ကျိုက်ထိုမဲပြား ကျိုက်ခမီမြို့တွင်ထည့်

ကျိုက်ထိုမဲပြား ကျိုက်ခမီမြို့တွင်ထည့်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီမြို့၌ ကျိုက်ထိုမြို့နယ်အတွက် ဆန္ဒမဲပြား ၃၇ ရွက်မှားယွင်းထည့်ခဲ့ကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အရေးပေါ်အစည်းအဝေးခေါ်ခဲ့ရာ အဆိုပါမှားယွင်းမှုအတွက် မဲဆန္ဒရှင်များကို ပြန်လည်ခေါ်ယူပြီး မဲစာရွက်အမှန်တွင် မဲပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိချောစုလတ်ကပြောသည်။

NLD အမျိုးသားလွှတ်တာ်ကိုယ်စားလှယ်လောင်း ဒေါ်မြတ်သီတာထွန်းက သဘောမတူကြောင်း၊ တရားစွဲမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အရေးအပေါ်အစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့ နေ့လည်အချိန်တွင် ကျင်းပခဲ့သည်။

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...