တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ စစ်ဗျူဟာ (၂) မှ တပ်ရင်း (၇၁၇) တပ်ဖွဲ့များ သည် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ် ပန်းဖြတ်ကျေးရွာ ၌ ခေတ္တ ညအိပ် ရပ်နားနေစဉ် ယနေ့ မနက်ပိုင်း (၁၀) နာရီကျော် တွင် အစိုးရ တပ်များမှ လျှပ်တပျက် ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် (၁၀)မိနစ် ခန့်တိုက်ပွဲ ဖြစ်ပွားရာ ကျေးရွာ အတွင်း ရေးမှူး တဦးသေ ဆုံးပြီး ရွာသား (၃)ဦး ဒါဏ်ရာရှိသည်ဟု တအာင်း ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန် ခဲ့ပါ သည်။
“ ရွာထဲကို လက်နက်ကြီး ပစ်သွင်းလိုက်တာပါ။ အတွင်းရေး မှူး အိမ်ပေါ်ကိုကျတယ်။ ဒီတော့ အတွင်းရေးမှူး ဦး ကျော်လူ သေဆုံး ပြီး အရပ်သား (၃)ဦး ဒါဏ် ရာ ရသွားတာပေါ့။ အပြန်အလှန် ပစ်လိုက်ပေမဲ့ ကျနော်တို့ ပလောင် တပ်က ချက်ခြင်း ဆုတ်ပေး လိုက်တာ ဖြစ်တယ်။ တပ်မ(၇၇) စစ်ကြောင်း က လို့ နောက်မှ သိရတယ်။ ပြီးတော့ ရွာသားတွေကို စုလိုက်တယ် ထွက်ပြေးရင် သူပုန်နဲ့ ဆက်သွယ်အားပေးရင် အားလုံးကို သတ်ပစ်မယ်။ တရွာလုံး ကိုလည်း မီးရှို့ပစ်မယ် ဆိုပြီး ခြိမ်းခြောက် နေတယ်။ ” ဟု ကျောက်မဲ မြို့ပေါ်ရှိ TNLA ဆက်သား တဦးက ဆိုပါသည်။
အဆိုပါ တပ်မ (၇၇) စစ်ကြောင်းများ သည် ပန်ဖျတ်၊ ပန်ကွမ်၊ ပန်စပေ ကျေးရွာများ တွင် ဆက်လက် စခန်းချ နေပြီး ထပ်မံ စစ်ဆင်ရန် ရှိပါသည်။ ဤသို့ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိပါသည်။
TNLA တို့သည် ဗျူဟာ (၃) ခုဖွဲ့ကာ မူးရစ်ဆေး ၀ါး တိုက်ဖျက်မှု စစ်ဆင်ရေး အတွက် လှုပ်ရှားနေ ပါသည်။ ယင်းစစ် ဆင်ရေးသည် ပြီးခဲ့သည့် ဇန္နာဝါရီ လကုန် ပိုင်း စတင်ခဲ့ပြီး ဘိန်းခင်း ဧက (၅၀၀) ထက်မနည်း ဖျက်ဆီး နိုင်ခဲ့ပြီး တိုက်ပွဲ လည်း အဆက် မပြတ် ဖြစ်ခဲ့ပါသည်။
တိုက်ပွဲများ ရက်ဆက် ဖြစ်ရာ တွင် ယမာန်နေ့ ဖေဖေါ်ဝါရီ (၂၆) ရက်နေ့ ၌ (TNLA) ဗျူဟာ (၃) နှင့် အစိုးရ တပ်မ (၇၇) စစ်ကြောင်း တို့ ဖြစ်သော တိုက်ပွဲတွင် အစိုးရဖက်မှ အကျအဆုံး များသည်ဟု TNLA ဖက်မှ ဆိုပါသည်။ အ လားတူ ဖေဖေါ် ၀ါရီ (၂၄) ရက်နေ့ တွင်ရှမ်းပြည် မြောက်ပိုင်း နမ်ခမ်း မြို့နယ် ပန်ဆေး ဒေသရှိ ပန်ပေး ကျေးရွာ အ နီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး) တွင် (၂)ကြိမ်တိုင် တိုက် ပွဲဖြစ်ပွား ခဲ့သည်။
အစိုးရတပ် များသည် ရှမ်းပြည် မြောက်ပိုင်း ပလောင်ဒေသ အား တပ်မ ဧည့်တပ်များဖြင့် အထူး စစ်ဆင်နေ သည်ဟု ဆိုပါသည်။ အထူးသဖြင့် တပ်မ (၃၃) တပ်မ (၇၇) ၊ တပ်မ (၈၈) ဧည့်တပ်များက ပိုမိုလှုပ်ရှား လာနေသည့် အတွက် (KIA) မဟာမိတ် တပ်များနှင့် ပိုမို ပူးပေါင်း တိုက်ခိုက်သွားရန် ရှိကြောင်း TNLA ဖက်မှ ဆိုပါသည်။
ဤအချိန် မျိုးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည်လည်း တိုင်းရင်းသား များ၏ တနိုင်ငံလုံး အ ပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့် ဆွေးနွေးရန် အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်း နေခဲ့ပါသည်။ တချိန်ထဲတွင် ကချင်လွတ် လပ်ရေး တပ်မတော် (KIA) နယ်မြေထဲသို့ လည်း စစ်အင် အား ထပ်မံ တိုးချဲ့လိုက်ပါသည်။
ဤအခြေ အနေကြောင့် အစိုးရ၏ ငြိမ်းချမ်းရေး အစီစဉ်သည် တိုက်ခိုက်မှု များ နောက်ထပ် တကြိမ် စစ်ဆင်လာဖွယ် ရှိနေကြောင်း၊ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း ရှိ ရှမ်းပြည်တိုး တက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည် ထူ ထောင် ရေး ကောင်စီ (RCSS) အား စစ်ဆင်ရေး တချို့ဖြင့် ဟန့်ထားပြီး TNLA နှင့် (KIA) အား အထူး စစ်ဆင်လာ ဖွယ် ရှိနေသည်ဟု နယ်စပ် စစ်ရေး အကဲခတ် များက ဆိုပါသည်။
ဤအခြေအနေ တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များကလည်း (KIA)တို့အား စစ်ရေး အကူအညီ မပေးနိုင်သည့် အပြင် နိုင်ငံရေး အရလည်း အစိုးရအား ဖိအား မပေးနိုင်ပါကြောင်း သုံးသပ်ရပါသည်။