ရခိုင်ပြည်နယ် အနှံံအပြားမှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား သတင်းများ

ရခိုင်ပြည်နယ် အနှံံအပြားမှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား သတင်းများ
by -
နိရဥ္စရာ သတင်းဌာန

မင်းပြားမြို့တွင် ပြုလုပ်သော အခမ်းအနားကို နံနက်(၉)နာရီတွင် စတင်ဖွင့်လှစ်ပြီးရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ မြို့နယ်ကော်မတီဝင် များနှင့် ပါတီဝင်များ၊ လူထုများ မတ်တပ်ရပ် ဥတ္တမ ရုပ်ပုံရှေ့တွင် ပန်းခွေချပြီး ဂါရဝ ပြုကြသည်။

မင်းပြားမြို့
-----------

မင်းပြားမြို့တွင် ပြုလုပ်သော အခမ်းအနားကို နံနက်(၉)နာရီတွင် စတင်ဖွင့်လှစ်ပြီးရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ မြို့နယ်ကော်မတီဝင် များနှင့် ပါတီဝင်များ၊ လူထုများ မတ်တပ်ရပ် ဥတ္တမ ရုပ်ပုံရှေ့တွင် ပန်းခွေချပြီး ဂါရဝ ပြုကြသည်။

72th-Ottama-day-in-Sittwe-2011-pic-13သဘာပတိ ဦးမောင်မြင့်မှ မိန့်ခွန်းပြောကြားသည်။ ဥက္ကဌ ဦးမောင်သိန်းထွန်းမှ အမှာစကားပြောသည်။ မင်းဘူးကျေးရွာ မှ သမိုင်းသုတေသီ ဦးအောင်မြရွှေမှ ဆရာတော်၏ ထေရုပတ္တိအား ပြောကြားသည်။ ဦးမောင်မြအောင်မှ နိုင်ငံရေးလှုပ်ရှားမှုအကြောင်း ပြောကြားပြီး ဆရာတော်၏ သမိုင်းဝင် မိန့်ခွန်းများကို စာရေးဆရာ မင်းပြား မင်းသိမ်းထွန်းမှ ပြောကြားသည်။

ရတပကော်မတီဝင် ဦးမောင်သိန်းဇံမှ အခမ်းအနားကျင်းပရသည့်အကြောင်း ကျင်းပသည့် ရည်ရွယ်ချက် ကိုပြောကြာပြီး ကဗျာစာစီစာကုံး ဆုရကျောင်းသားများအား ဆုပေးသည်။ အာဏာပိုင်အဖွဲ့မှ လုံခြံုရေး (၃)ယောက်ခန့်ရောက်ရှိ၊ SB ဦးသန်း ၀င်းမှ အခမ်းအနား သတင်းကို လာရောက်တောင်းယူသည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးကြီးဦးကျော်သာ မှ ဆုရစာရင်းများအား လာရောက်တောင်း ယူကြောင်း သိရသည်။ တက်ရောက်လာသူ (၅၀၀)ခန့်ရှိပြီး နေ့လည်(၁၁)နာရီခွဲတွင် အခမ်းအနားရုပ်သိမ်းသည်။

72th-Ottama-day-in-Sittwe-2011-pic-3
တောင်ကုတ်မြို့
တောင်ကုတ်မြို့တွင် ဆရာတော် ဦးဥတ္တမနေ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၉၀ ခုနှစ် အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလယ် ဦးကျော်ခိုင်နေအိမ်တွင် နံနက်(၁၁) နာရီခွဲအချိန်တွင် နမောတသ(သုံး) ကြီမ်ရွတ်ဆိုပြီး ရခိုင်စည်တော်တီးကာ ဆရာတော်ဦးဥတ္တမအခမ်း အနားကို ဖွင့်လှစ်ခဲ့သည်။

သဘာပတိမိန့်ခွန်းကို ဦးကျော်ခိုင်မှပြောကြားပြီး ၂၀၀၈ စက်တင်ဘာ (၇) ရက်နေ့ ဦးဥတ္တမ ဆုချီးမြင့်ခြင်း ခံခဲ့ရသော ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ(၅၀၅/ခ) ၁၄၃ ၊ ပုဒ်မ(၆)ဖြင့် ဘူးသီးတောင်ထောင်တွင် (၇)နှစ်ခွဲ ထောင်ဒဏ်ကျခံနေရသော ဦးအိသရိယ ရဟန်းကို ဂုဏ်ပြုမှတ်တမ်း လွှာ ချီးမြင့်ခဲ့သည်။

ထိုရဟန်းကိုယ်စား တောင်ကုတ် NLD အဖွဲ့ဝင် ဦးအောင်တင်ညွှန့်မှ ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံယူကာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင်းမှ ဘူးသီးတောင် ထောင်မှလွှတ်မြောက်လာခဲ့သော တောင်ကုတ် လူငယ်(၅)ဦး ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြင့်ခဲ့ပါသည်။

ဂုဏ်ပြုမှတ်တမ်းလွှာချီးမြင့်ခံရသူများထဲမှ တောင်ကုတ်လူငယ် ကိုချစ်မောင်မောင်မှ ကျေးဇူးတင်စကား ပြောကြားပါသည်။ ဦးခင်လှ ရခိုင်ပြည်နယ်စည်းအတွင်းရေးမှူး (ရခိုင်ပြည်နယ်) ဒီမိုကရေစီနှင့်နိုင်ငံရေး အကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါသည်။ လူငယ်တာဝန်ခံ(၂)ကိုသန်းမောင်မှ ရခိုင်ပြည်နယ်စည်းအဖွဲ့ မြို့နယ်စည်း ဒုဥက္ကဌ ဦးတင်သိန်းအောင်မှ ဦးဥတ္တမ မှသည် ရွှေဝါရောင်တော်လှန်ရေး အကြောင်းကို ဟောပြော ခဲ့ပါသည်။ NLD တောင်ကုတ်မြို့နယ်မှ သဘောထားထုတ်ပြန်ကြေငြာချက်ကို ကိုမိုးနိုင်စိုးမှ ပြောကြားပြီး သဘာပတိမှ နိဂုံးချုပ်ပြောကြားပြီး ရခိုင်စည်တော်တီးကာ ညနေ(၂)နာရီအချိန်တွင်အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

72th-Ottama-day-in-Sittwe-2011-pic-10
ပုဏားကျွန်းမြို့
ပုဏားကျွန်းမြို့ တွင် ပြုလုပ်သော အခမ်းအနားကို မြို့မဧစေတီ ဓမ္မာရုံတွင် နံနက်(၆)နာရီတွင်ကျောင်းတိုက် (၇) ကျောင်းမှ ဆရာတော်(၇)ပါးအား ပင့်ပြီး အာရုံဆွမ်းကပ် ပရိတ် တရားနာကြားပြီး နံနက်(၈)နာရီတွင် အခမ်းအနားကို ရက္ခအားမာန် တီးဝိုင်းအဖွဲ့မှ ခရုသင်းမှုတ်ကာ ရခိုင်စည်တော်တီးပြီး အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ မြို့နယ် ရခိုင် တိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းမောင်မှ အခမ်းအနား ကျင်းပရခြင်း အကြောင်း ကို မိန့်ခွန်းပြောကြားသည်။ မြို့မိမြို့ဖများနှင့် ကျောင်းသား/သူ (၅၅၀)ခန့် တက်ရောက်သည်။ တက်ရောက် လာသူများကို လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံသည်။ အခမ်းအနားမှာ စာရေးဆရာ စစ်တွေညိုသန့်မှ ဆရာ ဦးဥတ္တမ ၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကို ချီးမွမ်းပြောကြား ဟောပြောသည်။ ဂုဏ်ကျေးဇူးကို မမေ့ရန်နှင့် ကျေးဇူး ဆပ်ခြင်း ဂါရဝ ပြုခြင်း၊ ဆိုင်ရာများကိုေြ ပာကြားသည်။ကဗျာပြိုင်ပွဲ တွင် ဆုရရှိသူများအား ဆုချီးမြင့်သည့် အခမ်းအနားကို ဆက်လက် ပြုလုပ်သည်။ စာရေးဆရာမ ပံသုခင်မှ ဆရာတော်၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း တစေ့တစောင့်းပြော ကြားပြီးအခမ်းအနားကို (၁၁) နာရီတွင် ရုပ် သိမ်းသည်။ ဟောပြောပွဲအနီးတွင် ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲ(၄)ဦးရောက်ရှိကာ အနီးကပ်စောင့်ကြည့်ခဲ့ ကြောင်း သိရသည်။

