ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၃းဝဝ နာရီခန်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ဗန်ဇန်တောင်ကြော လမ်း၊ ထန်တလန်မြို့နှင့် ဆိုပုမ်ရွာကြားတွင် ဒရိုင်ဗာ တင်ကျဲအို မောင်းလာသည့် ပူး ထာလျန်၏ အုတ်သယ်ကား တစီး တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခရီးသည့် ၁၂ စီးလာသည် ကားသည် I love Chinland Company က Sihmuh ကျေးရွာတွင် ကန်ထရိုက် ယူပြီး ဆောက်လုပ်နေသော ကျောင်းအတွက် ထန်တလန်မြို့မှ အုတ်ခဲသယ်လာပြီး ပေ ၅၀ အကွာ လမ်း အောက်သို့ လိမ့်ဆင်းတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသည် ၁၂ ဦးအနက် သေဆုံးသူများမှာ-၁။ မူလတန်းကျောင်းဆရာမ Sui အသက် (၅၉) ၂။ လုံလဲရ် ဆေးရုံ အမျိုးသမီး ၀န်ထမ်း Pi Hoi Hlawn အသက် (၄၅) ၃။ Pa Hellen အသက် (၁၈) ၄။ ဦး ၀င်းနိုင် အသက် (၃၈) (Alhpa & Omega company) တို့ဖြစ်ကြပြီး ဒါဏ်ရာရရှိ သူများမှာ ၁။ Pu Than Heng အသက် (၇၁) (Thangzang) ၂။ Tial Dim Thluai အသက် (၂၀) (Thangzang) ၃။ Pa Van Lian Hum အသက် (၆) နှစ်(Thangzang ၄။ Pa Tha Ceu Kam ၉ နှစ်၊ (Thanzang) ၅။ Nu Ngun Cer Chin အသက် (၁၈) (Sihhmuh) နှင့် Pu No Mang တို့ဖြစ်ကြသည်။
ကားသမားသည် အရက်မူးနေပြီး လမ်းအကွေ့တွင် ခရီးသည်များက ဆက်မမောင်းဖို့ ပြောထားသော်လည်း ဆက် မောင်းသဖြင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း နှင့် ကားသမားကို နယ်မြေခံရဲတွေက ဖမ်းဆီး အရေးယူထားကြောင်း သိရ သည်။
ကားတိမ်းမှောက်သည့်နေရာသည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုးသားတပ်ဦး လှုပ်ရှားနယ် မြေ အတွင်းဖြစ်ကြောင်း နှင့် အဆိုပါကားလမ်းကို အစိုးရဖက်မှ တိုးချဲ့ဖောက်လုပ်ရန် ပြင်ဆင်နေ သည်ဟုသိရ သည်။