ပညာသင်ခွင့်မရအောင် စစ်တပ်က စာသင်ကျောင်းတွေကို တိုက်ခိုက်နေဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော

ပညာသင်ခွင့်မရအောင် စစ်တပ်က စာသင်ကျောင်းတွေကို တိုက်ခိုက်နေဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော

စစ်ကောင်စီကို အပြင်းအထန်တွန်းလှန်တိုက်ခိုက်နေတဲ့ ကယား (ကရင်နီ)ပြည်မှာ လူငယ်တွေ ပညာသင်ကြား ခွင့်မရအောင် စစ်တပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ ရဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“သူတို့ စိတ်ကြိုက်ပညာရေးစနစ် စိတ်ကြိုက်အုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရတဲ့အတွက်ကြောင့်မလို့ ပညာသင် ကြားတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ ဒါက ဖျက်ဆီးလိုက်တာပေါ့နော်။ ဒီလူတွေ ကျောင်း မသင်ရလေအောင် စာမသင်ရလေအောင် ကလေးတွေကို ကျောင်းမနေရအောင် လုပ်တဲ့နည်းပဲ။ မိဘတွေက လည်း ကလေးတွေကို ကျောင်းမပို့ရဲအောင် လုပ်တဲ့နည်းပဲ” လို့ ဦးဗညားက ပြောပါတယ်။

စစ်ကောာင်စီဟာ ခေတ်အဆက်ဆက် ပြည်သူတွေကို အကြောက်တရားနဲ့ ပညာမဲ့အောင်ပြုလုပ်ပြီး အုပ်ချုပ်လာ ခဲ့တဲ့ ပုံစံအတိုင်း လက်ရှိမှာလည်း ကရင်နီက လူငယ်တွေကို ပညာသင်ကြားခွင့် မရရှိအောင် ပြုလုပ်နေတာ ဖြစ် တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

လက်ရှိကရင်နီမှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ လွိုင်ကော်မြို့ပေါ်မှာ ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာ တော့ စစ်ရှောင်တွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားပေးတဲ့ ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေရ ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီး သွားတဲ့ စာသင်ကျောင်း အရေအတွက် အတိအကျကိုမသိရသေးပေမဲ့ အခုနှစ်ဇူလိုင်လ အတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

ဒါ့အပြင် တိုက်ပွဲမဖြစ်တဲ့ နေရာတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေ နဲ့ နေအိမ်၊ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ရတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မိဘတွေက သားသမီးတွေကို ကျောင်းထားဖို့ အတွက် စိုးရိမ်နေရ သလို ကျောင်းသူကျောင်းသားတွေကလည်း ကျောင်းတက်ဖို့ ကြောက်ရွံ့နေသူတွေလည်း ရှိနေပါတယ်။

စာသင်ကျောင်း ကို ဗုံးကြဲခံရတဲ့ ကျောင်းသူတစ်ဦးက “စာသင်ရတာ ဆင်မပြေဘူး။ အမြဲတမ်းကြောက်စိတ်ရှိ တယ်။ လေယာဉ်လာမှာကိုကြောက်တယ် စာသင်တာ လည်း ပုံမှန်မသင်သွားဘူး။ ကြောက်စိတ်တွေရှိတော့ စာ သင်နေတာ ဆင်မပြေဘူး။ အခု ကျမတို့ဒီကို ပြေးလာ တယ် ဆင်မပြေဘူး။ စာသင်ချင်လည်း သင်မရဘူး စာကို ပြန်သင်ချင်တယ်။ စာသင်နေချိန်မှာ လက်နက်ကြီးသံ တွေ ကြားရင် ကျောင်းခဏခဏ ပိတ်တယ်။ ကျမတို့ ကျောင်းတက်ရရင်လည်း နေ့တစ်ပိုင်းပဲ တက်ရတယ် ည တစ်ပိုင်းဆို စာမသင်ရဘူး ဆင်မပြေဘူး။ ကျောင်း ပြန်တက်ပြီး စာပြန်သင်ချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်လာပြီး လူအစုအဖွဲ့တွေ များများရှိနေနိုင်တဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးပေးခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေ တယ်လို့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးသူတစ်ဦးက “စစ်ဇုံမဟုတ်တဲ့ ဘာသာရေး အဆောက်အအုံတို့ စာသင်ကျောင်းဆောင်တို့ကို လေယာဉ်နဲ့ တိုက်ခိုက်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ မြေပြင်မှာ ကျနော်တို့သွားလာတဲ့အချိန်မှာလည်း ကြုံတွေ့ရတယ် မြင်ရ တယ်။ ဘာကြောင့်လဲဆိုရင် အကြမ်းဖက် စစ် ကောင်စီသည် သူတို့ရဲ့ရန်သူဟာ ပြည်သူတွေဖြစ်နေပြီ ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး ချေမှုန်းနေတယ်ပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာပဲ ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းက စာသင်ကျောင်းလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရတာကြောင့် ကျောင်းသူကျောင်းသား ရာနဲ့ချီ စာသင်ကြားခွင့်ဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင် ၄ ထောင်နီးပါးဟာ လက်ရှိမှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ယာယီခိုလှုံနေရပါတယ်။

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...