သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည်၊ သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်သခင်ဝင်ရောက်စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA က ဖမ်းဆီးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ ညက သိန္နီမြို့ ရပ်ကွက် ၁ အတွင်းရှိ အသက် ၄၀ နှစ်အရွယ် စိုင်းကျော် (အမည်လွဲ) ကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုစွပ်စွဲပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်ရှိအချိန်ထိ စိုင်းကျော်ကို ပြန်လွတ်ပေးခြင်းမရှိဘဲ ကျပ်သိန်း ၂၀ ဖြင့် ပြန်လာရွှေးထုတ်ပါက ပြန်လွတ်ပေးမည်ဟု MNDAA ကကမ်းလှမ်းခဲ့ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမရဲ့ အမျိုးသားကို ခဏခေါ်သွားမယ်ဆိုပြီး ညအချိန်ကြီး အိမ်မှာလာဖမ်းသွားတာ။ ဖမ်းသွားတာ ၁၅ ရက်ရှိပြီ အခုချိန်ထိ ပြန်မလွှတ်သေးဘူး။ ကျပ်ငွေ ၂၀ သိန်း ပေးနိုင်ရင်တော့ ပြန်လွှတ်ပေးမယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအား သိန္နီမြို့ရှိ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမျိုးသမီးအပါအဝင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၀၀ ခန့်ရှိသည်ဟု  ကိုယ်တိုင်မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူ ၂၀၀ ခန့်အနက် အချို့မှာ MNDAA မှ တောင်းဆိုသော ကျပ်ငွေ သိန်း ၂၀ တန်ဖိုးကို ပေးဆောင်နိုင်သဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း၊ ပိုက်ဆံမပေးနိုင်သူများကမှု ရဲစခန်းတွင် ထိန်းသိမ်းထားခံရဆဲကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။

“အခုကျပ်သိန်း ၂၀ ဆိုတာက မလွယ်ဘူးလေ။ သိန္နီမြို့မှာက ဘာအလုပ်မှလည်းမရှိဘူး။ ရှိတဲ့ကားလေး ၁ စီးကို ရောင်းမယ်ဆိုတော့လည်း ဘယ်သူမဝယ်ဘူး။ အခုက အလုပ်မဖြစ်တာ။ ရွှေရောင်းပြီး သွားထုတ်မယ်ဆိုလည်း ဘာရွှေမှလည်း မရှိဘူး။ အခုစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာလာကြဲတာ ဘယ်ကိုပြေးလို့ပြေး ရမှန်းလည်းမသိ။ ဘာကို ဆက်လုပ်လို့လုပ်ရမှန်း မသိတော့ဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ လတ်တလောတွင် ကိုးကန့်တပ်မတော် MNDAA ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

အလားတူ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်မှုမရှိဘဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနှင့် ရွှေးခိုင်းနေကြောင်း သိရသည်။

November 22, 2024
သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး...
တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လွှဲအပ်နေစဉ် (ဓာတ်ပုံ – WSTV)
November 21, 2024
သျှမ်းပြည်၊တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို...
November 20, 2024
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO...
ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု
November 20, 2024
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊...