ဒေါ်စောမြရာဇာလင်းရဲ့ ပြည်တွင်း ခရီးစဉ် အပေါ် ရတပ ပါတီ အတွင်းရေးမှူးရဲ့ အမြင်

ဒေါ်စောမြရာဇာလင်းရဲ့ ပြည်တွင်း ခရီးစဉ် အပေါ် ရတပ ပါတီ အတွင်းရေးမှူးရဲ့ အမြင်
by -
နိရဥ္စရာ

ALP ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်လည်းဖြစ် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌလည်းဖြစ်တဲ့  ဒေါ်စောမြရာဇာလင်း ပြည်တွင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းက ပါတီတွေရဲ့ သဘောထားတွေကို သိရှိနိုင်အောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကို နိရဥ္စရာရဲ့ ရန်ကုန် သတင်းထောက် မင်းခိုင်မိုက်က သွားရောက် မေးမြန်းတဲ့ အခါ သူက အခုလို စပြောပါတယ်။

မင်းခိုင်မိုက် (ရန်ကုန် မေးမြန်းသည်)

ALP ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်လည်းဖြစ် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌလည်းဖြစ်တဲ့  ဒေါ်စောမြရာဇာလင်း ပြည်တွင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းက ပါတီတွေရဲ့ သဘောထားတွေကို သိရှိနိုင်အောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကို နိရဥ္စရာရဲ့ ရန်ကုန် သတင်းထောက် မင်းခိုင်မိုက်က သွားရောက် မေးမြန်းတဲ့ အခါ သူက အခုလို စပြောပါတယ်။
RNDP-U-Hla-Soe
-       ကျနော်တို့ကတော့  ကြိုဆိုပါတယ်။ ပထမ တစ်ခေါက် ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် လာတုန်းကလည်း ကျနော်တို့က ကိုယ့်ရှေ့က တကယ့် အမျိုးသားရေး အတွက်  ရှေ့က အလံကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်ကြီး တွေ အဖြစ် သဘောထားပြီး  ကျနော်တို့က နွေးနွေး ထွေးထွေး ကြိုဆိုခဲ့ပါတယ်။ နောက်ပြီးတော အယူဆ အမြင် သဘောထားတွေကိုလည်း ဖလှယ်ကြပါတယ်။  တွေ့ဆုံရတဲ့ အတွက်ကြောင့် ကျနော်ထင် ပါတယ်။  ကျနော်တို့အတွက်လည်း အကျိုးရှိပါတယ်။  သူတို့ အတွက်လည်း အကျိုးရှိပါတယ်။ အဓိက ကျနော်တို့ စဉ်းစားနေတာကတော့ ဒီရခိုင်ပြည် လူ့အဖွဲ့ အစည်းကြီးကို ကျနော်တို့ ဂုဏ်သိက္ခာတွေမြင့်တင် အောင် ဖွံ့ဖြ်ိုး တိုးတက်အောင် ဘယ်လို လုပ်ကြမှာလဲ။  ဘယ်လ ိုနည်းလမ်းတွေ ရှာကြမလဲ ဆိုတာကို ကျနော်တို့ အမြင်ချင်း ဖလှယ်ကြတာပါ။

မေး – ဆရာတို့ သူတို့နဲ ပြောဖြစ်ခဲ့တဲ့၊ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြည်သူကို  နည်းနည်းလောက် ချပြပေးလို့ ရမလား။

-        ဒေါ်စောမြရာဇာလင်းနဲ့ ကျနော်တို့ကတော့ လူချင်း မတွေ့ဖူးပေမဲ့ ကျနော်တို့ ညီတွေနဲ့၊ ရဲဘော်တွေနဲ့ ရဲဘော် ရဲဖက်တွေ တိ်ုက််ဖေါ် တိုက်ဖက်တွေပါ။ အဲဒီအကြောင်းတွေကို ပထမပိုင်းမှာတော  ကျနော်တို့ ရခိုင်ပြည်မှာ ကျနော်တို့ သူတို့ ဖြတ်သန်းခဲ့ကြတာတွေကို ပြောကြတယ်။ မိတ်ဟောင်း ဆွေဟောင်း တွေလို  ပြောကြတယ်။ ပြီးတော့ သူတို့လာတဲ့ အကြောင်းရင်း၊  နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့  ပတ်သက်ပြီးတော သူတို့ရဲ့ သဘောထား ဘယ်လိုရှိ သလဲ ဒါတွေကို ပြောကြပါတယ်။ ကျနော်တို့ အနေနဲ့လည်း ခုနားကကျနော် ပြောသလို  ရခိုင်ပြည်လူ့အဖွဲ့အစည်းကြီးကို ဒီလို နိုင်ငံရေး အခြေ အနေထဲမှာ ဘယ်လို ဆက်လက်ပြီး သွားကြမလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေး ဖြစ်ကြ ပါတယ်။

