၁၅ နှစ်မြောက် ဗိုလ်ခိုင်ရာဇာနှင့် ခေါင်းဆောင်များ လုပ်ကြံခံရသည့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ကျင်းပ

၁၅ နှစ်မြောက် ဗိုလ်ခိုင်ရာဇာနှင့် ခေါင်းဆောင်များ လုပ်ကြံခံရသည့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်တပ်မတော်″(Arakan Army) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ အပါအဝင် ရခိုင်နှင့်ကရင် တော်လှန်ရေးခေါင်းဆောင် (၆) ဦး အိန္ဒိယအစိုးရထံတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲရသည့် (၁၅)နှစ်မြောက်နေ့ အထိမ်းအမှတ်၊အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၃-ခုနေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ တွင် Arakan Foundation မှ ပြုလုပ် ကျင်းပခဲ့ကြသည်။

၁၅ နှစ်မြောက် ဗိုလ်ခိုင်ရာဇာနှင့် ခေါင်းဆောင်များ လုပ်ကြံခံရသည့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ကျင်းပ

အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ Arakan Foundation Buffalo နာယက ဦးထွန်းဝင်းမှ  “ ဗိုလ်ရာဇာ ကျဆုံးသွားတာဟာ ကျနော်တို့ ရခိုင်တမျိုးသားလုံး အတွက် ဆုံးရှုံးမှုတခုဖြစ်တယ်။ ဒါကြောင့် ဗိုလ်ရာဇာလိုခေါင်းဆောင်မျိုး နောက်ထပ် ပေါ်ထွန်းလာအောင်လို့ ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်။ နောက်တခုက ပြည်တွင်း၊ ပြည်ပမှ  ထူးချွှန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို သူရဲကောင်းဆု ချီးမြှင့်ဖို့ Arakan Foundation Buffalo က စီစဉ်နေပါတယ်” ဟုပြောသည်။

Arakan Foundation Buffalo အတွင်းရေးမှူး ကိုခိုင်မင်းဇံက လည်း “ ဗိုလ်ခိုင်ရာဇာဟာ ကျနော်တို့ ရခိုင်တော်လှန်ရေး သမိုင်းမှာ ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ ဗိုလ်ရာဇာလို ပုဂ္ဂိုလ်မျိုးဟာ ၂၁ ရာစုမှာ နောက်ထပ် ထွန်းပေါ်လာဖို့ခက်ခဲပါတယ်။ ဒါကြောင့် ဗိုလ်ခိုင်ရာဇာလို ပုဂ္ဂိုလ်မျိုးကိုရခိုင်လူငယ် တွေက အတုယူလေးစား တန်ဖိုးထားပြီး ဗိုလ်ခိုင်ရာဇာကဲ့သို့ ခေါင်းဆောင်မျိုး ပေါ်ထွန်းလာ အောင်လို့ ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း” ပြောသည်။

အခမ်းအနားကို စီစဉ်သူများထဲမှ ဦးဆောင်သူတဦးဖြစ်သည့် ကိုစိုးပိုင် မှလည်း “ဗိုလ်ရာဇာကဲ့သို့ ရခိုင်သူရဲကောင်းကြီးတွေ ရှိခဲ့တယ်ဆိုတာ နောင်လာနောက်သားတွေ သိရှိအောင်နှင့် ဗိုလ်ခိုင်ရာဇာ ကဲ့သို့စိတ်ဓါတ်မျိုး၊ ဗိုရာဇာလိုသတ္တိမျိုးနဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာအောင်လို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပရတာဖြစ်ကြောင်း” ပြောကြားသည်။

ထိုနောက် တက်ရောက်လာသူများမှလည်း ဗိုလ်ရာဇာနှင့် ခေါင်းဆာင် (၆)ဦးတို့အား ဂုဏ်ပြု စကားပြောကြား ပြီး အခမ်းအနားမှာ ညနေ ၃ နာရီတွင် ပြီးဆုံးကြောင်း သိရှိရသည်။