72th-Ottama-day-in-Sittwe-2011-pic-8
ကျောက်တော်မြို့

ကျောက်တော်မြို့တွင် ပြုလုပ်သော အခမ်းအနားကို သာသနဗိမာန် ဓမ္မရုံတွင် နံနံ(၈)နာရီခွဲအချိန် နမောတ ဿ (၃) ကြိမ် ရွက်ဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ရွှေကျောင်း ဆရာတော်မှ ရောက်ရှိလာ သူများအား သီလ ပေးသြဝါဒ မိန့်ကြား မြို့သစ်ရပ်ကွက်ရှိ မှန်ကျောင်း ဆရာတော်မှ ဆရာတော်ဦးဥတ္တမ၏ ထေရုပ္ပတိ အကျဉ်းကို ပြောကြားသည်။ သမိုင်းသုတေသီ ကိုဘသောင်း (ရခိုင်သူမြတ်မဟာအောင်မြေ) မှ ဆရာတော်၏ နိုင်ငံရေး လှုပ်ရှားမှု သမိုင်းကို ပြောကြားပြီး ဒေါက်တာ ထွန်းအေး (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) ၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်မှ ကျောင်းသားများအား ဆုပေးအပ်သည်။တတ်ရောက်လာ သူ ပရိတ်သတ် ၅၀၀ ခန့်ရှိ သည်။ အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ကျောက်ဖြူနှင့် ဇင်ချောင်းကျေးရွာ
ကျောက်ဖြူတွင် ပြုလုပ်သော ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံးတွင် ပြုလုပ်သည်။ လူ ၁၀၀ ကျော်တက်ရောက်သည်။ ရုံးခန်း၏ ပတ်လည် ပေ ၃၀ လောက်ရှိသော နေရာတွင် လူအပြည့် ဖြစ်သွားသည်။

အလားတူ ရ၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဦဆောင်ပြီး ဇင်ချောင်းရွာတွင်လည်း ကျင်းပခဲ့သည်။ နနက် ၈ နာရီတွင် စတင် ကျင်းပပြီး ပြည်သူ ၈၀ ခန့် တက်ရောက်ခဲ့သည်။ အခမ်းအနားပြုလုပ်စရာ နေရာ မရှိသဖြင့် ရွာထဲမှ အိမ်တအိမ်တွင် ကျင်း ပ ပြုလုပ်ခဲ့သည်။

72th-Ottama-day-in-Sittwe-2011-pic-12
စစ်တွေမြို့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ်ရုံးတွင် နေ့လည်(၁၂း၃၀)မှာ အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။ အခမ်းအနား စတင်ဖွင့်လှစ်သည့် အချိန်တွင် အရှင်နာဂ္ဂိန္ဒမော်ကွန်းကို ရွတ်ဆိုပြီး ဖွင့်လှစ်သည်။ ပါတီ ဗဟိုကော်မတီ ဒုက္ကဌ ဦးတင်ဝင်းမှ အဖွင့်အမှာစကားပြောကြားသည်။ ကိုထွန်းကျော် စစ်တွေမြို့နယ် ဒုဥက္ကဌ၊ ကိုအောင်ဌေး စစ်တွေမြို့နယ် ဒုဥက္ကဌ၊ ဦးစံကျော်ဦးမြို့နယ်နာယ က မှ ဦးဥတ္တမ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းများကို ပြောကြားသည်။ ညနေ(၃)နာရီတွင် ဦးဥတ္တမ ရုပ်ထုရှေ့တွင် လွမ်းသူ့ ပန်းခွေချရန် ရခိုင်စည်တော် (၉) လုံးတီးကာ အမျိုးသမီးငယ် (၉) ဦးမှ ရိုးရာ အဝတ်အစားများ ၀တ်ကာ ရှေ့ဆုံးမှ လူတစ်ဦးက မီးရှူး တစ်ခုကို ကိုင်ကာ ချီတက်သည်။ လူပေါင်း ၁၀၀၀ ကျော်ပါ၀င်သည်။ အခမ်းအနားပြုလုပ်သော လမ်းထောင့်နှင့် ပန်းခြံတွင် SB တစ်ချို့ရှိနေသည်မှ အပ မည်သည့် ပြဿနာမှ မရှိကြောင်း သိရသည်။

