ဆဒုံးတိုက်ပွဲမှာ KIA ရဲ့ တပ်စခန်းတစ်ခု နောက်ဆုတ်ပေးလိုက်ရ

ဆဒုံးတိုက်ပွဲမှာ KIA ရဲ့ တပ်စခန်းတစ်ခု နောက်ဆုတ်ပေးလိုက်ရ
ရှေ့တန်းတစ်နေရာက KIA စစ်သားများ
ရှေ့တန်းတစ်နေရာက KIA စစ်သားများ

ဆဒုံး- ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တစ်ပတ်ကျော်ကာလ အတွင်းမှာ KIA တပ်စွဲနေထိုင်ထားတဲ့ လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ KIA ရဲ့ ရှေ့တန်းသတင်းရင်း မြစ်တွေက ပြောပါတယ်။

စစ်တပ်က ရွှေမင်းပြည်သူ့စစ်အဖွဲ့နဲ့ ပူးပေါင်းပြီး စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကနေကစပြီး စစ်ကောင်စီတပ်ရဲ့ ခမရ-၃၈၄တပ်နဲ့ ရွှေမင်းပြည်သူ့စစ် ပူးပေါင်းတပ်တို့ဟာ ဆဒုံး - ကန်ပိုက်တီ လမ်းကြောင်းကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ KIA တပ်ရင်း ၃ နယ်မြေဘက်ကို စစ် ကြောင်းထိုး ဝင်ရောက်လာရာကနေ တိုက်ပွဲပြင်းထန်နေတာပါ။

ထိတွေ့တိုက်ပွဲ တစ်ပတ်အတွင်းမှာ စစ်တပ်ဘက်က လေကြောင်းနဲ့ လာရောက်ပစ်ကူတာတွေရှိသလို ဇူလိုင်လ ၃ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က  ဝူယန်ကျေးရွာမှာနေတဲ့ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်အင်အား ထပ် ဖြည့်လာပြီး ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့နေတာ ဖြစ်တယ်လို့ ဆိုပါ တယ်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်နေစဉ်အတွင်း ဇူလိုင်လ ၄ ရက်နေ့မှာတော့ KIA နယ်မြေက လဂတ်ကောင် တပ်စခန်း ကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

“တိုက်ပွဲက ရက်ပေါင်း ၁၀ ရက်နီးရှိလာပြီလေ။ သူတို့ဘက်ကလည်း အထိနာလို့ လေကြောင်းကနေ လာပစ်ကူ တာလည်း ရှိတယ်။ မနေ့ကတော့ သူတို့ဘက်ကဝူယန်ဘက်က အင်အားထပ်ဖြည့်လာတာ ကားတစ်စီးမိုးကာ အုပ်ပြီး စစ်ကြောင်းထပ်ထိုးလာတာ တိုက်ပွဲလည်းပြင်းထန်ခဲ့တယ်။ စခန်းတစ်ခုတော့ နောက်ဆုတ်ပေး လိုက် ရတယ်” လို့ ပြောပါတယ်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို KIA ဘက်ကလည်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေက  ဆက်ပြောပါတယ်။

လက်ရှိချိန်မှာတော့ နှစ်ဖက်စစ်ရေး တင်းမာနေသေးတာကြောင့် ဆဒုံး-ကန်ပိုက်တီ သွားလမ်းမကြီးမှာ ခရီးသွား ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီဘက်က တားမြစ်စစ်ဆေးတာ ကန့်သတ်တာတွေ လုပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဆဒုံး-ကန်ပိုက်တီလမ်းမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ KIA ရဲ့ ခွင့်ပြုချက်နဲ့ အခွန်ကောက်နေတဲ့ ဂိတ်တစ်ခုကို ရွှေမင်းပြည်သူ့စစ်တပ်က သွားရောက် ပစ်ခတ်ခဲ့တာကြောင့် လုပ်ငန်းရှင် ၃ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးခဲ့ပါ တယ်။

ဒီဖြစ်စဉ်နောက်ပိုင်း ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား စစ်ရေးတင်းမာမှုအရှိန် သိသိ သာသာ မြင့်တက်လာပြီးတော့ အခုဆို တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ရှိပြီ ဖြစ်ပါတယ်။

ဆဒုံး- ကန်ပိုက်တီလမ်းပိုင်းမှာ စစ်ရေးတင်းမာနေစဉ် အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ မြစ်ကြီးနား၊ နမ့်ကျင် စီးပွားရေးဇုံအတွက် ဆွေးနွေးဖို့ ရောက်လာတဲ့ ယူနန်ပြည်နယ် တရုတ်ကိုယ်စားလှယ်တွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဆဒုံး လနားရေတံခွန်နားမှာ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Most read this week

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...