မြန်မာစစ်အစိုးရ တပ်ရင်း နှစ်ရင်းက တနသာင်္ရီတိုင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေအနီး ထားဝယ်ခရိုင်အတွင်း ဝင်ရောက် တပ်ရင်း ဆွဲထား သည်။
ထိုဒေသအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်အစိုးရတပ်တို့မှာ ခလရ ၂၈၂ နှင့် တခြားတပ်ရင်းတစ်ရင်းဖြစ်သည်။ ထိုတပ်ရင်းသည် ယခုအပတ်အတွင်း ဝင်ရောက် နေပြီး ထားဝယ်ခရိုင်အတွင်းရှိ စနီးဒိင်မွန်ရွာအနီးတွင် တပ်ချထားသည်ဟု ဒေသခတို့၏ ပြောပြချက်အရ သိရသည်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နဲ့ တနလာင်္လာနေ့မှာ စစ်သား အယောက် ၂၅ လောက် အဲဒီစနီးဒိင်ရွာမှာ ရောက်နေတယ်” ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
စနီးဒိင်ကျေးရွာနှင့် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံတို့က လက်ရှိအခြေအနေမှာ လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်သည်။ အခြေအနေတွေကလည်း အပစ်ခတ် မရပ်ခင်ကလိုဖြစ်နေပြီး၊ မွန်ပြည်သစ်ပါတီ၏ နောက်ဆုံး ဆုံးဖြတ်ချက်သည်လည်း မြန်မာစစ်အစိုးရတို့လိုလားသည့် နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ကို ပြတ်သားစွာငြင်းပယ်နေခြင်းကြောင့် ဒေသခံတို့က ပြင်ဆင်နေကြသည်ဟု ၄င်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ရ ရက်နေ့မှာ မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့နှင့် မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ရဲမြင့်တို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးရာမှာ ယခုလ ၂၂ ရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ပြောထားခဲ့ပြီး၊ အကယ်၍ မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ကို လက်မခံလျှင် မွန်ပြည်သစ် ပါတီကို ယခင် အပစ်ခတ်မရပ်စဲခင်ကာလကဲ့သို့ ရောက်သွားမည်ဟု ဗိုလ်ချုပ်ရဲမြင့်မှ ပြောထားခဲ့သည်။
စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့သည် ၁၉၉၅ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ယခုရက်ပိုင်းအတွင်း ပါတီခေါင်းဆောင်များ စစ်အစိုးရတို့ကို အကြောင်းပြန်ပေးနိုင်ရန် အရေးပေါ်အစည်းအဝေးလုပ်နေကြသည်။ ပါတီဝင်များလည်း အစည်းအဝေးမှ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြဆဲဖြစ်သည်ဟု မွန်ပြည်သစ်ပါတီပြောရေး ဆိုခွင့်ရှိသူ နိုင်ချေးမွန်က ပြောသည်။
ခလရ ၂၈၂ တပ်ရင်းသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် အခြေချထားပြီး၊ ခလရ ၆၇၅ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။