စစ်တွေတွင် AACDB မှ နံနက်အာရုံဆွမ်းကပ်ပြီး အမည်မဖော်လိုသော ဘုန်းကြီးကျောင်း တစ်ခုတွင် ပရိတ်တရားတော် နာယူပြီး ဦးဥတ္တမ မှသည် ၂၀၀၇ တော်လှန်ရေးထိ တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံး သွားကြသော ရဲဘော် များအား ရဟန်းရှင်လူ ပြည်သူ ကျောင်းသားအပေါင်းအား အမျှအတန်းပေးဝေကာ သဘောထား ထုတ်ပြန် ချက်တစ်ခုထုတ်ပြန်ကြေငြာခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ဆရာတော်ဦးဥတ္တမ သည် မြန်မာပြည်လွှတ် မြောက်ရေးတွက် နိုင်ငံရေးမျိုးစေ့ချခဲ့သော မျိုးချစ် ပုဂ္ဂိုလ်ဖြစ်သည်နှင့် လျော်ညီစွာ ဆရာတော်ပျံလွန်တော် မူသော် စက်တင်ဘာလ(၉)ရက်နေ့ကို အစိုးရမှ တရားဝင်ရုံး ပိတ်ရက်အဖြစ် အသိအမှတ်ပြုပေးရန် AACDB(Arakan Action Committee for Democracy in Burma) အဖွဲ့မှတောင်း ဆိုသည်။

မြောက်ဦး တွင် ရတပ မြို့နယ်ရုံးတွင် ကျင်းပပြီး မောင်တောတွင်လည်း ရတပ ပါတီရုံးတွင် ကျင်းပသည်။ ဘူးသီးတောင်တွင် ဦးဥတ္တမ ခန်းမတွင် ပြုလုပ်သည်ဟု သတင်း ရရှိသည်။ (အတည်မပြုနိုင်သေးပါ)။ ရသေ့တောင်မြို့တို့တွင်လည်း ကျင်းပပြီး သံဃာတော် အပါး ၁၆၀ ကို နံနက် အာရုံဆွမ်းလောင်းလှူခဲ့ သည်။

72th-Ottama-day-in-Sittwe-2011-pic-14
ရန်ကုန်

အသျှင်ဦးဥတ္တမ၏(၇၂)နှစ်မြောက် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဓညဝတီ သာသနာပြုကျောင်းတွင် ကျင်းပခဲ့သည်။

ဦးဥတ္တမနေ့ အခမ်းနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ယခုလိုပြောသည်။

"ဆရာတော် ဦးဥတ္တမဆိုတာ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ နယ်ချဲ့ဆန့်ကျင်းရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အခုတော့ အမေ့ခံ ဘဝနဲ့ ရှိနေရတဲ့အခါမှာ ဘယ်လောက်ထိ နိုင်ငံအတွက် တိုင်းပြည်အတွက် ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်ကိုမမေ့ သင့် မမေ့အပ်၊ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခု ဓညဝတီ သာသနာပြု ကျောင်းမှာ ဆွမ်းကပ်ပြီး အခမ်းနား ကျင်းပရတာ" ဖြစ်တယ်လို့ ပြောသည်။

အဆိုပါ အခမ်းနားသို့ NLD အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ရခိုင်သူ ရခိုင်သား စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

" œပြီးတော့ နိုင်ငံရေး အဖွဲ့စည်းထဲက ပုဂ္ဂိုလ်တွေကိုလည်း ဖိတ်တယ်။ ရခိုင်အမျိုးသားများကိုလည်း ဖိတ်တယ်။ NLD ပါတီက ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးအုံးကြိုင်နဲ့ CEC အဖွဲ့ဝင်၊ လူငယ်အဖွဲ့ဝင်၊ အမျိုးသမီး အဖွဲ့ဝင်တွေလည်း တက်ရောက်ကြတယ်။ တိုင်းရင်းသားထဲက ဆိုရင် နိုင်ငွေသိမ်း၊ စိုင်းထောင်းအောင်၊ ထောင်ကိုထန် တခြားတိုင်းရင်းသား လူငယ်တွေလည်း တက်ရောက်ကြတယ်။ လူပေါင်း ၁၅၀ ကျော်လောက် တက်ရောက်ကြတယ်။" ဟု သူက ဆက်ပြောသည်။

အခမ်းနားကို ၈ နာရီမှ စတင်ပြီး ကြွရောက်လာသူများကို ဦးအေးသာအောင်မှ နှုတ်ခွန်းဆက်ကျေးဇူးတင် စကားပြောကြားပြီး အခမ်းနား အစီစဉ်အတိုင်း အမျိုးသားရေး စကားများ ပြောကြားခြင်း၊ ဦးဥတ္တမကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာတပုဒ်ရွက်ဖတ်ခြင်း၊ ဦးသာဘန်းက ဦးဥတ္တမ အတ္ထုပတ္တကို ဟောပြောခဲ့ကာ အခမ်းနားကို နံနက် ၁၁ နာရီခန့်တွင်း ပြီးဆုံးကြောင်းသိရသည်။

Most read this week