အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ချ်တွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ချ်တွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ
by -
နိရဥ္စရာ

ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေချ့်နိုင်ငံတွင် ယာဉ်တိိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 အိဒ်ပွဲတော် ဆင်နွဲရန် ဘင်္ဂလီအမျိုးသားများ အိမ်ပြန်နေကြစဉ်။
သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်းစဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင်  ၅ ရက်အတွင်း ယာဉ်မတော်တဆ တိုက်မူကြောင့်  သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မတော်တဆမူများမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံအတွင်း မြို့နယ် ၁၃ ခုတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဘတ်စကား တိမ်းမှောက်၍ သေဆုံးသူများရှိသလို ကားများ တစ်စီးနှင့် တစ်စီး ခေါင်းချင်းဆိုင် တိုက်ရာမှ သေဆုံးမူများလည်း ရှိကြောင်း၊ ဆိုင်ကယ်နှင့်ကားတိုက်ရာမှလည်း သေဆုံးခဲ့သူများ ရှိကြောင်း ဘင်္ဂလာဒေချ့် ထုတ် သတင်းစာများက ဆိုသည်။

သန်းနှင့် ချီသော ဘင်္ဂလာဒေချ့် ပြည်သူများမှာ ရမန်ဒန် ကာလ အပြီး အိဒ် ပွဲတော်အတွင်း ပါ၀င် ဆင်နွဲနေကြပြီး ဒက္ကားမြို့တော်တွင်လည်း နယ်မှ အလုပ်လာလုပ်သူများ မိမိနေရပ်သို့ ပြန်သွားကြသဖြင့် ကားအသွား အလာ ရှင်းကာ တိတ်ဆိတ်ငြိမ်သက်နေကြောင်း သိရသည်။

အစိုးရရုံးများကို ယမန်နေ့ကတည်းက ပြန်လည် ဖွင့်လှစ်ခဲ့သော အများစု ၀န်ထမ်းများမှာ အိဒ်ပွဲတော်တွင် ပါ၀င် ဆင်နွဲနေကြသဖြင့် ရုံးများမှာ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week