်တဲ့ အတွက် ဒါကိုပဲ ဒိုင်ယာလော့ကို အယောင်ပြပြီး သူသက်ဆိုးရှည်ဖို့ လုပ်နေတဲ့ကိစ္စကို ကျွန်မတို့ supporting လုပ် သလိုပဲ ဖြစ်နေမယ့် အခြေအနေမျိုးရှိတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆက်ပြောသည်။

တွေ့ဆုံဆွေးနွေးရေးပြောမည်ဆိုပါက အချိန်အခါနှင့် ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် အရင်ဆုံး သုံးသပ်ရန် လိုအပ် ပြီး စစ်ကောင်စီအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးရေးကို အယောင်ပြကာ သက်ဆိုးရှည်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း NUG၊ PDF တို့ဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း “သွားစရာမရှိ” ဟု အာဏာသိမ်း စစ်ကောင်စီဘက်က ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မြန်မာ့အရေးကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ် အခြေခံထားသည့် အာဆီယံ၏ ကြိုးပမ်းသည် လက်ရှိအချိန်ထိ တစုံတရာ တိုးတက်မှု မရှိကြောင်း မြန်မာ့ အရေး လေ့လာသူများနှင့် စောင့်ကြည့်နေသူများက ဝေဖန်နေကြသည်။

လက်ရှိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ ယခင်ကထက် ပြင်းထန်လာပြီး ယခုဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့သည်။

Most read this week

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
December 20, 2024
မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို...
December 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌...
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်သူများ
December 19, 2024
မွန်တော်လှန်ရေးတပ်များအားလုံးပါဝင်သည့် တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးကို အကောင်ထည်ဖော်ရန်...
December 18, 2024
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို...