အမြှောက်တပ်မှ ရပ်ကျေးရုံးတွင် ကြိုတင်မဲလာရောက်ထည့်

အမြှောက်တပ်မှ ရပ်ကျေးရုံးတွင် ကြိုတင်မဲလာရောက်ထည့်
စိုင်းမွန် - လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်းကျေးရွာရှိ ရပ်ကျေးကော်မရှင်ရုံး၌ နိုဝင်ဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် ဝဲကလိ အမြှောက်တပ်မှ တပ်ဖွဲ့ဝင်နှင့် မိသားစုများ  ကြိုတင်မဲလာရောက် ထည့်ကြသည်ဟုသတင်းရရှိသည်။

ကြိုတင်မဲပုံးသည် ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲပုံများ ခွဲခြားထားခြင်းမရှိဘဲ မဲပုံးတစ်ပုံးထဲ၌  မဲ ၄ မဲ ထည့်ရခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် ဗမာ၊ ကရင်၊ ပအိုဝ့် တိုင်းရင်းသားဖြစ်ပါက တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦးအတွက် မဲပြားတစ်ပြားထည့်ရသည်။

လျှိုဝှက်ဆန္ဒပြုခန်းအတွင် မဲဆန္ဒရှင်တစ်ဦးတည်း ဆန္ဒပြုမဲထည့်ခွင့်ရှိပြီး မဲလက်မှတ်များကို စာအိတ်ဖြင့်မဲပုံးထဲကို စုထည့်ရခြင်းဖြစ်သည်။

ဝယ်သွန်ချောင်းကျေးရွာ၌ မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၆၈၇ ဦးရှိသည့်အနက် ဝဲကလိအမြှောက်တပ်မှ  ကြိုတင်မဲထည့်ရသည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များလည်း ၄၇၆ ယောက်ရှိသည်ကို တွေ့ရှိရသည်။  

သံဖြူဇရပ်မြို့နယ်၌ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိူးသားပါတီ၊ အမျိူးသမီးပါတီ(မွန်)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိူးသား တိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိူးရေးပါတီ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...