CNDP က ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အတည်ပြုရွေးချယ်

CNDP က ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အတည်ပြုရွေးချယ်
by -
ခိုနူမ်းထုန်

ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် Chin National Development Party ကိုယ်စား ချင်းပြည်နယ် ဟားခါးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် Pu SiangMang အား ရွေးချယ်အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် ၁၆၀ ခန့် တက်ရောက်သည့် ဟားခါးမြို့နယ် လုံးဆိုင်ရာ CNDP ပါတီညီလာခံက ၄င်းတို့ပါတီမှ ပြည်ထောင်စု ၀န်ကြီး ခန့်အပ်ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Pu Ngun Maung  နေရာတွင် ယှဉ်ပြိုင်ရန် Pu SiangMang အား ရွေးချယ်အတည်ပြုကြခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရခြင်းနှင့် ပါတ်သက်ပြီး Pu SiangMang က ယခုလို ပြောပြသွား သည်။

"ကျတော်လုပ်ချင်တာ သုံးချက်ရှိပါတယ်၊ လူထုနဲ့ ရပ်မိရပ်ဖတွေက ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက်  လုပ်ချင်၊ ဖြစ်စေချင်တဲ့ဟာ တွေကို သမ္မတထံဖြစ်ဖြစ်၊ နိုင်ငံတော်အထက်လူကြီးတွေထံ တင်ပြအရေးဆိုခွင့်တော့ ထားအုံး၊ စိတ်တိုင်း ကျတင်ပြခွင့်တောင် မရကြပါ၊ ဒါက တချက်ပေါ့၊ နောက် ကျတော့်ရဲ့ ချင်းပြည်နယ်အတွင်း စစ်အစိုးရကာလ ၁၆ နှစ်တာ UNDP လုပ်ငန်းအတွေ့အကြုံအရ အဲဒီကာ လက  ဖွံ့ဖြိုးရေးလုပ်ငန်းကို အကန့်အသတ်နဲ့ လုပ်ရတာ တွေရှိတယ်၊ အခု အစိုးရမှာ လွတ်လပ်ပွင့်လင်း လာပြီ၊ အဲဒါက ညို ဆက်လက်အကောင် အထည်ဖော်ချင်တယ်" ဟုဆိုသည်။

ထို့ပြင် "CNDP ပါတီကနေ ယှဉ်ပြိုင်ရခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းက ကျတော်တို့ တိုင်းရင်းသားတွေကို ချစ်ခင် လေးစားတယ်ဆိုတဲ့စကားဟာ လက်တွေ့မှာ မဖြစ်တော့ပါ၊ ဆုံးရှုံးနစ်နာချက်တွေ များနေပြီ၊ ဒီတော့ ကိုယ့်အမျိုးသားပါတီကို ဖွဲ့စည်းဖို့သမိုင်းက ဖန်လာတော့လည်း ကိုယ့်အမျိုးကိုယ်ဒေသအတွက် မားမားမတ်မတ် ရပ်တည်ပေးဖို့လိုအပ်တယ်” ဟုဆက်ဆိုသည်။

 ဆက်လက်ပြီး ချင်းတောင်နှင့် ချင်းလူမျိုးများ၏ လိုအပ်ချက်သည် တပါးသူ သိနိုင်သည်မဟုတ်ကြောင်း၊ မိမိ၀မ်းနာသည်ကို မိမိသာသိကြောင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးလုပ်ယူသင့်ကြောင်း၊ ထိုသို့လုပ်ယူရန် စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ကြောင်း သွားသည်။

 Pu SiangMang သည် ကျောင်းဆရာဘဝမှ ပင်စင်ယူပြီး ယူအဲန်ဒီပီတွင် ၁၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပြီ လက်ရှိ ဟားခါးမြို့တွင် မိသားစု နှင့်အတူ နေထိုင်နေသူဖြစ်သည်။

Most read this week