ရခိုင်အခြေအနေ တည်ငြိမ်နေ

ရခိုင်အခြေအနေ တည်ငြိမ်နေ
by -
နိရဥ္စရာ

မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသ၏ကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် အခြေအနေ မတည်ငြိမ်မူများနှင့် အတူ မွတ်ဆလင် ဘာသာဝင်တို့၏ ဗလီများနှင့် လူနေအိမ်များအား ၀င်ရောက်ဖျက်ဆီးမူများရှိနေသော်လည်း ရခိုင်ပြည်နယ် အခြေအနေမှာ ပုံမှန် အားဖြင့် တည်ငြိမ်နေကြောင်း သတင်း ရရှိသည်။

Rakhaine-Mapမင်းပြားမြို့နယ် အခြေအနေကို မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးသာကျော်အား မေးကြည့်ရာ မည်သည့် ပြဿနာမှ မရှိဘဲ တည်ငြိမ်အေးဆေးလျှက် ရှိကြောင်း ပြောဆိုသည်။

“ ဘာပြဿနာမှ မရှိဘူး။ အေးအေးဆေးပါဘဲ” ဟု သူက ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် ပုံမှန် အတိုင်းရှိနေပြီး အခြေအနေ တည်ငြိမ်နေသည်ဟု နွေးထွေးသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“လုံခြံုရေးလည်း တိုးချထားတာလည်း မရှိပါဘူး။ အေးအေးဆေးဆေးပါဘဲ။ မွတ်ဆလင်တွေရော၊ ရခိုင်တွေရော ပုံမှန်အတိုင်းပါဘဲ။ ဗမာပြည်ဘက်က အခြေအနေတွေကြောင့် ထူးခြားမူ မရှိပါဘူး”  ဟု ဆိုသည်။

မြောက်ဦးမြို့နယ်တွင်လည်း အခြေအနေ တည်ငြိိမ်နေပြီး ရဟန်းတော်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အမျိုးဘာသာ သာသနာ တည်တံ့ရေး တရားပွဲကို သုံးရက်တိုင်တိုင် ပြုလုပ်နေသည်ဟု လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ကိုထွန်းနေမင်းက ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း အခြေအနေ တည်ငြိမ်နေပြီး ထူးထူးခြားခြား ဖြစ်စဉ်မျိုး မတွေ့ရကြောင်း ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

ရခိုင်အရေးအခင်း စတင် ဖြစ်ပွားခဲ့သော ရမ်းဗြဲမြို့နယ် ကျောက်နီမော် အခြေအနေမှာလည်း အေးဆေး တည်ငြိမ်နေကြောင်း NLD ဒေသ ခေါင်းဆောင် ဦးအောင်ဇံဝေက ပြောသည်။

“ဒီမှာက ဒေသန္တာရ ဥပဒေတွေ ထုတ်ထားပြီး လူမျိုး နှစ်မျိုး၊ ဘာသာ ၂ ခုကြားမှာ သင့်သင့်မြတ်မြတ် နေနိုင်အောင် အစီအစဉ်ချထားတဲ့ အတွက် ဘာမှ ပြဿနာ မရှိပါ။ ရဲတွေ၊ စစ်တပ်တွေလည်း လုံခြံုရေးတွေ အပြည့်ရှိပါတယ်။ အကုန်လုံး တည်ငြိမ်နေပါတယ်”  ဟု ပြောသည်။

အောက်တိုဘာလ ဆူပူ အကြမ်းဖက်မူ အတွင်း လူပေါင်း ၅၀၀၀ နီးပါးခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော မြေပုံမြို့နယ်တွင်လည်း အခြေအနေမှာ အေးအေးဆေးဆေး ရှိကြောင်း ဒေသခံံ ဦးထွန်းအေးက ပြောသည်။

“မွတ်ဆလင် ဒုက္ခသည်တွေကလည်း သူတို့ ဒုက္ခသည် စခန်းမှာ နေထုုိင်နေကြပါတယ်။ ဒီလို ရန်ရှာမယ်။ တိုက်ခိုက်မယ် ဆိုတာမျိုးလည်း မရှိပါဘူး။ နှစ်ဘက်စလုံးက ကိုယ်ဟာနဲ့ကိုယ် အေးအေးချမ်းချမ်း နေထိုင်နေကြပါတယ်” ဟု ဆိုသည်။

ဇွန်လနှင့် အောက်တိုဘာလ အရေးအခင်းတွင် စစ်တွေမြို့နယ် ပြီးလျှင် အသေအပျောက် အများဆုံး ဖြစ်ခဲ့သော ကျောက်တော်မြို့နယ်တွင်လည်း မည်သည့် ပြဿနာမှ မရှိဘဲ အခြေအနေ အေးဆေး တည်ငြိမ် နေကြောင်း ကျောက်တော်မြို့ပေါ်မှ ဦးသောင်းစိန်က ပြောသည်။

ရသေ့တောင်မြို့နယ်တွင်လည်း အခြေအနေတည်ငြိမ်နေပြီး ပြည်သူများ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် လုပ်ကိုင် စားသောက်နေကြောင်း ရခိုင်တိုင်းရင်းသားများ တိုုးတက်ရေး ပါတီ မြိို့နယ် ဥက္ကဌ ဦးလှမြင့်က ပြောသည်။

လူ ၁၁ ဦးထိ သေဆုံးခဲ့ရသော မစဲကမ်း ကူတောင် ဘက်တွင်လည်း အခြေအနေမှာ တည်ငြိမ် အေးဆေးနေသည်ဟု ဆိုသည်။

စစ်တွေမြို့၏ အခြေအနေမှာလည်း အထူးပင် တည်ငြိမ်နေပြီး တစ်ဘက်နှင့် တစ်ဘက် ရန်စောင်မူများ၊ တိုက်ခိုက် ရန်ပြုမည့့် အစီအစဉ်များလည်း မတွေ့ရပါကြောင်း ရတပ ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

လက်ရှိ နယ်စပ် မောင်တောမြို့နယ်တွင် ထူးခြားမူများ မရှိကြောင်း၊ အေးဆေး တည်ငြိမ်နေကြောင်း ဒေသခံများက ပြောသည်။

Most read this week