မွန်ပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာ

မွန်ပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာ
အိုက်စိုင်း — နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူသည် ၁၅ သိန်းကျော်ရှိ သည့်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲထက် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာခဲ့ကြောင်း သတင်းရရှိသည်။

“ဒါကတော့ ကျွန်တေ်ာတို့ မဲစာရင်းကို ဥပဒေပါ အတိုင်းဘဲ ကောက်ခံခဲ့တယ်။အဲ့ဒီလို ကောက်ခံတဲ့ အပေါ်မှာ အခုလို မဲပေးခွင့်ရှိတဲ့ သူစာရင်းတွေ ထပ်တိုးလာတာဖြစ်တယ်။ ဘယ်သူတွေတိုးလည်း ဆိုရင် ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်သူတွေဟာ ပုံစံ(၃-က)နဲ့ လျှောက်လာကြတဲ့အတွက် လူစာရင်းတွေ ထပ်တိုးလာတာဖြစ်ပါတယ်”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်ကပြောသည်။

မွန်ပြည်နယ်၌ စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်တွင် ကြေညာခဲ့သော မဲပေးခွင့်ရှိသူ စာရင်း၌ ၁၄ သိန်း ရ သောင်းကျော်ရှိခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်းကြေငြာခဲ့ပြီး နောက် မဲစာရင်းများ ထပ်မံကောက်ခံခဲ့ရာမှ ၁၅ သိန်း ၁ သောင်းကျော်ရှိလာခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

သို့သော် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်တွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁သောင်း ၆ ထောင် ကျော်ရှိပြီး ယခု ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ ၁၅ သိန်း ၁ သောင်း ကျော်ရှိလာသည့် အတွက် မဲပေးပိုင်းခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှသိရသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် မဲရုံ ၉၁၉ ရုံဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး တပ်မတော်သားများ ပေးရန် လွဲကူစေရန် အတွက်ကိုလည်း တပ်မတော်််တပ်ရင်းများ အတွင်း မဲရုံ ၄၀၀ ကျော်ကို ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်တွင် လူဦးရေ ၂၀၅၀၂၈၁ ဦးရှိကြောင်း ၂၀၁၅ ခုနှစ်၊ မတ်လကကောက်ခံခဲ့သော သန်းခေါင်စာရင်းအရ သိရသည်။ အဆိုပါ လူဦးရေ စာရင်းအရ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၁၅၁၀၀၀၀ ကျော်ရှိသည်။

ထိုအရေအတွက်အရ မဲပေးခွင့်မရှိသူ ၅ သိန်းကျော်ရှိရာ အဆိုပါ မဲပေးခွင့်မရှိသူများမှာ အသက် ၁၅ နှစ် မပြည့် သေးသူများဖြစ်ကြောင်း လည်း သိရသည်။

မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာခြင်းမှာ ပုံစံ(၃-က)ဖြင့် လျှောက် ထားလာသူများ လည်းပါဝင်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှပြောသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...