မေး- သူတို့က အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ အမြင် သဘောထားတွေကို ပြောပြသွားတာတွေ ရှိပါသလား။

-       – သူတို့ပြောသွားတာကတော အခု ရခိုင်အရေးနဲ့ ဖြစ်နေတာကိုတော အဲဒီကိစ္စကို ကျနော်တို့ အသေးစိတ်မပြောဖြစ်ကြပါ။  သို့သော် ကျနော်တို့ ဒီမယူတောင်တန်းဒေသ မယူကမ်းရိုးတန်းပေါ့။  နောက် ဘူးသီးတောင်၊ မောင်တောနယ်မြေမှာ ရခိုင်ပြည် ရခိုင်လူမျိုးတွေရဲ့  အနာဂတ်ကို ဘယ်လို ကယ်တင်ကြမှာလဲ ဆိုတဲ့ ကိစ္စကို ကျနော်တို့ အလေးနက်ထားပြီး ဆွေးနွေးကြပါတယ်။ ဆွေးနွေး ကြတဲ့ အခါ ကျနော်တို့ကလည်း အကြံပေးတယ် ဒီနေရာမှာ ကျနော့်အနေနှင့်ဆိုရင် ကျနော်က သမ္မတကြီးနဲ့ တွေ့တဲ့ အချိန်ကလည်း ကျနော် ရခိုင်အမျိုးသားကာကွယ်ရေးတပ်တစ်ခုကို ကျနော် တောင်းခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးတပ် တစ်ခုမရှိလို့ မဖြစ်ဘူး မြန်မာ စစ်တပ်လောက်နဲ့ ကျနော်တို့ မလုံလောက်ဘူး။  ကျနော်တို့ငြိမ်းချမ်းရေးယူထား တဲ့ ALP အနေနဲ့လည်း ဒီနေရာမှာ ရခိုင် လူ့အဖွဲ့အစည်းက လိုအပ်နေတဲ့ ဘူးသီးတောင်၊ မောင်တော နယ်မြေကို ကာကွယ်ဖို့  တပ်အနေနဲ့တော့ ကျနော်တို့ကတော့ ALP ကို အားကိုးပါတယ်။ သို့သော် ALP မှာလည်း အကန့် အသတ်တွေရှိမှာပါ။  သို့သော် အဲဒီ အကန့်သတ်တွေကို ညှိနှိုင်း ဆွေးနွေးပြီးတော့ ဒီ လစ်ဟာနေတဲ့ ကွက်လပ်ကို ALP ၀င်လာ နိုင်မယ် ဆိုရင် ရခိုင်ပြည်လူထု တစ်ရပ်လုံးကလည်း ၀မ်းသာကြမယ်။ ကျနော်တို့ အနေနဲ့လည်း အထူး ကျေးဇူးတင်မှာပါ။

မေး- ဒေါ်စောမြရာဇာလင်းတို့  သဘောထားကိုကော ပြောပြသွားတာရှိပါသလား။

-       သူတို့ကတော့ ဒါကို စိတ်ဝင်စားပါတယ်။ သူတို့အဲဒါကို တသီး ပုဂ္ဂလအနေနဲ့ သဘောကျပုံရပါတယ်။ သို့သော် သူတို့မှာလည်း ပါတီ အဖွဲ့အစည်းဆိုတော့ ဒါတွေကို ပါတီမှာအားလုံး ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ ဆွေးနွေးရမယ်ထင်တယ်လို့ ပြောပါတယ်။

မေး- အခုလို ALP ရဲ့ ဒီကနေ့ အစိုးရနဲ့  ပြုလုပ်နေတဲ့  ငြိမ်းချမ်းရေး အပေါ်မှာကော ဘယ်လို မြင်ပါသလဲ။

