ရိုဟင်ဂျာ ဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွ ခေါင်းဆောင်ကို ဘင်္ဂလာရဲက ဖမ်းဆီး၊ ရမန်ယူ

ရိုဟင်ဂျာ ဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွ ခေါင်းဆောင်ကို ဘင်္ဂလာရဲက ဖမ်းဆီး၊ ရမန်ယူ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ရဲအဖွဲ့က သြဂတ်စ်လ ၁၆ ရက်နေ့ က ဖမ်းဆီးလိုက်တဲ့ JeM  စစ်သွေးကြွ အဖွဲွဲ့ခါင်းဆောင် လို့ ယူဆရသူ တစ်ဦးကို စစ်ဆေးဖို့ တရားရုံးက ရဲအဖွဲ့ကို ရမန် (၆) ရက် ပေးလိုက်တယ်လို့ သိရပါတယ်။

JeM-man-detained
သံသယရှိနေတဲ့ မော်လနာ မူဟာမတ် ယူနိုး (၄၈ နှစ်) ဟာ အိန္ဒိယ အခြေစိုက် ကတ်ရှ်မီးရှား စစ်သွေးကြွအဖွဲ့  Jaish –e- Mohammed (JeM) အဖွဲ့ရဲ့ ဘင်္ဂလာဒေချ့် ဆိုင်ရာ ခေါင်းဆောင် ဖြစ်တယ်လို့ ဘင်္ဂလာရဲက  စွပ်စွဲ ပြောဆိုပါတယ်။

သူ့ကို ဒက္ကားမြို့တော်က ဖေါ်ကီးရာပူှုရ် အရပ်မှာ  သြဂတ်စ်လ ၁၆ ရက် နေ့လည်း ၁၂ နာရီ ၁၅ မှာ ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သူဟာ ကော့စ်ဘဇားကနေ ဒက္ကားမြို့ကို  လာရောက်စဉ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

သူကို  မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ရိုဟင်ဂျာ ဆိုသူတွေနဲ့ ဒေသခံ ဘင်္ဂလီတွေကို သူတို့အဖွဲ့ထဲမှာ ၀င်ဖို့ စည်းရုံး စုဆောင်းနေသူ တစ်ဦး ဖြစ်တယ်လို့လည်း  ဘင်္ဂလာဒေချ့်ရဲက စွပ်စွဲ ပြောဆိုပါတယ်။

မူဟာမတ် ယူနိုးဟာ ဘင်္ဂလာဒေချ့် ဆိုင်ရာ(JeM) ရဲ့ အဓိက ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။

သူရဲ့ တာဝန်က ရိုဟင်ဂျာဆိုသူတွေ နဲ့ ဒေသခံတွေကို စည်းရုံး စုဆောင်းပြီး JeM ရဲ့ လှုပ်ရှားမူတွေကို ဘင်္ဂလာဒေချ့်မှာ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

မူဟာမတ် ယူနို့ဟာ ကော့စ်ဘဇားခရိုင် ရာမူး (ပန်းဝါ) က ဖြစ်ပြီး ကောစ်ဘဇားက ဘာသာရေး ကျောင်း တစ်ခုမှာ ဆရာ ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ အရင်ကတော့ ဘင်္ဂလာဒေချ့်က မတရားအသင်း ကျေညာထားတဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့Jamaat-ul-Mujahidee (JMB) ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ JMB အဖွဲ့ထဲက ဒါဇင်ဝက်နီးပါးခန့် ရှိတဲ့ ခေါင်းဆောင်တွေကိိုတော့ ဘင်္ဂလာဒေချ့်က အစိုးရက ၂၀၀၇ ခုနှစ်က သေဒဏ်ချမှတ်ကာ ကွပ်မျက် ပစ်ခဲ့ပါတယ်။

သူ့လက်ရှိ လုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုထားတဲ့ JeM အဖွဲ့ဟာ  ၂၀၀၁ ခုနှစ် ဒီဇင်္ဘာလက အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်တဲ့ နေရာမှာ တခြားအဖွဲ့တွေနဲ့ အတူ ပါ၀င်ခဲ့ပြီး ပါကိစ္စတန် ကရာရှိမြို့မှာ အမေရိကန် သတင်းထောက် Daniel pearl ပြန်ပေးဆွဲ သတ်ဖြတ်မူကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေချ့်မှာ ၁၉၉၁ ခုနှစ်စပြီး နိုင်ငံခြားက စစ်သွေးကြွ အဖွဲ့ ၁၄ ခု လူပ်ရှားလျှက်ရှိနေရာမှာ ဒီအဖွဲ့လည်း တစ်ဖွဲ့ အပါအဝင် ဖြစ်တယ်လို့ ပြောပါတယ်။

Most read this week