သံချပ်ကာနဲ့ အမြောက်တပ်တွေပါမယ့် စစ်တပ်စခန်းကို တနိုင်းမြို့အနီးမှာ စတင်ဆောက်လုပ်နေ

သံချပ်ကာနဲ့ အမြောက်တပ်တွေပါမယ့် စစ်တပ်စခန်းကို တနိုင်းမြို့အနီးမှာ စတင်ဆောက်လုပ်နေ

ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမပေါ်  တနိုင်းမြို့အဝင် နမ့်ဖျက်ကျေးရွာနဲ့ ကပ်လျက် ဧက ၂၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ်၊ အမြောက်တပ်တွေ စခန်းချမယ့် တပ်စခန်းကြီးတစ်ခုကို စစ်တပ်က ဆောက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်ရင်း ၄ ခုလောက် စခန်းချနိုင်မယ့် အဲဒီစစ်တပ်အတွက် ရွာနဲ့ ပေ ၅၀၀ လောက်အကွာ မြေဧက ၂၀ ဝန်းကျင် ထဲမှာ အုပ်တံတိုင်းကာတာ၊ နှစ်ရှည်ပင်စိုက်ပျိုးတာတွေ၊ ဘုရားစင်နေရာ ဆောက်လုပ်တာတွေကို လုပ်နေတာ မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ တပ်စခန်းနေရာဟာ လူနေအိမ်တွေနဲ့ နီးကပ်လွန်းတဲ့အတွက် ဆောက်လုပ်မယ့်အစီစဉ်ကို ရုတ်သိမ်းပေးဖို့ ဒေသခံ ရပ်မိရပ်ဖတချို့က နမ့်ဖျက်ရွာမှာ အခြေစိုက်ထားတဲ့ ခမရ ၃၉၀ တပ်ရင်းမှူးနဲ့ သွားရောက်တွေ့ဆုံပြီး တောင်းဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

“ကျနော်တို့တွေက ရွာထဲမှာဖြစ်နေတဲ့ အတွက် အဲ့ဒီနေရာမှာ မထားပေးဖို့ သွားပြောခဲ့သေးတယ်။ ဒါပေမယ့် သူ တို့ဘက်က ကန့်ကွက်မယ်ဆိုရင် အခုကန့်ကွက်လို့ မရတော့ဘူး။ သူတို့ကဒီနေရာမှာ လာနေတာ သုံး၊ လေးနှစ် လောက် ကြာပြီဖြစ်တယ်။ စာချုပ်ချုပ်ထားတဲ့နေရာဖြစ်တယ်။ ပြီးရင် စာထုတ် အသိပေးထားတာလည်း ရှိတယ် လက်မခံဘူး ဆိုပြီး ပြောလာတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်နေတဲ့ တပ်စခန်းပြီးစီးသွားရင် ပြီးခဲ့တဲ့ ၂ နှစ်လောက် ကတည်းကနေ နမ့်ဖျက်ရွာမှာ ရောက်နေတဲ့ ခမရ ၃၉၀ တပ်ရင်းရဲ့ သံချပ်ကာတပ်၊ လေတပ်၊ အမြောက်တပ်တွေအတွက် အခိုင်အမာ စခန်းဖြစ်လာမယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

အဲ့ဒီနေရာကို စစ်တပ်ကနေ ၂၀၂၁ ခုနှစ်မှာ တပ်ပိုင်မြေနေရာအဖြစ် သတ်မှတ်ယူလိုက်ပြီးတော့ အခုနှစ် မေလ အတွင်းမှာပဲ တပ်စခန်းသစ် ဆောက်လုပ်မှုကို စတင်လာခဲ့ရာ ဒေသခံတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။

“သွားရေးလာရေး ခက်ခဲလာမှာထက် အခုက ရွာထဲမှာကို ဖြစ်နေတာဖြစ်တဲ့အတွက် ရွာသားတွေက ပိုပြီး ကြောက်နေကြတယ်။ အိမ်တွေနဲ့လည်း ကပ်နေတာဖြစ်သလို ကားလမ်းနဲ့လည်း ဖာလုံလောက်ပဲရှိတာ။ အဲ့ထဲ မှာရွာကလည်း သေးသေးလေးဆိုတော့ ရွာနေရာလည်းဘာမှ မကျန်တော့ဘူး။ ရွာကြီးလာဖို့တောင် ခက်ခဲနေတဲ့ အချိန်မှာ ဒီလိုမဖြစ်သင့်ဘူး။ အဲ့ကြောင့် ဖြစ်နိုင်ရင်တော့ ရုတ်သိမ်းပေးစေချင်တယ်” လို့ နမ့်ဖျက် ဒေသခံ တစ်ယောက်က ပြောပါတယ်။

