ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ရေးကို တရုတ်ဘက်ကဖွင့်ပေမဲ့ ကုန်ကားတွေမဝင်ရောက်သေး

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ရေးကို တရုတ်ဘက်ကဖွင့်ပေမဲ့ ကုန်ကားတွေမဝင်ရောက်သေး

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ဖွင့်နေပေမဲ့ တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက်ကို ဝင်ရောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ပေမဲ့ မြန်မာဘက်ခြမ်းမှာရှိနေတဲ့ တရုတ်ကုန်တင်ကားတွေသာ တရုတ်ပြည်ဘက်ကို ပြန်သွားကြတာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ကားတွေက မနေ့ကတည်းကနေ ထွက်နေပြီ။ တရုတ်ဘက်ကတော့ (ကုန်တင်ကားတွေ) မဝင်လာသေးဘူး။  မြန်မာဘက်ကတော့ (ကုန်တင်ကားတွေ) ထွက်သွားကြပြီ။”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကန်ပိုက်တီမြို့က နယ်စပ်ဂိတ်ဖွင့်တဲ့အပြင် လျှပ်စစ်မီးတွေ ရနေပြီလို့လည်း ဆိုပါတယ်။

မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့က တရုတ်ဘက်က ပိတ်ထားတဲ့ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဖွင့်ပေးခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်ပေမဲ့ တရားဝင်ကုန်ဝင်၊ ကုန်ထွက် ဖြတ်သန်းလာခွင့်နဲ့ လူအဝင်အထွက်ရှိ၊မရှိကို မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို  ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ကန်ပိုက်တီမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေ မသိမ်းပိုက်ခင် ရှေ့တန်းကာကင်းစခန်းတွေကို တိုက်ခိုက်နေတဲ့အချိန် အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ကန်ပိုက်တီဂိတ်ကို တရုတ်ဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီဂိတ် ပိတ်လိုက်ပြီးနောက်ပိုင်း တရုတ်ဘက်က ကုန်ပစ္စည်းတွေ မဝင်ရောက်တော့တာကြောင့် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ ဓါတ်ဆီတစ်လီတာကို ကျပ် ၁၅,၀၀၀ (တစ်သောင်းခွဲ)လောက်အထိ ရောက်ရှိနေပြီးတော့ လိုသလောက်ဝယ်ယူလို့ မရပါဘူး။

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...