-       ကျနော်တို့ကတော့ ဒီ ALP ဆိုဒါလည်း တကယ့် အဖိနိပ်ခံနေရတဲ့၊  ကျွန်ဖြစ်နေရတဲ့ ရခိုင် လူ့အဖွဲ့အစည်းကို ကယ်တင်မယ်ဆိုတဲ့ ရည်မှန်းချက်နှင့် ထူထောင်လာတဲ့ အဖွဲ့အစည်းပါ။ သူတို့လည်း သမိုင်း တာဝန်ကို တတ်နိူင်သမျှ ထမ်းရွက်ခဲ့တယ်၊ ထမ်းဆောင်နေဆဲ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့တော ALP သည် ရခိုင်အမျိုးသားတို့ရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ အတွက် သမိုင်းတစ်ကွေ့ မှာ ဘယ်သော အခါမှ ရခိုင့် လူ့အဖွဲ့အစည်းကို သစ္စာ ဖောက်လိမ့်မှာ မဟုတ် ဘူးလို့ ယုံကြည်ပါတယ်။ တခြား ရခိုင်ပြည်လူ့အဖွဲ့အစည်းကို တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေတဲ့ ကျနော်တို့ RNDP လို ဒီမိုကရေစီ အရေး တိုက်ပွဲ ၀င်နေတဲ့ ပါတီ တွေကိုလည်း နားလည် ပေးနိုင် လိမ့်မယ်လို့  ကျနော်တို့ ယူဆပါတယ်။  ဒေါ်စောမြရာဇာလင်း တို့ပြောတဲ့ စကား၊  ဦးခိုင်စိုးနိုင်အောင်တို့ ပြောတဲ့စကားဆိုရင် ALP ပါတီဟာ  ကျနော်တို့ RNDP ကို ကိုယ့်ညီ ပါတီ တစ်ခုလို တန်ဖိုးထားတာကို ကျနော်တို့ တွေ့ရပါတယ်။ ALP ပါတီလည်း အကောင်းဆုံး လုပ်သွားနိုင်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဆွေးနွေးတဲ့ အထဲမှာ  တကယ်လို့ ALP ပါတီအနေနဲ့  ရုံးတွေ ဖွင့်လာမယ်။ ကျနော်တို့ ရခိုင်အမျိုးသား လက်နက်ကိုင်တပ် အနေနဲ့ ဘူုးသီးတောင်၊ မောင်တော နယ်မှာ အခြေချလာမယ်။  နောက်ပြီး ဒေသ  ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လာမယ် ဆိုလို့ရှိရင် ကျနော်တို့ RNDP နှင့် ပူးတွဲပြီးတော့  ဥပမာ ဘင်္ဂလီအရေး၊ ရခိုင်သားဖွံ့ဖြိုးရေး၊ ရခိုင် လူငယ်တွေ ပညာရေး၊ လယ်ယာမြေပြဿနာ၊ တခြား ကပ်ဘေးတွေကို အားလုံးတွဲပြီးတော့ လုပ်နိုင်မှာပါ။ သူတို့ဖက်ကလည်း အဲဒါတွေကိုအများကြီး မျှော်လင့်နေပါတယ်။

မေး- ဆွေးနွေးပွဲကို ဘယ်သူတွေ တက်ရောက်ခဲ့ပါသလဲ ။

-       RNDP က ကျနော်ရယ်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ရှိပါတယ်။  ဘဏ္ဍာရေးမှုး CEC အဖွဲ့ဝင် ဦးမြင့်နိုင်ရှိပါတယ်။ ရန်ကုန်တိုင်းက ဦးကျော်သန်းနိုင် ရှိပါတယ်၊ ALP ဘက်ကတော့ ဒေါ်စောမြရာဇာလင်းနဲ့ ခင်ပွန်း ဦးဦးချစ်မောင်ရှိပါတယ်၊ နောက် တော်လှန်ရေးထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်လာတဲ့ ရခိုင်အမျိုးသမီး တစ်ယောက်နဲ့ တကယ့်ကို တက်တက်ကြွကြွ ရှိနေတဲ့ မိန်းကလေး တစ်ယောက်ကို ကျနော်တွေ့ရပါတယ်။ နောက် ဒေါ်စောမြရာဇာလင်း၏ ယုံကြည်စိ်တ်ချရတဲ့ ကိုယ်ရံတော် တစ်ယောက်ကိုလည်း ကျနော် တွေ့ရပါတယ်။

(ပြီး)

Most read this week