မွန်ကိုယ်စားလှယ်လောင်း ၄ ဦးသာ အနိုင်ရရှိ

မွန်ကိုယ်စားလှယ်လောင်း ၄ ဦးသာ အနိုင်ရရှိ
အိုက်စိုင်း — ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မွန်ပါတီနှစ်ပါတီမှ ကိုယ်စားလှယ်လောင်း  ၄ ဦး အနိုင်ရရှိခဲ့ ကြောင်း သတင်းရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပသော ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မွန်အမျိူးသားပါတီ၊ မွန်ဒေသလုုံးဆုုိင်ရာ ဒီမုုိကရေစီပါတီနှင့် မွန်တုုိ့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
 
“ရေးမှာတော့ မွန်အမျိူးသားပါတီက နှစ်ဦးအနုုိင်ရထားတယ်။ ဒေါက်တာ မင်းစုုိးလင်းနဲ့ ဦးနုုိင်သီဟတုုိ့ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တုုိ့ နောက်ဆုုံးရထားတဲ့ စာရင်းပါပဲ အခုုပြည်ထောင်စုု ရွေးကောက်ပွဲ ကော်မရှင်ကုုိ ကျွန်တော်တုုိ့ ပေးပုုိ့နေပါတယ်။” ဟုု ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးမှ ပြောသည်။

မွန်အမျိုးသားပါတီမှ မုဒုံမြို ့ ပြည်နယ်လွှတ်တော်(၂)တွင် ဒေါက်တာမင်းကြည်ဝင်း၊ရေးမြို ့ အမျိုးသားလွှတ်တော် (၂) မှာ နိုင်သီဟ၊ ပြည်နယ်လွှတ်တော်(၁)၌ဒေါက်တာမင်းစိုးလင်းတို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ထို့အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးကလည်း ချောင်းဆုံမြို့နယ် ပြည်နယ်
လွှတ်တော်(၁)တွင် အနိုင်ရရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။

မွန်အမျိုးသားပါတီသည်  ပြည်သူ့လွှတ်တော် ၁၃ နေရာ၊အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်၂၇ နေရာ၊တိုင်းရင်းသားလူမျိုး ၁ နေရာ စုစုပေါင်း ၅၃နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၃ နေရာ အနိုင်ရရှိခဲ့သည်။
ထိုအတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်လည်း  ပြည်သူ့လွှတ် တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၁၆ နေရာ၊တိုင်းရင်းသား လူမျိုး ၁ နေရာ၊စုစုပေါင်း ၃၅ နေရာ ဝင်ရောက်
ယှဉ်ပြိုင် ခဲ့ရာမှာ ၁ နေရာသာ အနိုင်ရရှိခဲ့သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကသာ မဲဆန္ဒနယ်အများဆုံး အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...