နိုဝင်ဘာ ၂ ရက်နေ့အထိ ရေးမြို့နယ်တွင် ကြိုတင်မဲပေးသူ ၉ ယောက်သာရှိ

နိုဝင်ဘာ ၂ ရက်နေ့အထိ ရေးမြို့နယ်တွင် ကြိုတင်မဲပေးသူ ၉ ယောက်သာရှိ
အိုက်စိုင်း - မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းရှိ မဲပေးခွင့်ရှိသူများအနေဖြင့် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် ကြိုတင်မဲပေးလိုပါက အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ ကြိုတင်မဲပေးခွင့်ပြုထားရာမှ နိုဝင်ဘာ ၂ ရက်နေ့အထိ ကြိုတင်မဲပေးသူ ၉ ယောက်သာရှိကြောင်း သတင်းရသည်။

ရေးမြို့နယ်တွင် ရက်ပေါင်း ၁၈၀ အထက် နေထိုင်သော ရွေ့ပြောင်းလုပ်သားများသည် ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ၂၅၀၀ ကျော်မဲပေးခွင့်ရရှိထားသလို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့ နောက်ဆုံး ကြေ ညာခဲ့သော မဲပေးခွင့်ရှိသူ စာရင်းမှာတော့ မဲပေးခွင့်ရှိသူ တစ်သိန်း ငါးသောင်းကျော်ရှိကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

“အခု လောလောစဉ်တော့ ကျွန်မတို့ဆီကို အောက်တိုဘာ ၂၉ ရက်ကနေ့ ယခု နိုဝင်ဘာ ၂ ရက်နေ့အထိ ကြိုတင်မဲ လာရောက်ပေး တဲ့သူ ၉ ယောက်ရှိတယ်။ဒါက ရပ်/ကျေးကော်မရှင်တွေကနေ တက်လာတဲ့ စာရင်း ပေါ့နော်။ကျန်တာတော့ မသိရသေးဘူး။ဒါက လောလောစဉ် စာရင်းဖြစ်ပါတယ်”ဟု ရေးမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ နောက်ဆုံး မဲစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာခဲ့ရာမှာ ရေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ (၁၅၆၁၂၆ ဦး)ရှိပြီး ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း ရွေ့ပြောင်း လုပ်သားများမှ ပုံစံ(၃-က)ဖြင့် လျှောက်ထားလာခဲ့ရာမှာ ၂၅၉၂ ဦး မဲပေးခွင့်ရရှိခဲ့ ကြောင်း ရေးမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ ပြောသည်။

ရေးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိပြီး ရပ်ကွက်ပေါင်း ၄၄ ရပ်ကွက်ရှိသည့်အတွက်  မဲရုံ ၁၁၀ ရုံ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံး မှ ပြောသည်။

မဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးရစေရေးအတွက် သက်သေခံ မဲပေးခွင့် လက်မှတ်များကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ရုံး များမှ ထုတ်ပေးနေသည့်တိုင် ရေးမြို့နယ်တွင် သက်သေခံ လက်မှတ်လာရောက် ထုတ်ယူသူ မရှိသေး ကြောင်း သိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...