ဟားခါးတွင် စျေးနှုန်းချိူသာစွာဖြင့် မှတ်ပုံတင််များ ပြုလုပ်ပေးနေ

ဟားခါးတွင် စျေးနှုန်းချိူသာစွာဖြင့် မှတ်ပုံတင််များ ပြုလုပ်ပေးနေ
ချင်းပြည်နယ်၏မြို.တော် ဟားခါးမြို.ပေါ်တွင် လူဝင်မှုကြည့်ကြပ်ရေး (လဝက) အဖွဲ. က စျေးနှုန်းချိူသာစွာဖြင့် နိုင်ငံသားစီစစ် ရေးကပ် မှတ်ပုံတင်များ ထုတ်လုပ်ပေးနေ သည်ဟုသိရ....

ချင်းပြည်နယ်၏မြို.တော် ဟားခါးမြို.ပေါ်တွင် လူဝင်မှုကြည့်ကြပ်ရေး (လဝက) အဖွဲ. က စျေးနှုန်းချိူသာစွာဖြင့် နိုင်ငံသားစီစစ် ရေးကပ် မှတ်ပုံတင်များ ထုတ်လုပ်ပေးနေ သည်ဟုသိရသည်။

အခုလို မှတ်ပုံတင်များပြုလုပ်ပေးနေရခြင်းမှာ ယခုနှစ်အတွင်း ပြုလုပ်ကျင်းပမည့် ရွေးကောက် ပွဲတွင်မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင် ရန်အတွက်ရည်ရွယ်လျက် ပြုလုပ် ပေးရခြင်းဖြစ်သည် ဟုဟားခါးမြို့နယ် လဝကရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ နိုင်ငံတော် အစိုးရရဲ့ အစီစဉ်နှင့် လာမည့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ တိုင်း(အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း)က မဲပေး နိုင်ကြဖို့ မှတ်ပုံတင်မရှိသေးသူ တွေကို ရပ်ကွက်တိုင်း လှည့်လည်ပြီးတော့ စစ်ဆေးပေးနေတာပါ” ဟုအဆိုပါ တာဝန်ရှိသူကပြောသည်။

ယခင်နှစ်များက မှတ်ပုံတင်ပြုလုပ်ရာတွင်အနည်းဆုံး ကျပ်ငွေ(၅၀၀၀ မှ ၁၀၀၀၀) အကြားကုန်ကျလျက်ရှိသော်လည်း ယခုနှစ်တွင်မူ ကျပ် ငွေ(၁၀၀၀)သာ ကုန်ကျ ကြောင်းသိရသည်။

Most read this week