ဖားအံအကျဉ်းထောင်က အကျဉ်းသား/သူ ၂၅၈ ဦး ပြန်လွှတ်၊ နိုင်ငံရေးအကျဥ်းသား ၂ ဦးသာပါဝင်

ဖားအံအကျဉ်းထောင်က အကျဉ်းသား/သူ ၂၅၈ ဦး ပြန်လွှတ်၊ နိုင်ငံရေးအကျဥ်းသား ၂ ဦးသာပါဝင်

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အကျဉ်း ထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများ ၇၇၄၉ ဦးအား လွှတ်ပေးခဲ့ရာတွင် ကရင်ပြည် နယ် တောင်ကလေးထောင်မှ အကျဉ်းသား/သူ ၂၅၈ ဦးပါဝင်ပြီး နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ကျအကျဥ်းသား ၂ ဦးသာပါဝင်သည်။

“မနေ့ကလွတ်တာမှာ မူးယစ်မှု၊ ခိုး၊ ဆိုး၊ နိုက်တွေပဲများတယ်။ လွတ်ရက်နီး အကျဥ်းသားတွေပေါ့၊ လွတ်ဖို့ ၆ လ တို့ ၄ လ တို့လောက်ပဲ ကျန်တဲ့သူတွေကို လူရာချီလွှတ်ပေးတာပဲ။ သိရတာက ၅၀၅ နဲ့ ၂ ယောက်လွတ်တယ်။ ကျန်တဲ့ဟာတွေက တခြား ပြစ်မှုတွေကလွတ်တာများတော့ လူ ၂၅၀ ကျော် လွတ်တယ်ပေါ့” ဟု အကျဥ်းသား မိသားစုဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ် မှတ်ချက် ခံဝန်လက်မှတ်ထိုးစေပြီး ဖားအံတောင်ကလေးအကျဉ်းထောင်မှ အကျဉ်းသား/သူ ၂၁၅ ဦး၊ လက္ခဏ စိုက်မွေးစခန်းမှ အကျဉ်းသား ၃၁ ဦး၊ မာလာဖူးကုန်ထုတ်အကျဥ်း စခန်းမှ အကျဉ်းသား ၁၂ ဦးနှင့်ဖားအံထောင်မှ နိုင်ငံခြားသားအကျဉ်းသား/သူ ၈ ဦး စုစုပေါင်း ၂၅၈ ဦး လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

လက်ရှိ ဖားအံတောင်ကလေး အကျဥ်းထောင်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုပါဝင်ကြသည့် ဖြစ်စဥ်များ ကြောင့် ထောင်ကျနှင့် အချုပ်ကျနေဆဲအကျဥ်းသား၊ အချုပ်သား ၂၀၀ ခန့်ရှိပြီး ယခင် ပုဒ်မတပ် ထောင်ချပြီးသူ အကျဥ်းသား ၁၀၀ ကျော်အား ၂၀၂၂ ခုနှစ်အတွင်းက ကျိုက်မရောထောင်၊ ကျိုက်စကောထောင်၊ တောင်ငူ ထောင်၊ သာယာဝတီထောင်တို့အား ထောင်ပြောင်းရွှေ့ခံထားရသည့် အတွက် မိသားစုဝင်များ နှင့် ထောင်ဝင်စာ တွေ့ခွင်မရဘဲ သတင်းအဆက်အသွယ် ပြတ်နေကြောင်း အကျဥ်းသား မိသားစုဝင်များက ပြောသည်။

ယမန်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်မြင့်တို့အား လွတ်ငြိမ်း သက်သာခွင့် ဖြင့် ပြစ်မှု/ပြစ်ဒဏ်နှစ်အလိုက် လျှော့ပေါ့ပေးသည့် အခြေအနေအရ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ၈ နှစ် သက်သာခွင့်ရပြီး ဦးဝင်းမြင့်အနေဖြင့် ၄ နှစ်သက်သာခွင့် ရခြင်းသာ ဖြစ်ကြောင်း တရားရေးဆိုင်ရာ အချက် အလက်များအရ သိရသည်။

စစ်တပ် စစ်အာဏာသိမ်းထားသည့် ရက်ပေါင်း ၉၁၂ ရက်အတွင်း မတရားဖမ်းဆီးခံ ထားရသူ ၂၄,၁၃၀ ဦး အထိ တိုးလာနေကြောင်း၊ ယမန်နေ့ ဒုတိယဝါဆိုလပြည့်နေ့တွင် နိုင်ငံတဝှမ်းအကျဉ်းချခံထားရသူ အကျဉ်းသား (၇၇၄၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) ဖြင့် လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း- AAPP ၏ ကောက်ခံရရှိထားသည့် စာရင်းအရ ဩဂုတ်လ ၁ ရက်နေ့အထိ ကိန်းဂဏာန်းအရ (၁၀၀) ဦး ဝန်းကျင်ကိုသာ အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...