စစ်တပ်စခန်း ဆောက်နေတဲ့နေရာဟာ KIA တပ်မဟာ ၂ လက်အောက်မှာရှိတဲ့ KIA တပ်ရင်း ၁၄၊ ၄၃ တပ်ဖွဲ့တွေ အဓိက နယ်မြေစိုးမိုးထားတဲ့ နမ့်ဗျူ၊ နမ့်ခမ်၊ အင်ဂါးဂါး၊ ဂါးရှားရား၊ ပယင်းမှော်၊ မိုင်းခွန် နဲ့ လပူခစတဲ့ ဒေသ တွေနဲ့ ၈ မိုင်၊ ၁၀ မိုင်အကွာလောက်ပဲ ရှိတဲ့အတွက် စစ်တပ်ဟာ အဲ့ဒီနေရာတွေကိုပါ ထိန်းချုပ်ဖို့ အခုလို လုပ် ဆောင်တာဖြစ်တယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။

“ဘာလို့လဲဆိုတော့ KIA ထိန်းချုပ်ထားတဲ့ အောင်လော့ဒ်ရွာတွေကိုလည်း ဒီကနေ လက်လှမ်းမှီတယ်လေ။ အဲ့ဒီထဲ မှာ တပ်ရင်း ၄ ခု ပါဝင်တယ်ဆိုတော့ ပိုပြီး စိုးရိမ်တယ်။ သူတို့သာ ဒီနေရာမှာ ထိုင်လိုက်ပြီဆိုရင် စစ်အင်အားထိုး ပြီး သွားစရာတောင် မလိုတော့ဘူး။ ဒီကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုရင်ရတယ်။ အဲ့ကြောင့် KIA ကို အဓိက ထားပြီး လုပ်လာတယ်လို့ပဲ မြင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တနိုင်း၊ လီဒိုလမ်းမပေါ်မှာ ရှိကြတဲ့ နမ့်ဖျက်ရွာအပါအဝင် တိန်ကောက်၊ အောင်ရာရွာက ဒေသခံတွေ ဟာ ဒေသတွင်း မသင်္ကာမှုတွေကြောင့် ဖမ်းဆီးရိုက်နက်ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေ ဖြစ်လာမှာကို စိုးရိမ် တယ်လို့ ပြောပါတယ်။

အခုလို စစ်တပ်တပ်က စစ်စခန်း ဆောက်လာတဲ့အတွက် ဒေသခံ တချို့ ရွာကနေ ရွှေ့ပြောင်းနေထိုင်ချင် ကြပေ မယ့် ရွှေ့ပြောင်းမှုတွေ မလုပ်ကြဖို့ စစ်တပ်က တားမြစ်ထားတယ်လို့ ဆိုပါတယ်။

အခု တပ်နေရာအသစ်ချထားတဲ့ မြေနေရာဟာ အရင် ယုဇနကုမ္ပဏီက ဒေသခံတွေဆီကနေ ရယူသိမ်းပိုက် ထားတဲ့ မြေနေရာဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ်မှာ ယုဇနကုမ္ပဏီက ဟူးကောင့်ဒေသကနေ ထွက်ခွာသွားတဲ့ နောက် ပိုင်း အဲ့ဒီမြေနေရာတွေကို စစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး တပ်နေရာ ပြန်တည်ဆောက်လာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမြေနေရာဟာ အရင်က နမ့်ဖျက်ကျေးရွာဟောင်း ဖြစ်ပြီး ၂၀၀၇ ယုဇနကုမ္မဏီ ရောက်လာပြီးနောက် ဒေသခံ တွေ ပိုင်ဆိုင်တဲ့ မြေနေရာတွေကို သိမ်းယူလိုက်ပြီး စိုက်ပျိုးမြေ သတ်မှတ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

နမ့်ဖျက်ရွာကနေ တနိုင်းမြို့ပေါ်အထိ စစ်တပ်စခန်း ၄ ခုနဲ့ စုပေါင်းဂိတ်တစ်ခု စုစုပေါင်း စစ်ဆေးရေးဂိတ် ၅ ခု ရှိပြီး နမ့်ဖျက်ရွာမှာ ခမရ ၃၉၀ တပ်ရင်း၊ တိန်းကောက်ကျေးရွာမှာ ခမရ ၃၈၂ တပ်ရင်း၊ ကောင်ရာ ခလရ ၂၆၀ တပ်ရင်းနဲ့ ၅ မိုင် တပ်စခန်း တို့ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်တပ်တွေကို တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) က ထိန်းချုပ်နေပြီး ဟူးကောင်း ချိုင့်ဝှမ်းဒေသ KIA တပ်မဟာ ၂ ကို ထိန်းချုပ်ဖို့ စစ်ဗျူဟာအရ လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...