မွန်ပြည်နယ်ကိုယ်စားလှယ်လောင်း ၂၀၈ အနက် မှတ်ပုံတင်ကြေး ၁၁၅ ဦးပြန်လည်ထုတ်ယူခွင့်ရရှိ

မွန်ပြည်နယ်ကိုယ်စားလှယ်လောင်း ၂၀၈ အနက် မှတ်ပုံတင်ကြေး ၁၁၅ ဦးပြန်လည်ထုတ်ယူခွင့်ရရှိ
အိုက်စိုင်း — ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက် ကိုယ်စားလှယ်လောင်းများ သည် မှတ်ပုံတင်ကြေး ငွေကျပ်သုံးသိန်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များထံသို့ တင်သွင်းခဲ့ကြရာ ယခုအခါ မွန်ပြည်နယ်ရှိ ကိုယ်စားလှယ်လောင်း ၂၀၈ ဦးအနက် ၁၁၅ ဦး ပြန်လည်ထုတ် ယူခွင့်ရရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၉) အပိုဒ်(၃၈)၊(ခ)တွင် ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံ နှင့် အထက်ရရှိသော လွှတ်တော် ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေ ကို ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း ကြေညာပြီးနောက် ယင်းတို့အား သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်အား ပုံစံ(၆-ဃ)ဖြင့် ပြန်လည် ထုတ်ပေးရမည် ဟု ပြဌာန်းပါရှိသည်။

“မွန်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်များထဲက ၁၁၅ ဦးဟာဆိုရင် သူတို့ ရွေးကောက်ပွဲ ဝင်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ကို ပေးသွင်းခဲ့တဲ့ သွင်းငွေ သုံးသိန်းကို ပြန်လည်ထုတ်ယူခွင့်ရှိထားပါတယ်။ ရွေးကောက်ပွဲ ခုုိင်လုုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရရင် အဲ့ဒီ ကိုယ်စားလှယ်ပေးသွင်းခဲ့ ငွေ သုံးသိန်းကို ပြန်လည် ထုတ်ပေးရမှာ ဖြစ်ပါတယ်။အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပါတယ်”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တစ်သီးပုဂ္ဂလများ၊အပါအဝင် တခြားသော ပါတီများမှ ကိုယ်စားလှယ်လောင်း ၂၀၈ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
 
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် မှတ်ပုံတင်ကြေးအဖြစ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ငွေကျပ် သုံးသိန်းစီ ပေးသွင်းရကြောင်း ရွေးကောက်ပွဲ နညး်ဥပဒေများတွင် ပြဌာန်းထားသည်။

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...