မွန်ပြည်နယ်တောင်ပိုင်းတွင် မွန်တိုင်းရင်းသားပါတီများ အနိုင်ရနိုင်ဟုဆို

မွန်ပြည်နယ်တောင်ပိုင်းတွင် မွန်တိုင်းရင်းသားပါတီများ အနိုင်ရနိုင်ဟုဆို
ခိုင်နွယ်ဦး — မွန်ပြည်နယ် ရေးမဲဆန္ဒနယ်နှစ်ခုတွင် တောင်ပိုင်း၌ NLDမှ အနိုင်ရမည်ဟုခန့်မှန်းပြီး မြောက်ပိုင်းတွင် မွန်တိုင်းရင်းသားပါတီထဲမှ အနိုင်ရနိုင်မည်ဟု ခန့်မှန်းထားကြကြောင်း ကိုယ်စားလှယ်လောင်းများ ထံမှ သတင်းရရှိသည်။

“မဲအခြေနေက အတိကျတော့ မထွက်သေးဘူး ရွာတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် ရေးမြောက်ပိုင်းကတော့ စာရင်းတွေ ပေါင်းတုန်း ကျွန်တော်ထင်တာကတော့ အဲဒီဘက်မှာ တော့ သူတို့တိုင်းရင်းသားပါတီ ထဲကတစ်ခုခုက အနိုင်ရမယ်လို့ထင်တယ်”ဟု ရေးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းက ပြောသည်။

ရေးတွင် ရပ်/ကျေးအုပ်စု (၄၄)ခုရှိပြီး မဲဆန္ဒနယ်နှစ်ခု ခွဲခြားထားပြီး မဲဆန္ဒရှင် ပြည်သူတွေအနေဖြင့် မဲပေးခွင့်ရရှိရန် သက်သေခံလက်မှတ်များ ထုတ်ရာတွင် အခက်ခဲများရှိခဲ့ပြီး မဲလက်မှတ်ထုတ်ခွင့် ရရန် ကျန်ခဲ့သော ပြည်သူများမှ မဲပေးခွင့် ဆုံးရှုံးရခြင်းများကြောင့် မဲရလဒ်အနိုင်အရှုံးများ တိကျစွာ မထွက် ပေါ်လာခြင်း အကြောင်းချက်တစ်ခုဖြစ်သည်ဟု ဦးမျိုးဝင်းက သုံးသပ်ပြောဆိုသည်။

“မဲရုံမှုးတွေက အထိခိုက်မခံနိုင်ကျဘူး အကြောက်တရားကြီးတော့ မဲပေးခွင့်ရှိသူတွေတောင် မဲလတ်မှတ်ထုတ် မထုတ်ပေးနိုင်တော့ ပြန်သွားကျသူတွေ အများကြီးဖြစ်ခဲ့တယ်”ဟု NLDမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးမျိုးဝင်းက ပြောသည်

မဲရလဒ်စာရင်းများကို တိကျသည့်အဖြေထွက်ရန် ကိုယ်စားလှယ်လောင်းများက စောင့်ဆိုင်းလျှက်ရှိပြီး ဝေးလံသော ရပ်/ကျေးများမှ မဲရလဒ်များကို ယနေ့ညနေလောက်တွင် စာရင်းအတိကျ ထွက်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 ရေးတွင် ထွက်ပေါ်နေသော အနိုင်ရပါတီများ၏ ရလဒ်ကို မဲဆန္ဒနယ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးနိုင်က“မဲရလဒ်တွေက လူထုဟစ်ကြွေးနေတဲ့ အတိုင်းပဲပေါ့ နိုင်ငံရေးဆိုတာ အမျိုးမျိုးပဲလေ ရလဒ်ကိုတော့ ကျေနပ်ရမှာပါ လက်ရှိကတော့ တိကျတဲ့ မဲစာရင်း ရလဒ်ကို စောင့်ဆိုင်းနေတုန်းပါပဲ”ဟု BNI ရွေးကောက်ပွဲဆိုင်ရာ သတင်းခန်းသို့ ပြောသည်။

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...