နိုင်ငံခြား စီမံကိန်းတခု အတွက် ကျောက်ဖြူမှ နေအိမ်တချို့ ကို အတင်း ရွှေ့ခိုင်းနေ

နိုင်ငံခြား စီမံကိန်းတခု အတွက် ကျောက်ဖြူမှ နေအိမ်တချို့ ကို အတင်း ရွှေ့ခိုင်းနေ
by -
မောင်အေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားမှ တည်ဆောက်မည့် စီမံကိန်း တစ်ခု အတွက် လူနေ အိမ်များကို လျှော်ကြေးငွေ အနည်းငယ်ပေးပြီး အတင်း ပြောင်းရွှေ့ခိုင်းနေသည်ဟု သတင်းရရှိ သည်။

Kyauk-Pru-village-road-cons
" အိမ်တစ်ဆောင်ကို ကျပ်တစ်သိန်းစီ လျှော်ကြေးပေးမယ်ဆိုပြီး အတင်း ပြောင်းရွှေ့ခိုင်းနေပါတယ်။ အခုလို ရွှေ့ခိုင်းတာကို မကျေနပ်တဲ့ ကျွန်တော်တို့ရွာသားတွေက ပြည်နယ် ၀န်ကြီးချုပ်ကိုရော၊ သက် ဆိုင်ရာ အဖွဲ့အစည်းတွေကိုရော၊ နိုင်ငံရေး ပါတီတွေကိုရော တိုင်ကြားထားပါတယ်" ဟု အိမ်များပြောင်း ရွှေ့ခံရမည့် စဉ်ခုန်မော် ကျေးရွာသား တစ်ဦးက ပြောသည်။

အာဏာပိုင်များ အတင်းပြောင်းရွေ့ရန် ဖိအားပေးခံနေရသည့်ကျေးရွာမှာ စဉ်ခုံမော်ရွာ ဖြစ်ပြီးကျောက်ဖြူ မြို့ အရှေ့ ဘက် မြို့နှင့်တမိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။ အဆိုပါ ကျေးရွာမှ လူနေအိမ် ၂၅ ဆောင်ကို အာဏာပိုင်များမှ အတင်းပြောင်းရွှေ့ စီစဉ်နေကြောင်း သိရသည်။

" မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ယောက်လုံး လွန်ခဲ့တဲ့ အပတ်ကလာပြီးဒီနေရာက မြေတွေကို အိန္ဒိယကုမ္ပဏီ တခုက ၀ယ်ထားတယ်။ ဒါကြောင့် ဒီနေရာကဖယ်ပေးရမယ်။ တအိမ်ကိုငွေတ သိန်း ပေးမယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူ မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စဉ်ခုန်မော် ကျေးရွာမှ အိမ် ၂၅ ဆောင်ကို ပြောင်းရွှေ့ရန် စီစဉ်နေခြင်းမှာ ဟုုတ်မှန်ကြောင်းနှင့် ရွာသားများမှမကျေနပ် သဖြင့် ကျောက်ဖြူရုံးသို့ထိ လာရောက် တိုင်ကြားခဲ့ကြောင်း ပြောကြားသည်။

" ရွာက မိန်းမတွေရော၊ ကလေးတွေ ပါအဝင် လူတွေက ဆိုက်ကားတွေနဲ့ ရတပ ရုံးကို လာရောက် တိုုင်ကြားထားပါတယ်။ အခု ကျွန်တော်တို့ကလည်း ဒီကိစ္စကို ပြည်နယ် ၀န်ကြီးချုပ်ထိ စာရေးပြီး အကြောင်းကြားထားပါတယ်။ အကြောင်း ပြန်ကြားတာတော့ တစုံတရာ မရှိသေးပါဘူး" ဟု ပြောသည်။

ကျေးရွာသားများ လာရောက်တိုင်တန်းကြားပြီးနောက်ပိုင်း ကျောက်ဖြူ မြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စား လှယ် ဦးတင်ဖေကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ဖုန်းဆက် အကြောင်းကြား တင်ပြ ထားသော်လည်း ယနေ့တိုင် တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

" ပြောင်းရွေ့ပေးရမယ့် နေအိမ် တစ်လုံး အတွက် ငွေတသိန်းဆိုတာက မုန့်ဖိုးလောက်လဲ ရှိပါတယ်။ ဒီဒေသမှာ ဓနိ၊ ၀ါးနဲ့ သစ်တွေ အရမ်းစျေးကြီးတော့ ပိုက်ဆံ တစ်သိန်းနဲ့ ဘယ်လိုမှ အိမ်ဆောက်လို့ မရနိုင်ပါဘူး။ ဆင်းရဲ မိသားစုတွေဆိုတော့ သူတို့က ပိုက်ဆံ တစ်သိန်းပေးပြီး ထင်သလို လုပ်တဲ့ သဘောပါ" ဟု သူက ဆက်ပြောသည်။

ယခု ကျောက်ဖြူတွင် နိုင်ငံခြား စီမံကိန်းများကြောင့် အိမ်ရာ စျေးများ မြင့်တက်နေသဖြင့် အနည်းဆုံး အိမ်တစ်လုံးကို သိန်း ၁၀၀ ခန့် ပေးသင့်သည်ဟု သူက ပြောသည်။ ယခု အိမ်များကို ပြောင်းရွှေ့ခိုင်း နေသည်မှာ အဆိုပါ နေရာတွင် အိန္ဒိယ ကုမ္ပဏီ တစ်ခုမှ စီမံကိန်းရှိ နေ၍ ဖြစ်ကြောင်း သိရသည်။

Most read this week