ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား

ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား

စစ်ကိုင်တိုင်း၊ ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦးလည်း မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ အကြား ဇူလိုင်လ ၁၂ ရက်နေ့၊ နေ့လည် ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက မြေပြင်မှာ စစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့ ၅ ရက် လောက်ကတည်းက ဦးတည် လှုပ်ရှားနေတာ မနေ့က ကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့ မြေပြင်ကို အပြတ်သတ် ချေမှုန်းတာပေါ့။ ဝေဟင်က ပစ် ခတ်မူကြောင့် ရဲဘော် တစ်ယောက်ကျဆုံးခဲ့တယ် “ လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဝေဟင်ကနေ Mi35 ရဟတ်ယာဥ် နှစ်စီးနဲ့ ၃ နာရီကြာ ပျံဝဲကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက် နုံးကျေးရွာက နေအိမ်တချို့နဲ့ အဆောက်အအုံ တချို့လည်း ပျက်ဆီးခဲ့ရတယ်လို့သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေပြင်ရော ဝေဟင်ကပါ အင်အားသုံး တိုက်ခိုက်လာတာကြောင့် ကာကွယ် ရေး တပ်တွေ နောက်ဆုတ်ပေးခဲ့ရပြီး ညနေ ၅ နာရီလောက်မှာ မြို့ကြီးရွာကို ဝင်ရောက်စီးနင်း မီးရှို့ ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့က မြေပြင်ရော ဝေဟင်ရော သုံးတော့ ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခဲ့ရတာပေါ့။ အဲ့မှာ မြေပြင် စစ် ကြောင်းက မီးရှို့တာကြောင့် မြို့ကြီးရွာက နေအိမ် ၄၁ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်။ မြို့ကြီးရွာကိုပဲ ဝင်ပြီး မီးရှို့ တာပေါ့“ လို့ ပြောပါတယ်။

ဒါ့အပြင် မြို့ကြီးကျေးရွာကို မီးရှို့ခံရမူမှာ ဒေသခံ အဘွားအို တစ်ဦးလည်း မပြေးနိုင်ဘဲ မီးလောင် သေဆုံးခဲ့ရ တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ် ဘက်ကတော့ မြို့ကြီးရွာကို မီးရှို့ပြီးတဲ့ နောက်မှာ ယင်းမာပင်မြို့ပေါ်က အထိုင်စခန်းကို ပြန် လည် ဝင်ရောက်သွားခဲ့ပေမဲ့ နှစ်ဘက် စစ်ရေးတင်းမာနေဆဲ ဖြစ်သလို တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။

“ဒီနေ့ထိတော့ စစ်ရေးက တင်းမာနေဆဲလို့ ပြောလို့ရတယ်။ သူတို့က မြို့ထဲကိုဝင်သွားပေမဲ့လို့ တိုက်ပွဲတွေဆက် ပြင်းထန်လာမယ်လို့ ထင်တယ်။ မိုးတွင်း ရောက်ပြီဆိုရင် ဒီမှာက‌ မြေကစီးတယ်။ ပွိုင့်ဖိနပ်တွေ စီးလို့မရဘူး။ ချောင်းမြောင်းလည်း ပေါတယ်။ အခု မိုးမကျခင်မှာ စစ်ကြောင်းက မဖြစ်မနေထိုးအုံးမယ်လို့ ထင်တယ်” လို့ သုံး သပ်ပါတယ်။

လက်ရှိ အခြေအနေတွေကြောင့် လေးရွာ၊ ရွာထောင်၊ မြေကြက်ဆူ၊ မြို့ကြီးနဲ့ မြောက်နုံးရွာတွေအပြင် အနီးက ဒေသခံ ၇ထောင်ကျော် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ ၇သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။

Most read this week

ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...
October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...