မဲလက်မှတ်ပေါ် ပါတီအရောင်များ လွဲမှားနေခြင်းကို ကန့်ကွက်စာတင် သွားရန်စီစဉ်နေ

မဲလက်မှတ်ပေါ် ပါတီအရောင်များ လွဲမှားနေခြင်းကို ကန့်ကွက်စာတင် သွားရန်စီစဉ်နေ
အိုက်စိုင်း — ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေလိုက်သော မဲလက်မှတ်များတွင် မွန်အမျိုးသား ပါတီ၏ တံဆိပ်ဖြစ်သော ကြယ်ဖြူ နှင့် ဟင်္သာပုံတို့သည် အရောင်ကွဲလွဲနေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်စာ တင်သွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မွန်အမျိုးသားပါတီသည် မော်လမြိုင်မြို ့ရှိ ပါတီရုံးခန်းတွင် နိုဝင်ဘာ ၁ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ကန့်ကွက် စာတင်သွားရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကန့်ကွက်စာတင်ဖို့ စဉ်းစားထားပါတယ်။ဒါပေမဲ့ အခု လောလောဆယ်တော့ ကန့်ကွက်စာ မတင်ရသေးဘူး။ဘာလို့လဲဆိုတော့ အန်ကယ်တို့ပါတီတစ်ခုတည်းဖြစ်တာမဟုတ်ဘူး တစ်ခြားပါတီ တွေလည်း ဖြစ်နေတာကိုတွေ့ရတော့။ တစ်ခြားပါတီတွေရဲ ့ သဘောထားကို တီးခေါက်ကြည့်အုံးမယ်။ ပြီးမှ ကန့်ကွက်စာ တင်သင့် မတင်သင့် ဆုံးဖြတ်ကြမယ်”ဟု မွန်အမျိုးသားပါတီမှ ဦးနိုင်လယ်တမ ကပြောသည်။

မွန်အမျိုးသားပါတီ၏ တံဆိပ်အမှန်သည် ကြယ်အဖြူရောင် ဖြစ်ပြီး ဟင်္သာမှာ အဝါရောင် ဖြစ်သော်လည်း ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေလိုက်သော မဲလက်မှတ်များပေါ်တွင် မွန်အမျိုးသား ပါတီတံဆိပ်မှာ ကြယ်အဝါရောင် ဖြစ်နေပြီး ဟင်္သာပုံမှာ အဖြူရောင်ဖြစ်နေကြောင်း မွန်အမျိုးသားပါတီ၏ ပြောဆိုချက် အရသိရသည်။

မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေလိုက်သော မဲလက်မှတ်များသည် အဝါရောင် ဖြစ်နေခြင်း ကြောင့်ပါတီတံဆိပ်များတွင်  အဖြူရောင်သုံးထားသော အမှတ်အသားများ မဲလက်မှတ်အောက်ခံ၌ အဝါရောင်ဖြစ်သွားခြင်းသာဖြစ်ခဲ့ပြီး ပါတီတစ်ခုတည်း၏အမှတ်တံဆိပ်သာ အရောင်ပြောင်းလဲ သွားခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ်၌ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့် နိုင်ငံရေးပါတီများတစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း များလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မွန်ပြည်နယ်၌ မဲပေးပိုင်းခွင့်ရှိသူ စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့ နောက်ဆုံး ကြေညာခဲ့သော မဲစာရင်းတွင် ၁၄ သိန်း ရ သောင်းကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ထံမှ သိရသည်။

ယခုအခါမှာတော့ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် ပုံစံ(၃-က)ဖြင့် လျှောက်ထား လာခဲ့ရာမှာ မွန်ပြည်နယ်ရှိရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊မုဒုံမြို့နယ် များတွင် ပုံစံ(၃-က)ဖြင့် မဲပေးခွင့်ရှိသူ ၈ သိန်းဝန်းကျင်ရှိကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများထံမှ သိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...