ဖားကန့်တွင် KIO တိုက်နယ်ရုံးကို စစ်ကောင်စီက အလစ်ဝင်တိုက်ပြီး ရုံးကို မီးရှို့ဖျက်ဆီး

ဖားကန့်တွင် KIO တိုက်နယ်ရုံးကို စစ်ကောင်စီက အလစ်ဝင်တိုက်ပြီး ရုံးကို မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကချင်လွတ်ရေးအဖွဲ့ (KIO) ရဲ့ တိုက်နယ်ရုံးကို စစ်ကောင်စီကနေ အလစ်ဝင် ရောက် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ (ဒီကနေ့) မနက် ၁၀ နာရီအချိန်လောက်မှာ ရုံးကို မီးရှို့ ဖျက်ဆီးနေ ပါတယ်။

စစ်ကောင်စီကနေ  ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်(၃)မှာ ဖွင့်လှစ်ထားတဲ့ KIO တိုက်နယ်ရုံးကို ဒီကနေ့မနက် သုံးနာရီခွဲကနေ လေးနာရီခွဲအထိ သေနတ်တွေပစ်ခတ်ပြီး ဝင်စီးခဲ့တာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“အပြန်အလှန် ပစ်တာမျိုးတော့ မရှိဘူး။ သူတို့ ခရိုင်ရုံးက သူတွေပဲရှိတော့ အိမ်စောင့်တဲ့သူတွေရှိမယ်။ ပြီးတော့ ဖမ်းထားတဲ့သူတွေကို စောင့်တဲ့သူရှိမယ်။ လေးငါးယောက်ပေါ့။ အဲဒီလောက်ပဲ တခြားဘယ်သူမှ မရှိဘူး။ သေ နတ်ကိုင်တဲ့သူမရှိဘူး” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဝင်ရောက်စီးနင်းတဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရပြီး ဘယ်နှစ်ယောက် ထိခိုက်လဲ ဆိုတာတော့ အတိအကျမသိရသေးဘူးလို့လည်း ပြောပါတယ်။

KIO တိုက်နယ်ရုံးက လူတွေအပါအဝင် အနီးအနားက မသင်္ကာတဲ့သူ ၃၀ ကျော်ကို လည်း စစ်တပ်က ဖမ်းဆီး သွားတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၀ ရက်နေ့ ညကလည်း ဆိုင်းတောင်မှော်ရှန်ရပ်ကွက်၊ ရွှေနဂါးကုန်စုံဆိုင်အနီးလမ်းဆုံမှာ စစ်ကောင်စီ အင်အား ၃၀ ကျော်ခန့်က အရပ်ဝတ်တွေနဲ့ ကားတစ်စင်းကို တားတဲ့အချိန် မရပ်ပေးဘဲ ထွက်ပြေးခဲ့တာကြောင့် သေနတ်နဲ့ လိုက်ပစ်ခဲ့လို့ ကားသမား သေဆုံးခဲ့ပါတယ်။

ထွက်ပြေးမောင်းသွားတဲ့ကားပိုင်ရှင်က ရှန်းကုန်းစျေးအပေါ်ကုန်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီး နောက် ထပ် ကားတစ်စင်းပေါ်က လူတွေကိုလည်း ဖမ်းသွားခဲ့တယ်လို့ ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

ဒါအပြင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင်းက နေရာနှစ်နေရာမှာ ဇွန်လ ၂၀ ရက်နေ့၊ မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်သားတွေကနေ ကားတွေကို တားဆီးစစ်ဆေးတာတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

ကာမိုင်းမြို့တွင်းတစ်နေရာနဲ့ ကာမိုင်းအုပ်စု၊ ကောင်ရာကျေးရွာဘက် တစ်နေရာမှာ မိုးကောင်းမြို့ဘက်ဘက် အတက်၊ အဆင်းလုပ်နေတဲ့ ခရီးသွားကားတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေကြတယ်လို့ ကာမိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ ကားတွေကို ဖမ်းဆီးထားတာတွေ မတွေ့ရတဲ့အတွက် ငွေကြေး ကောက် ခံပြီး ပြန်လွှတ်တာတွေ လုပ်ဆောင်နေတဲ့ အနေအထားဖြစ်နိုင်တယ်လို့ သိရပါတယ်။

“ပိုက်ဆံ‌တောင်းတာတယ် ထင်တယ်။ ဖမ်းတာတော့ မ‌တွေ့မိဘူး။ မိုးကောင်း အတက်၊ အဆင်းလုပ်နေတဲ့ ကား တွေ ဟုတ်တယ်” လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ အထက်ပါ နေရာ နှစ်ခုမှာ စစ်ကောင်စီတပ်သားတွေ အယောက် ၂၀ ကျော်စီ စောင့်ကြပ်နေကြတယ်လို့ သိရပြီး စစ်ကောင်စီ တပ်သားတွေဟာ ကာမိုင်းဗျူဟာကုန်းဘက်က ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကပဲ စစ်ကိုင်းဘက်ကနေ တပ်ပြောင်းလာတဲ့ စစ်ကောင်စီ တပ်မ (၃၃) တပ်သားတွေ ကာမိုင်း ဗျူဟာကုန်းဘက် ရောက်ရှိခဲ့ပြီး ကာမိုင်းမြို့တွင်းနဲ့ မြို့ပြင်ဘက် လမ်းဆုံတွေမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်ကလည်း ကာမိုင်းမြို့ လမ်းဆုံဂိတ်မှာလည်းး  ခရီးသွားကားတွေကို ယာဉ် မောင်းလိုင်စင်နဲ့ လိုင်စင်မဲ့ကားတွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ခရီးသွားလိုင်စင်မဲ့ကား ၁၀ စီး ထက်မနည်း ဖမ်းခံရတာတွေ ရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ  အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကားတွေကို တားဆီးစစ်ဆေးတာ၊ တားဆီး စစ် ဆေးချိန် ရပ်မပေးရင် ပစ်ခတ်ဖမ်းတီးတာတွေ လုပ်နေသလို KIO/KIA အဖွဲ့ဝင်တွေအပြင် သူတို့နဲ့ ပတ်သက် ဆက်နွယ်တဲ့သူတွေကိုလည်း လိုက်လံ စုံစမ်းဖမ်းဆီးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

Most read this week

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...